ပရိသက်ရှေ့မှောက်ကိုရောက်လာတော့မယ့် Toy Story-4

ကလေးဘဝက Toy Story ဇာတ်လမ်းကို မစွဲလမ်းတဲ့သူဆိုတာခပ်ရှားရှားပဲထင်ပါတယ်နော်။ Cow Boy လေး Woody၊ အာကာသယာဉ်မှုးအရုပ်လေး Buzz နဲ့အခြားအရုပ်ကလေးတွေရဲ့ ချစ်စဖွယ်ဇာတ်လမ်းလေးဟာ 90’s Kids တွေရဲ့ အသဲစွဲကာတွန်းရုပ်ရှင်ကားပါပဲ။ ၁၉၉၅ ခုနှစ်က ပထမဆုံး Toy Story ရုပ်ရှင်ကိုထုတ်လုပ်ခဲ့ပြီး နောက်ဆုံးဖြစ်တဲ့ Toy Story 3 ကို 2010 မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်အဆက်ဖြစ်တဲ့ Toy Story 4 ကို အသက်သွင်းဖန်တီးတော့မယ့်လို့ ၂၀၁၄ မှာကြေငြာခဲ့ပြီး ပထမက ၂၀၁၇ မှာထုတ်လုပ်မယ်လို့ကြေငြာထားပေမယ့် ရက်နောက်ဆုတ်ခဲ့ပြီး ယခုအခါမှာတော့ ၂၀၁၉၊ ဇွန်လမှာ ထုတ်လုပ်သွားမယ်လို့ ထပ်မံကြေငြာလိုက်ပြန်ပါတယ်။

ဒီကာတွန်းရုပ်ရှင်ကိုဖန်တီးခဲ့စဉ်အတွင်းမှာ ဇာတ်လမ်းရေးသားသူတွေထွက်သွားတဲ့ အခက်အခဲနဲ့ကြုံခဲ့ရပြီး ဇာတ်လမ်းရေးသားသူအသစ်ရှာဖွေခဲ့ရခါ ဇာတ်လမ်းကိုအသစ်ပြန်ရေးသားခဲ့ရတာမျိုးကြုံခဲ့ရတယ်လို့လဲ သိရပါတယ်။ ယခင်ထွက်ရှိပြီးတဲ့ Toy Story 3 မှာ Andy လေးကြီးပြင်းလာတဲ့နောက် အရုပ်လေးတွေကိုထပ်ခိုးမှာ သိမ်းဆည်းထားရာကနေ 

Andy အမေရဲ့ မှားယွင်းမှုကြောင့် အရုပ်လေးတွေအပြင်မှာ တစ်ကွဲတစ်ပြားဖြစ်သွားပုံ အဲ့ဒီနောက် ပိုင်ရှင်သစ် Bonnie ရဲ့လက်ထဲမှာ ပျော်ရွှင်စွာနေခွင့်ရသွားပုံနဲ့ အဆုံးသတ်ထားပါတယ်။ အဲ့ဒီအပိုင်းမှာ Woody ရဲ့ချစ်သူ သိုးကျောင်းသူလေး Bo Peep ပျောက်ဆုံးသွားခဲ့ပါတယ်။ ယခုထွက်ရှိမယ့် Toy Story 4 မှာတော့ Woody နဲ့ အဖွဲ့သားတွေ Bo Peep ကိုရှာပုံတော်ဖွင့်ကြပုံကို ဇာတ်လမ်းရေးသားထားတယ်လို့ သိရပါတယ်။

ယခု Toy Story 4 မှာ Woody ရဲ့ အသံကို ယခင်ကားတွေကအတိုင်းပဲ မင်းသားကြီး Tom Hank ကပဲသရုပ်ဆောင်ပေးသွားမှာဖြစ်ပြီး အခြားအသံသရုပ်ဆောင်တွေကလဲ ယခင်ကားတွေကအတိုင်းပဲပါဝင်သရုပ်ဆောင်ပေးသွားမယ်လို့သိရပါတယ်။ ယခင်အပိုင်းသုံးပိုင်းမှာတုန်းက သောက်သောက်လဲငွေဝင်ခဲ့ပေမယ့် ယခုလိုအပိုင်းသစ်ထပ်လုပ်တာဟာ ငွေရလိုမှုတစ်ခုတည်းကြောင့်မဟုတ်ဘူးလို့ Executive Producer ဖြစ်သူ John Lasseter ကပြောကြားခဲ့ပါတယ်။ Toy Story ထဲကဇာတ်ကောင်လေးတွေဟာကျွန်တော်တို့အတွက်တော့ မိသားစုဝင်တွေလိုပါပဲ။ သူတို့ကိုအရမ်းချစ်ပါတယ်။ ဒီဇာတ်ကောင်လေးတွေကို ချစ်လို့အသက်သွင်းဖန်တီးတာကလွဲရင် တခြားမျှော်လင့်ချက်မရှိပါဘူးလို့ သူကဖွင့်ဟပြောကြားခဲ့ပါတယ်။

Toy Story အဖွဲ့သားတွေဟာ နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်းသုံးကိုထုတ်လုပ်ခဲ့ ပြီး နောက်ထပ်အပိုင်းကိုထုတ်လုပ်ဖို့မရည်ခဲ့ဘူးလို့သိရပါတယ်။ ဒါပေမယ့်နောက်မှာတော့ သူတို့ဆုံးဖြတ်ချက်ကိုပြင်ခဲ့ကြပြီး အပိုင်းလေးကိုထပ်မံရိုက်ကူးခဲ့တာပါ။ ဒီလိုအခက်အခဲတွေကြားထဲက အချိန်ယူရိုက်ကူးထားတဲ့ Toy Story 4 ဟာယခင်ထွက်ရှိပြီးသား အပိုင်းတွေလိုပဲအောင်မြင်တဲ့ ရုပ်ရှင်ဖြစ်လာမှာအသေအခြာပါ။ ဘာပဲဖြစ်ဖြစ် Toy Story ရဲ့ ပရိတ်သက်တွေ ဒီရုပ်ရှင်ကိုစောင့်မျှော်ကြည့်ရှူကြမယ်မလား။

 

 

Leave a Reply

Your email address will not be published. Required fields are marked *