၂၀၁၈ မှာ ပြသမည့် Tomb Raider ဇာတ်ကားကို စတင်မိတ်ဆက်ပေး

Hollywood action-adventure ဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် Tomb Raider အသစ်ကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ Release date ကတော့ March ၁၆ရက်နေ့ပါ။ Crystal Dynamics ရဲ့ Tomb Raider video game ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပြီး Director Roar Uthaug ကရိုက်ကူးထားတာဖြစ်ပါတယ်။ အခု ဇာတ်ကားရဲ့ အရှေ့မှာတော့ Lara Croft: Tomb Raider နဲ့ Lara Croft Tomb Raider: The Cradle of Life တို့ ထွက်ရှိဖူးထားပြီး Lara Croft အနေနဲ့ မင်းသမီးကတော့ Angelina Jolie ဖြစ်ပါတယ်။ ၂၀၁၈ ရဲ့ Tomb Raider  မှာတော့ မင်းသမီး Alicia Vikander နဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းပုံစံအကျဉ်းကတော့ Lara Croft ရဲ့ဖခင်၏ သုတေသနနှင့် ရှေးဟောင်းလျှို့ဝှက်ချက်များကို ဖော်ထုတ်ဖို့ရန် သွားရသော Lara Croft ရဲ့ပထမဦးဆုံးလေ့လာရေးခရီးစဉ်တခု ဖြစ်တာကြောင့် ဒီခရီးမှာ ကြုံတွေ့ရတဲ့ အခက်ခဲတွေကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်တဲ့အတွက် တကယ့်ကို adventure  ဇာတ်ကားစစ်စစ်ဖြစ်ပါတယ်။ မကြာခင်ရုံတင်တော့မှာဖြစ်လို့ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်းကိုလည်း official tralier နဲ့အတူသက်သေပြလိုက်ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *