2017 မှာ Golden Globes ဆုကို မျှော်လင့်ထားတဲ့ The Greatest Showman

2017 အတွက် Musical drama ဇာတ်ကားအဖြစ် ဝင်ရောက်လာတော့မယ့် ရုပ်ရှင်ကတော့ The Greatest Showman ဘဲဖြစ်ပါတယ်။ 75th Golden Globes Award ရဲ့ ဆန်ကာတင်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး Best Motion Picture – Musical or Comedy, Best Actor – Comedy or Musical (Jackman) and Best Original Song(“This is Me”) ဆိုတဲ့ ဆု ၃ဆုကို ရွေးချယ်ခံဖို့ စာရင်းထဲမှာလည်း ပါဝင်နေပါတယ်။ ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ oscar ဆုရရှိထားသော La La Land ကိုရိုက်ကူးတဲ့ Damien Chazelle ရိုက်ကူးထားတာဖြစ်ပါတယ်။

Ringling Bros. and Barnum & Bailey Circus ရဲ့ ပိုင်ရှင် P. T. Barnum ရဲ့ အကြောင်းကို ဇာတ်ကားတစ်ကားအဖြစ် Musical drama အနေနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းတွေကိုတော့ Pasek and Paul ကရေးသားပေးထားတာဖြစ်ပြီး La La Land ဇာတ်ဝင်တေးလို အောင်မြင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။ ဒီရုပ်ရှင်ကိုလည်း 2017 ထဲမှာဘဲ ရုံတင်ပြသပေးမှာဖြစ်လို့ အားလုံးကတော့ La La Land လိုဘဲ မျက်ရည်ကျရအောင်ကောင်းအုံးမယ်ဆိုတာကို ယုံကြည်ရင်း စောင့်မျှော်နေကြပါတယ်…..

Image Source : https://www.facebook.com/pg/GreatestShowman

Leave a Reply

Your email address will not be published. Required fields are marked *