Tristan Thompson နဲ့ တွဲနေတယ့် Jordyn Woods

Kylie Jenner ရဲ့ best friend ဖြစ်သူ Jordyn နဲ့ Khloé ရဲ့ ယောက်ျားဖြစ်သူ Tristan တို့ တိတ်တိတ်ပုန်းတွဲနေကြတယ်ဆိုတဲ့သတင်းက လွန်ခဲ့တဲ့ ရက်ပိုင်းက ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကြောင့် Kylie နဲ့ Jordyn တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကရော၊ Khloé နဲ့ Tristan တို့ရဲ့ relationship ကရော ပျက်စီးသွားခဲ့ပါပြီ။

 

 

 

စစဦးဆုံး သတင်းတွေထွက်လာတဲ့အခါမှာ Khloé တစ်ယောက် မယုံခဲ့ပါဘူး။ ဒါကြောင့် Jordyn ကို အခြေအနေအကျိုးအကြောင်း သွားမေးခဲ့ပေမယ့် Jordyn တစ်ယောက်ကတော့ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျမှ ဝန်ခံခဲ့တာပါ။ အဲ့ဒီအတွက်မို့လို့လဲ Jordyn တစ်ယောက် Kylie ရဲ့ အိမ်ကနေ ထွက်လာခဲ့ပြီး မိဘအိမ်မှာပဲ ပြန်နေခဲ့ပါတယ်။ အရင်တုန်းက Kylie နဲ့ Jordyn  တို့က တူတူနေကြတာပါ။

 

 

View this post on Instagram

we’ve traveled lives together

A post shared by Kylie ✨ (@kyliejenner) on

 

 

Kylie ကတော့ Jordyn ကို ခွင့်လွှတ်ပေးမယ်ဆိုပြီးတော့ သတင်းတွေထွက်နေပေမယ့်လည်း မသေချာသေးပါဘူး။ ဒါပေမဲ့ Kardashian တစ်မိသားစုလုံးကတော့ Jordyn နဲ့ အဆက်အသွယ်ဖြတ်ထားကြပါတယ်။ Khloé ကတော့ တော်တော်လေးကို စိတ်ဆိုးနေပြီး ဒေါသလည်း ထွက်နေပါတယ်။

 

 

View this post on Instagram

wya

A post shared by HEIR JORDYN (@jordynwoods) on

 

 

Jordyn ကတော့ Kylie ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပြီး Kylie ရဲ့ Life of Kylie TV show မှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Tristan ကလည်း ဇနီးသည် Khloé နဲ့ရတဲ့ သမီးလေး True ကို မွေးမယ့်လမှာလည်း တခါဖောက်ပြန်ခဲ့ပါသေးတယ်။ အခု Jordyn နဲ့ ဖောက်ပြန်တဲ့ အချိန်ကျမှပဲ လက်ပူးလက်ကြပ်မိခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *