စာအုပ်ဖတ်ပြီး မှ ကြည့်သင့်တဲ့ ရုပ်ရှင် “The Godfather”

The godfather နဲ့ပတ်သတ်ပြီး ကိုယ်မကြာခဏ ပြောဖြစ်တဲ့ စကားကတော့ ” ကမ္ဘာပေါ်မှာ The godfather ရုပ်ရှင်ကို မကြိုက်တဲ့လူ မရှိဘူး ၊ ရှိခဲ့ရင်လည်း အဲ့လူက စာအုပ် မဖတ်ရသေးဘဲ ရုပ်ရှင် ကြည့်မိတဲ့ လူဖြစ်လိမ့်မယ်” ဆိုတာပါပဲ။

အဓိကတော့ the godfather ရဲ့ ဇာတ်အိမ် နဲ့ အကြောင်းအရာ အရှုပ်အရှင်း တွေဟာ ရုပ်ရှင်ထဲမှာ အတော်နားလည်ရခက်ပါတယ်။ Italian  နာမည် တွေ ၊ မြေအောက်ဂိုဏ်း တွေရဲ့ ယဉ်ကျေးမှု တွေ နဲ့ သူတို့ culture တွေကို ကျွန်တော် တို့ အနေနဲ့ တီဗီ ဖန်သားပြင်က တစ်ဆင့် အဆုံးစွန် နားလည် နိုင်မှာ မဟုတ်ပါဘူး။  ဒါပေမယ့် စာအုပ်ထဲမှာတော့ ဒီအချက်တွေဟာ စာဖတ်သူနားလည်အောင် အသေးစိတ် ဖော်ပြသွားတာကို ခံစားရမှာပါ။ The Godfather ရဲ့ စာရေးဆရာ က တော့ နာမည်ကျော် ဝတ္ထုရေးဆရာ Mario Puzo ဖြစ်ပြီး တကယ်လို့ မြန်မာ ဘာသာပြန် နဲ့ ဖတ်ရှု့မယ် ဆိုရင်တော့ တက္ကသိုလ်နေဝင်း ဘာသာပြန်ထားတဲ့ The godfather ကို ၁၀၀% recommend ပေးပါတယ်။

ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်လောက်က The godfather ကို စကြည့်ဖူးတော့ အိပ်ပါပျော်သွားခဲ့ဘူးပါတယ်။ cinematography အင်မတန်ကောင်းပေမယ့် ဇာတ်လမ်း အေးလွန်းပြီး သရုပ်ဆောင်တွေရဲ့ အမူအယာ တွေက မျက်နှာသေ ဖြစ်နေတယ် လို့ခံစားရတာကြောင့်ပါ။ ဒါပေမယ့် အဲ့နောက်ပိုင်း Mario Puzo ရဲ့ မူရင်းဝတ္ထုကိုဖတ်ပြီးမှ ရုပ်ရှင်ပြန်ကြည့်ဖြစ်တဲ့ အခါမှာတော့ The godfather ဝတ္ထုရော၊ ရုပ်ရှင် ရောက ကျွန်တော် အကြိုက်ဆုံးတွေ ဖြစ်လာခဲ့ပါတယ်။

The godfather ရဲ့ အဓိက ထူးခြားချက်တော့ စာအုပ်ရဲ့ ပေးနိုင်စွမ်း ရသနဲ့ ရုပ်ရှင် ရဲ့အနှစ်သာရဟာ မစိုသလောက်တောင် မယုတ်လျော့သွားတာပါပဲ။ ပြောရရင်တော့ သရုပ်ဆောင်တွေ အင်မတန် ကောင်းတယ်ပေါ့ဗျာ။  ဇာတ်လမ်းရဲ့ အဓိက ခေါင်းကိုင်ဖခင်ဖြစ်တဲ့ Don Corleone နေရာ သရုပ်ဆောင်သူ Marlon Brando ဆိုရင် သရုပ်ဆောင်ကောင်းတယ် ဆိုတာထက် ဇာတ်လမ်း character နဲ့ သူနဲ့ ကတစ်သားထဲ ထပ်တူကျနေတာမျိုးပါ။  အဲ့အတွက်လည်း သူက The godfather ရုပ်ရှင်နဲ့ ပတ်သတ်ပြီး Oscar ရရှိခဲ့ပါပါတယ်။

The godfather ရုပ်ရှင်ဟာ ဆိုရင် 1972 ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာ Francis Ford Coppila ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ဆောင်တွေ အနေနဲ့လည်း အထက်မှာ ဖော်ပြခဲ့တဲ့ Marlon Brando ပါဝင်တာဖြစ်တဲ့ အပြင် သူ့သား Micheal Corleone နေရာမှာသရုပ်ဆောင်တာ ကတော့ နာမည်ကျော် မင်းသား Al Pacino ဖြစ်ပါတယ်။ ဇာတ်အိမ် က America မှာရှိတဲ့ Italian ဂိုဏ်းတွေအကြောင်း အခြေခံထားတာဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်း ဆိုတာထက် အဲ့ခေတ် ၊ စနစ် ရဲ့ သရုပ်မှန် ကို ထင်ထင်ရှားရှား ပုံဖော်ရိုက်ကူးထားလို့ မသေခင် ကြည့်သွားရမယ့် ဇာတ်ကားထဲမှာ ပါဝင်ပါတယ်။

Reviews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *