Venom မပါဝင်တဲ့ ‘Venom’ ရုပ်ရှင်ရဲ့ Teaser Trailer

Superhero ရုပ်ရှင်ပရိသတ်တွေအတွက်ကတော့ heaven ပါပဲ.. မနေ့ကလေးတင် Deadpool 2 ရဲ့ Trailer ကြည့်ခဲ့ရပြီး ဒီနေ့ကျတော့ Venom ရဲ့ teaser trailer ကြည့်ခွင့်ရပြန်ပါပြီ။ ဒီ teaser ထဲမှာ မင်းသားကြီး Tom Hardy (The Dark Knight Rises, Mad Max: Fury Road) ကို symbiote ရဲ့ host ဖြစ်သူ Eddie Brock အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

 

Venom တို့၊ Symbiote တို့ စတဲ့စကားလုံးတွေနဲ့ မရင်းနှီးသူတွေအတွက် အနည်းငယ်ရှင်းပြပါမယ်။ Eddie Brock ဟာ alien တစ်ကောင်ဖြစ်တဲ့ symbiote ဝင်ပူးတာကို ခံလိုက်ရပါတယ်။ အဲဒီလို host နဲ့ symbiote ပေါင်းစပ်ပြီးထွက်လာတဲ့အရာကို Venom လို့ခေါ်တာဖြစ်ပါတယ်။ Venom ဟာ host ရဲ့ခန္ဓာကိုယ်ထဲရောက်သွားပြီဆိုရင် သူ့ host ကို အဆမတန်ကြမ်းတဲ့ စွမ်းအားတွေပေးပါတယ်။ သူ့မှာ Spider-Man လိုစွမ်းအားတွေရှိပြီး physical strength လည်း အင်မတန်ကြမ်းပါတယ်။

 

တစ်ခုရှိတာက ဒီ teaser ထဲမှာ Venom ကို လုံးလုံးမပြသွားပါဘူး။ ဗီဒီယိုတစ်ခုလုံးက Tom Hardy ကိုချည်းပဲရိုက်ပြသွားတာဖြစ်ပြီး symbiote ကိုတောင် စက္ကန့်ပိုင်းလေးပဲ ဖော်ပြသွားပါတယ်။ ဇာတ်ကားတစ်ခုလုံး အခြေခံထားရတဲ့ ဇာတ်ကောင်ကို လုံးဝမပြသွားတဲ့ teaser trailer က ဘာလား… အချို့သူတွေကတော့ ဂျင်း trailer ကြီးပါကွာ လို့ တွေးနေကြပါတယ်။ ဒါပေမယ့် teaser အဆင့်ပဲရှိသေးတော့ အပြစ်မဆိုသာပါဘူး။ တကယ် full trailer ထွက်လာရင်တော့ အားလုံးရဲ့ favourite anti-hero ကြီး Venom ကို မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

 

ဒီ Venom ရုပ်ရှင်ဟာ R-Rate ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ပုံမှန် Superhero ရုပ်ရှင်တွေဟာ PG-13 ပဲရှိတာဆိုတော့ Venom ဟာ အမှန်အကန်ကြမ်းမယ့်သဘောရှိပါတယ်။ ခန့်မှန်းပြောရရင် အလားတူ R-Rated ရုပ်ရှင်တစ်ခုဖြစ်တဲ့ Deadpool လောက်တော့ကြမ်းပါလိမ့်မယ်။ ဘယ်လောက်ကြမ်းမယ်ဆိုတာကိုတော့ ရုံတင်မယ့် အောက်တိုဘာ ၅ ရက်နေ့ကျရင် အဖြေရှာကြည့်လို့ရမှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *