‘The Handmaid’s Tale’ Season 2 ရဲ့ Trailer ထွက်ပြီ

Hulu က သူ့ရဲ့ ရွှေကမ္ဘာလုံးဆုရ TV series ဖြစ်တဲ့ The Handmaid’s Tale ရဲ့ season 2 မကြာမီလာတော့မှာဖြစ်ကြောင်း trailer ထုတ်ပေးပြီး အသိပေးလိုက်ပါတယ်။ Season 2 ကို လာမယ့် ဧပြီလ ၂၅ ရက်နေ့ကစပြီးထုတ်လွင့်သွားမှာဖြစ်ပါတယ်။ Season 1 တုန်းကအတိုင်း အပိုင်း ၂ ပိုင်းကို ၂၅ ရက်နေ့မှာထုတ်လွင့်ပြီး ကျန်တဲ့အပိုင်းတွေကို အပတ်စဉ်တစ်ပိုင်းစီဆက်လက်ထုတ်လွင့်သွားမှာကာ စုစုပေါင်း အပိုင်း ၁၃ ပိုင်းပါဝင်မှာဖြစ်ပါတယ်။

Hulu ရဲ့အဆိုအရဆိုရင် Season 2 မှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Offred ကိုယ်ဝန်ရှိသွားတာ၊ စိတ်ညစ်ညူးဖွယ်ကောင်းတဲ့ Gilead ရဲ့ ဥပဒေကိုတော်လှန်တာတွေ၊ သူမရဲ့ရင်သွေးရဲ့အနာဂတ်အတွက်တိုက်ပွဲဝင်တာ စတဲ့အကြောင်းအရာတွေကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ Season 2 ရဲ့ Trailer မှာဆိုရင် Offred ဖမ်းဆီးခံထားရတာ၊ ကနေဒါကိုရောက်နေတဲ့ Moira ၊ အနုမြူဓာတ်သင့်နေတဲ့ ကိုလိုနီနယ်မြေ စတာတွေကိုမြင်တွေ့ရမှာပါ။ Buffalo Springfield ရဲ့ ‘For What It’s Worth’ သီချင်းကို ခြောက်ခြားဖွယ်အသွင်ပြောင်းပြီးအသုံးပြုထားတာဟာလည်း Republic of Gilead ရဲ့ လက်အောက်မှာနေထိုင်ရတဲ့ဘဝကို ပေါ်လွင်နေစေပါတယ်။

The Handmaid’s Tale ဇာတ်လမ်းတွဲဟာ Margaret Atwood ရဲ့ ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး အမျိုးသမီးတွေရဲ့လူမှုအခွင့်အရေးတွေအားလုံးဆုံးရှုံးသွားရတဲ့ Republic of Gilead လက်အောက်မှာနေထိုင်ရတဲ့ အမျိုးသမီးတွေအကြောင်းကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *