ဆယ်ကျော်သက်တွေ ရဲ့ ဘဝကို အသေအချာ ထင်ဟပ်ပြသမယ့်ရုပ်ရှင် The Edge Of Seventeen

ဒီရုပ်ရှင်ဟာ ကျွန်တော် တို့ ပုံမှန်ကြည့်နေကြ Teen movie တွေကနေ သိသိသာသာ ကွဲထွက်နေတဲ့ ရုပ်ရှင်ပါပဲ ။ အကြီးအကျယ် ညွှန်းရမယ်ဆို The edge of seventeen ဟာ အထက်တန်းကျောင်းမှာ ခပ်ကုပ်ကုပ် နေခဲ့ရတဲ့ ကျောင်းသားတွေ ၊ Friendship breakups တွေကရတဲ့ depression တွေ ၊ ဆယ်ကျော်သက် သမီးရည်းစား ကိစ္စတွေ အကုန်လုံးကို ကိုယ်စားပြု ရိုက်ကူးထားပါတယ် ။

Poster ထဲက ဇာတ်ကောင် ကောင်မလေး Nadine ဟာ ငယ်ငယ် ကလေးဘဝ ကတည်း လောက ကြီးကို အလိုမကျ သူဖြစ်ပါတယ် ။ Nadine မှာ မောင် တစ်ယောက်ရှိပြီး Bipolar ဖြစ်နေဟန်တူတဲ့ အမေတစ်ယောက်ရှိပါတယ် ။ သူ့အဖေကတော့ သူနဲ့ ကားလျှောက်မောင်းနေရင်းနဲ့ပဲ ရောဂါကြောင့်

ဆုံးသွားခဲ့တယ် ။  မိသားစု ကိစ္စ တွေနဲ့ ရှုပ်ရှက်ခက်နေတဲ့ အပြင် သူဟာ မူလတန်းမှာ ခင်ခဲ့တဲ့ Krista ဆိုတဲ့ ကောင်မလေး အပြင် တခြားသူငယ်ချင်း မရှိပါဘူး  ။

Nadine ဟာ Krista နဲ့ အတူရှိနေချိန် တွေ သာမန် ဆယ်ကျော်သက်တစ်ယောက်လို ပျော်နေခဲ့ပေမယ့် ကျန်တဲ့ အချိန်တွေမှာတော့ သူ့မှာ မသိမသာ ဆိုသလို depression တွေ anxiety တွေရှိနေခဲ့ပါတယ် ။

ဒီလိုနဲ့ Nadine နဲ့ Krista ဟာ အတူတကွ ကြီးပြင်းလာကြပြီး အထက်တန်းကျောင်း ရောက်တဲ့ အချိန်မှာ Krista ဟာ မတော်တဆ ဆိုသလို Nadine ရဲ့ မောင်နဲ့ ချစ်သူ ဖြစ်သွားပါတော့တယ် ။

Nadine က ဟိုးငယ်စဉ်ဘဝ ထဲက သူ့ မောင်ဖြစ်တဲ့ Darian ကို အင်မတန် အမြင်ကတ်ပါတယ် ။ မိသားစု ထဲမှာ Darian ဟာ အမြဲဆိုသလို ပျော်ရွှင်နေပြီး အရမ်း positive ဖြစ်တာကို Nadine က မနာလိုအားကျ ဖြစ်နေခဲ့တာပါ ။ အဲ့ အချိန်မှာ သူအချစ်ရဆုံး တစ်ဦးထဲသော သူငယ်ချင်းဖြစ်တဲ့ Krista ကိုပါ လုယူသွားသလို ခံစားလိုက်ရတော့ Nadine ဟာ အကြီးအကျယ် ပြသနာ ရှာပါတော့တယ် ။ ဒါပေမယ့် သူကိုယ်တိုင်ပဲ သူငယ်ချင်းဖြစ်သူ Krista ကို သူ့မောင် Darian နဲ့ သူ နဲ့  ဘယ်သူ့ကိုရွေးမလဲ ဆိုတာမျိုး သွားမေးတဲ့ အချိန်မှာ Krista ဟာ သူ့ကို မရွေးချယ်ခဲ့ပါဘူး ။ အဲ့အပြင် သူကြိုက်နေတဲ့ ကျောင်းကကောင်လေးကလည်း သူ့ကို အဖက်မလုပ်ပါဘူး ။ ဒီလိုနဲ့ပဲ ဆယ်ကျော်သက် ဘဝမှာ ကျွန်တော်တို့ အများစု ကြုံတွေ့ရတဲ့ ပြဿနာ အသေးအမွှားလေးတွေကို အခြေပြုလာတဲ့  depression တွေ စဝင်တော့တာပါပဲ ။

ဒီကားဟာ ၂၀၁၆ ခုနှစ် November လမှာ ထွက်ရှိခဲ့တာဖြစ်ပြီး Kelly Fremon Craig ရိုက်ကူးထားတာဖြစ်ပါတယ် ။ ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကား အတော်များများမှာ သတိထားမိပြောရရင် trend အရ ယနေ့ခေတ် ဆယ်ကျော်သက် အများစုဟာ depressive teenagers တွေအသွင်ဆောင်နေကြတဲ့ အခါ The Edge of Seventeen လို ရုပ်ရှင်ကားမျိုး တွေက “ ရွှေ ” ပါပဲ ။ အဲ့အတွက် ကျွန်တော် အနေနဲ့ ဒီကား ကို mini review တင်မဟုတ်ပါဘူး personal အရပါ အချိန်ပေးကြည့်ရှူ့ ဖို့ recommed ပေးလိုက်ရင်း နှုတ်ဆက်လိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *