The Favourite ဇာတ်ကားနဲ့ ပထမဆုံး အော်စကာဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ Joe Alwyn

Joe Alwyn က ဘယ်သူလဲလို့ မေးလာရင်တော့ Taylor Swift ရဲ့ ချစ်သူဆိုပြီးပဲ လူသိများကြပါတယ်။ တကယ်တမ်းတော့ သူက တက်သစ်စ အင်္ဂလိပ်လူမျိုး မင်းသားတစ်လက်ပါ။ Billy Lynn’s Long Halftime Walk ဇာတ်ကားမှာ မင်းသမီး Kristen Stewart နဲ့တွဲပြီး ပထမဆုံး သရုပ်ဆောင်ခဲ့တာပါ။ The Fovourite နဲ့ Boy Erased စတဲ့ ဇာတ်ကားတွေမှာတော့  တဖြည်းဖြည်းနဲ့ နာမည်ရလာခဲ့ပါတယ်။

 

 

View this post on Instagram

 

🌲 🌲

A post shared by Joe Alwyn (@joe.alwyn) on

 

 

အခုဆိုရင် Alwyn က ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲကို The Favorite ဇာတ်ကားနဲ့ ပထမဦးဆုံး တက်ခွင့်ရခဲ့ပါတယ်။ The Favorite ဇာတ်ကားဟာဆိုရင် အော်စကာဆုအတွက် စကာတင်စာရင်းကို ၁၀ ခု နဲ့အထက်မှာ ဝင်ခဲ့တာဖြစ်ပြီး ဆုကတော့ တစ်ဆုပဲ ရရှိခဲ့ပါတယ်။ မင်းသမီး Olivia Colman က Best Actress ဆုနဲ့ ရယူပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ကို The Favourite ဇာတ်ကားက British Academy of Films and Television Arts (BAFTA) ဆုပေးပွဲမှာ ဆုပေါင်း ၇ ဆုတောင် သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

 

 

 

View this post on Instagram

 

🎟

A post shared by Joe Alwyn (@joe.alwyn) on

 

 

Alwyn ကို ကြည့်ရတာ တော်တော့်ကို ပျော်ပြီး ဂုဏ်ယူနေခဲ့တဲ့ ပုံပါပဲ။ ချစ်သူ Taylor Swift ကလည်း သူနဲ့အတူ ပွဲတက်ပေးခဲ့ပါတယ်။ Alwyn တစ်ယောက်ကတော့ တက်သစ်စသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဆုပေါင်း ၅ ဆုကို ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ ၅ဆု စလုံးကိုလည်း The Favourite ဇာတ်ကားနဲ့ပဲ ရရှိခဲ့တာဖြစ်ပါတယ်။

 

 

 

View this post on Instagram

 

💗

A post shared by Taylor Swift (@taylorswift) on

Leave a Reply

Your email address will not be published. Required fields are marked *