ကရုဏာတရားတွေကို မြင်တွေ့ရမဲ့ The Boxtrolls

တခါတလေကျ လူသားတွေအတွက်က ကရုဏာဆိုတဲ့ စကားလုံးက အဘိဓာန်ထဲမှာပဲ ရှိသလိုပါပဲ။ လူသားတွေဆီမှာ ကရုဏာထားတဲ့ စိတ်ဆိုတာ မရှိတော့သလိုပါပဲ။ ဒါကြောင့်မို့လို လူသားတွေကို သတိပေးတဲ့အနေနဲ့ တချို့တွေက အနုပညာနဲ့ သတိပေးလာကြပါတယ်။

 

ဒီလိုသတိပေးမှုတွေထဲမှ ကလေး လူကြီး မရွေးကြည့်လို့ရမယ့် ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားလေးရဲ့နာမည်ကတော့ The Boxtrolls ပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Eggs ဆိုတဲ့ လူသားကောင်လေးက မိဘမဲ့ကလေးတစ်ယောက်ပါ။ ဒါကြောင့်မို့လို့ပဲ သူ့ကို boxtrolls တွေကပဲ စောင့်ရှောက်ပြီး အတူကြီးပြင်းလာတာပါ။ Boxtrolls ဆိုတာကတော့ ပုံးတွေ သေတ္တာတွေကို အကျီ င်္လိုဝတ်တဲ့ မှင်စာလိုလို အကောင်တွေပါ။ ဒါကြောင့်မို့လို့ Eggs ကလည်း သူကိုယ်တိုင် ပုံးထဲမှာပဲနေပါတယ်။

 

Eggs တို့နေတဲ့မြို့ (Cheesebridge) မှာက ညနေ မှောင်ပြီဆိုတာနဲ တစ်မြို့လုံး မီးပိတ်ကြပါပြီ။ ဘာလို့လဲဆိုတော့ Archibald လိုခေါ်တဲ့ boxtrolls မုဆိုးကြီးကြောင့်ပါ။ သူက boxtrolls တွေပဲ မဟုတ်ဘဲနဲ့ လူတွေကိုပါ ဒုက္ခပေးတတ်ပါတယ်။ ဒီလိုနဲ့ Eggs တစ်ယောက် Archibald ရဲ့ ထောက်ချောက်ထဲကို မိသွားပါတော့တယ်။

 

အဲ့တော့ Eggs တစ်ယောက် ဘယ်လိုလွတ်အောင်ကြိုးစားမလဲ။ သူငယ်ချင်းမလေး Winnie ကရော ဘယ်လိုကူညီမှာလဲ။ နောက်ဆုံး Cheesebridge မြို့ကြီးကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကို Fantasy, Adventure ပုံစံလေး ရိုက်ကူးထားတာပါ။ ကရုဏာနဲ့ ဘာဆိုင်လို့လဲတော့ မမေးပါနဲ့။ ဇာတ်ကားဆုံးသွားရင် သိရပါလိမ့်မယ်။ IMDb rating 6.8/10 ရရှိထားပြီးတော့ 2014 ကထွက်ခဲ့တာပါ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *