ပါကျဲတို့ စွန်းဝူခုန်းတို့ရဲ့ စွန့်စားခန်းတွေကို တွေ့ရအုံးမယ့် The Monkey King 3

ဒီတခါတော့ လူငယ်တွေရော လူကြီးတွေရော ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ရတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ စွန်းဝူခုန်းကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်နော်။ Journey to the West ဆိုတဲ့ ငယ်ငယ်က TV series တွေမှာ လွင့်တဲ့ စွန်းဝူခုန်း ဇာတ်လမ်းကို အခြေခံပြီး ၂၀၁၄ မှာ The Monkey King နဲ့ ၂၀၁၆ မှာ The Monkey King 2 ကို ရုပ်ရှင်အဖြစ်ပြောင်းလဲရိုက်ကူးကာ တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်အပိုင်းဆက်တွေကို စောင့်မျှော်နေတဲ့ သူတွေအတွက် အခု ၂၀၁၈ မှာတော့ The Monkey King 3 ကိုပြသတော့မယ့်ရက် ရောက်ရှိလို့ လာပါတော့မယ်။ စိတ်ကူးရင် Adventure ဇာတ်ကားတစ်ကားဖြစ်ပြီး Release date ကတော့ ဖေဖော်ဝါရီ ၁၆ ရက်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆရာတော်နဲ့အတူ ဝူခုန်းတို့ ၃ယောက်ဟာ Xi Liang မှာရှိတဲ့ မိန်းမတိုင်းပြည်ကို ရောက်ရှိသွားကြပါတယ်။ အဲ့ဒီနောက်  စွန်းဝူခုန်ရဲ့ အကြံပြုချက်ကြောင့် ဆရာတော်က မိန်းမတိုင်းပြည်ရဲ့ Ruler နဲ့ ဟန်ဆောင်လက်ထပ်ရမှာပါ။ တိုင်ပြည်တစ်ပြည်ရောက်တိုင်း မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကြောင့် အခက်ခဲတွေ ကြုံတွေ့ခဲ့ပေမယ့် ကျော်ဖြတ်နိုင်တဲ့ သူတို့ ၄ယောက်ဟာ အခုရော မိန်းမတိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်ခဲတွေကို  ဘယ်လိုစွန့်စားခန်းတွေနဲ့ ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ အကြိုခံစားကြည့်ချင်ရင်အောက်မှာ trailer ထည့်ပေးထားပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *