Zack Snyder က ‘Justice League’ project ကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာလား

ဒါရိုက်တာကြီး Zack Snyder တစ်ယောက် Justice League project ထဲကနေ မိမိသဘောအလျှောက်ထွက်သွားခဲ့တာမဟုတ်ပဲ DC နဲ့ Warner Bros တို့က ကန်ထုတ်ခဲ့တာလား…

 

Justice League ရုပ်ရှင်က Zack Snyder တစ်ဝက်၊ Joss Whedon တစ်ဝက်ဆိုတာက DC fan တော်တော်များများသိကြတဲ့အချက်တစ်ခုပါ။ ၂၀၁၇ မတ်လတုန်းက Zack Snyder ရဲ့သမီး Autumn Snyder က မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ပါတယ်။ အဲဒါကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုကိုအချိန်ပေးချင်လို့ဆိုပြီး မေလမှာ Justic League project ထဲကနေထွက်ခွာသွားခဲ့ပါတယ်။ အဲဒါကြောင့် DC နဲ့ Warner Bros တို့က MCU ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joss Whedon ကိုခေါ်ယူပြီး project ကိုဆက်လက်ဦးဆောင်စေခဲ့ပါတယ်။ ဒါတွေကတော့ အဲဒီအချိန်တုန်းက သတင်းဌာနပေါင်းစုံက သတင်းထုတ်ပြန်ခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားခဲ့တာတွေက တကယ်အမှန်ရောဟုတ်ရဲ့လား…

 

အနုပညာရေးရာ ဂျာနယ်လစ်တစ်ဦးဖြစ်သူ Josh L. Dickey က ဒီအလုပ်ကနေ အနားယူတော့မှာဖြစ်လို့ သူစိတ်အချဉ်ပေါက်နေတာတွေ အားလုံးကို ထုတ်ဖော်ပြောကြားသွားခဲ့ရာမှာ အထက်ပါ Zack Snyder ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ tweet ထဲမှာ Zack Snyder ဟာ DCEU ထဲကနေ လွန်ခဲ့တဲ့တစ်နှစ်ကတည်း ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီကိစ္စတွေဖြစ်ပျက်နေတုန်းက သူ့အနေနဲ့ အဖြစ်မှန်ကိုထုတ်ဖော်ရေးသားဖို့ မဖြစ်နိုင်ခဲ့တဲ့အတွက် အရိပ်အမြွက်လောက်သာ ဖော်ပြနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီအချိန်တုန်းက Dickey ရေးသားခဲ့တဲ့ဆောင်းပါးမှာ DCEU ရဲ့အနာဂတ်မှာ Snyder အနေနဲ့ အရင်လိုလွှမ်းမိုးနိုင်ခြင်း ရှိတော့မှာမဟုတ်ဘူးလို့ ဖော်ပြထားခဲ့တာကို တွေ့နိုင်ပါတယ်။

 

 

Dickey ပြောကြားသွားပုံအရဆိုရင် Snyder ဟာ Justic League ထဲကနေ သူ့သမီးမကွယ်လွန်မီကတည်းက ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။ အကြောင်းရင်းကဘာများဖြစ်မလည်း.. အများစုကတော့ DC နဲ့ Warner Bros တို့ဟာ နောက်လာမယ့် DCEU ရုပ်ရှင်တွေကို Snyder ရဲ့ ခပ်မှောင်မှောင်နဲ့ serious ဖြစ်တဲ့ ပုံစံမျိုးကနေ ခွဲထွက်ပြီးဖန်တီးချင်လို့ ဒီလိုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တကယ့်အကြောင်းရင်းမှန်ကိုတော့ ကာယကံရှင်တွေဖြစ်တဲ့ Zack Snyder ကိုယ်တိုင်နဲ့ DC/Warner Bros တို့က ထုတ်ဖော်ပြောကြားမှ သိရှိနိုင်မှာပါ။

 

Dickey က DGAF ပုံစံမျိုးနဲ့ပြောသွားတာဆိုတော့ ဒီသတင်းက ယုံကြည်နိုင်ဖွယ်ရှိပေမယ့် ပါဝင်ပတ်သက်သူတွေ ဘာမှမပြောလာခင်အထိကတော့ ဒါဟာ ကောလဟာလ အဆင့်မှာသာ ရှိနေမှာပါ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ နောက်လာမယ့် DCEU ရုပ်ရှင်တွေအားလုံးမှာ Snyder က အရေးကြီးတဲ့ကဏ္ဍကနေ မပါဝင်ပါဘူး။ BvS မှာတုန်းက Snyder ရဲ့လက်ရာကို အသေကြိုက်တဲ့ကျွန်တော့်လို fan တွေအတွက်ကတော့ စိတ်မကောင်းစရာသတင်းတစ်ခုပဲ ဖြစ်ပါတယ်။

 

Ref: Collider

Leave a Reply

Your email address will not be published. Required fields are marked *