ဆင်ဆာကျပြီဖြစ်လို့ ရုံတင်ဖို့နီးကပ်လာတဲ့ “ဒုဌဝတီကိုလွန်၍”

Golden Hour Madalay Entertainment ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒါရိုက်တာ အာကာရိုက်ကူးသော “ဒုဌဝတီကိုလွန်၍” (The Mystery of Burma – Beyond the Dotehtawady) ရုပ်ရှင်ဇာတ်ကားကြီးကို ဆင်ဆာရရှိပြီဖြစ်လို့ ရုံတင်ပြသတော့မယ့်အချိန်နီးကပ်လာကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဇာတ်လမ်းရဲ့ ပုံစံကတော့ မြင်နေကြဟာသကားတွေ၊ အခြောက်ကားတွေလို မဟုတ်ဘဲ အက်ရှင်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး အဆင့်မြင့်မြင့်ရိုက်ချက်တွေနဲ့ ဒါ မြန်မာ့ကားဟုတ်ရဲ့လားလို့တောင် ထင်မှတ်ရလောက်တဲ့ထိ ဖမ်းစားထားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မြင်ဖူးနေကြ မြန်မာရုပ်ရှင်တွေနဲ့ မတူဖူးဆိုတာကိုတော့ trailer ကြည့်ရုံနဲ့ကို သိရှိနိုင်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ အဓိကသရုပ်ဆောင်တွေကတော့ နိုင်းနိုင်း၊ Ah Moon နဲ့ ဇော်ဇော်အောင် တို့ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ Official Tralier လည်း ထွက်ရှိလာပြီဖြစ်လို့ ရုပ်ရှင်အကြိုခံစားရင်ခုန်ရင်း အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ရုံတင်မယ့်နေ့ကို အသေးစိတ်သိလိုတယ်ဆိုရင်တော့ “The Mystery of Burma” facebook page ကို မကြာခဏဝင်ရောက်ကြည့်ရှု့ပါလို့ အသိပေးပြောကြားလိုက်ပါတယ်။
Leave a Reply