အမျိုးသမီးအက်ရှင်ကားတွေ ကြိုက်ရင်ကြည့်ရမယ့် The Spy Who Dumped Me

ဒီဇာတ်ကားလေးကတော့ အမျိုးသားအက်ရှင်ဇာတ်ကြမ်းကားတွေကို ကြည့်ရတာရိုးနေပြီဆိုသူတွေအတွက် အမျိုးသမီးအက်ရှင်စွန့်စားခန်းတွေကို အမြင်တမျိုးပြောင်းပြီး မြင်တွေ့ရမယ့် သဲထိပ်ရင်ဖိုရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ သြဂုတ်လ ၃ရက်နေ့မှာ နိုင်ငံတကာ release date ပေးထားပြီး ဒီမှာတော့ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ကြည့်ရှု့ခံစားနိုင်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Audrey နဲ့ သူရဲ့ သူငယ်ချင်းမနှစ်ယောက်ဟာ ex-boyfriend ကို CIA agent တစ်ယောက်လို့ သိသိချင်းမှာဘဲ နိုင်ငံတကာလုပ်ကြံသတ်ဖြတ်မှုမှာ သူတို့ကိုယ်တိုင် ပါလို့ပါမှန်းမသိ ပါဝင်ပတ်သက်မိသွားကြပါတယ်။ အဲ့ဒီနောက် Audrey နဲ့ Morgan သူငယ်ချင်းနှစ်ယောက်ရဲ့ ပြန်လည်ခုခံစွန့်စားတဲ့ သဲထိပ်ရင်ဖိုဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ Trailer ကိုကြည့်ရုံနဲ့တင် စွန့်စားခန်းအမြည်းတွေကို လေ့လာနိုင်တာမို့ trailer ကို အရင်ကြည့်ပြီး ခံစားပေးဖို့ တိုက်တွန်းလိုက်ပါတယ် ပရိသတ်ကြီးရေ…

Leave a Reply

Your email address will not be published. Required fields are marked *