အက်ရှင်ကားကြိုက်သူတွေအတွက် မြန်မာရုပ်ရှင် “တည်ကြက်”

ဒီတစ်ခေါက် စာဖတ်သူတွေနဲ့မိတ်ဆက်ပေးချင်တာက စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာကားတစ်ခုနဲ့ပဲဖြစ်ပါတယ်။ အဲဒါကတော့ ဒီလ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ ရုံတင်မယ့် တည်ကြက် ဆိုတဲ့ရုပ်ရှင်ပါ။ တည်ကြက် ရုပ်ရှင်ဟာ သာမာန်ချစ်ကြိုက်ကွဲညားမြန်မာဇာတ်လမ်းတွေကို ငြီးငွေ့နေတဲ့ မြန်မာပရိသတ်တွေအတွက် အဆင်ပြေစေမယ့် အက်ရှင် သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းဟာ သာမာန်မြင်နေကြရှူခင်းတွေကနေခွဲထွက်ပြီး တောနက်ထဲမှာသွားရောက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ တောနက်ထဲကိုအတူတကွခရီးထွက်လာကြတဲ့ မိန်းမချောလေး ငါးဦး၊ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတယ်ဆိုတဲ့ အမျိုးသားတစ်ဦး၊ တောကျွမ်းတဲ့ စိတ်ကြမ်း၊ ကိုယ်ကြမ်းမုဆိုးတစ်ဦးတို့ပါဝင်ပါတယ်။ သူတို့တွေဟာ တောနက်ထဲမှာ ခရီးကြမ်းနှင်ရင်း အုပ်စုထဲကလူတွေ ရက်စက်စွာနေ့စဉ်အသတ်ဖြတ်ခံနေရတဲ့အခါ တရားခံဘယ်သူလဲ ဖော်ထုတ်ဖို့လိုအပ်လာပါတော့တယ်။

 

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ဖန်တီးပုံဖော်ထားတဲ့ ” တည်ကြက် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ သရုပ်ဆောင်နေမျိုးအောင်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ သရုပ်ဆောင် ရွှေသမီး၊ သရုပ်ဆောင် ယဉ်လက်၊ သရုပ်ဆောင် နန်းခင်ဇေယျာ၊ သရုပ်ဆောင် မေမြတ်နိုးတို့နဲ့အတူ အနုပညာရှင်များစွာပါဝင်ထားပါတယ်။
ဒီဇာတ်လမ်းကို ရိုက်ကူးချိန်မှာ သရုပ်ဆောင်နေတိုးတစ်ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်း တည်ကြက်ရုပ်ရှင် Facebook Page မှာ တင်ထားပါသေးတယ်။ နိုင်ငံတကာမှာတော့ သရုပ်ဆောင် မင်းသား မင်းသမီးတွေ သရုပ်ဆောင်ရင်း ထိခိုက်ဒဏ်ရာရတာ ထူးဆန်းတာတော့မဟုတ်ပါဘူး။ အက်ရှင်ဇာတ်ကြမ်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် အခက်အခဲများစွာကြားကနေပုံဖော်ထားတယ်ဆိုတဲ့ ဒီရုပ်ရှင်ကို အားပေးလိုသူတွေ မသိလိုက်ဘူး မရှိရအောင်လက်တို့လိုက်ပါပြီနော်။

 

Official Trailer –

Leave a Reply

Your email address will not be published. Required fields are marked *