Genie ဇာတ်ရုပ်အတွက် တုန်လှုပ်ခြောက်ခြားနေမိခဲ့တယ်ဆိုတဲ့ Will Smith

Hollywood ရဲ့ နာမည်ကျော် လူမည်းမင်းသားချောကြီး Will Smith က Live Action အဖြစ် ပထမဆုံးအကြိမ် ရိုက်ကူးတင်ဆက်ထားခဲ့တဲ့ Disney ရဲ့ Aladdin ရုပ်ရှင်ဇာတ်ကားသစ်ထဲမှာ မီးခွက်စောင့်ဘီလူးကြီး Genie နေရာကနေ ပါဝင်သရုပ်ဆောင်ရတာဟာ သူ့အတွက် တုန့်လှုပ်ခြောက်ခြားစေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

 

Genie နေရာမှာ Will Smith သရုပ်မဆောင်ခင် ၁၉၉၂ခုနှစ်က ထွက်ရှိထားခဲ့တဲ့ Aladdin Animation ဇာတ်ကားမှာတော့ နာမည်ကျော် ဟာသသရုပ်ဆောင်ကြီး Robbie Williams က ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကြွေလွင့်သွားခဲ့ပြီဖြစ်သော Robbie Williams လို ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက် ပါဝင်ခဲ့ဖူးတဲ့ ဇာတ်ရုပ်ဖြစ်လို့ သူ့ကို စိတ်ဖိစီးမှု ဖြစ်စေခဲ့တယ်လို့ Will Smith က ပြောဆိုခဲ့ပါတယ်။

 

Will Smith က “Genie နေရာကို Robbie Williams နောက်ပိုင်းမှာ ဝင်သရုပ်ဆောင်ရတာဆိုတော့ ကျွန်တော့်ကို တုန့်လှုပ်ရစေတယ်။ ဒါပေမယ့် ဒါက Robbie ကို ဂါရဝပြုလို့်ရမယ့် လမ်းကြောင်းလေးတစ်ခုကို တွေ့မြင်ခဲ့ရတယ်လို့ပဲ ကျွန်တော်ထင်မိပါတယ်။ ဒါကတော့ ကျွန်တော့်တစ်ဦးရဲ့ အမြင်ပေါ့လေ။ လူတွေလည်း ဒါကို သဘောကျကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Aladdin က ကျွန်တော်ရိုက်ကူးဖူးခဲ့သမျှ ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးပါပဲ။ ရုပ်ရှင်စတူဒီယိုပေါင်းများစွာနဲ့လည်း လက်တွဲလုပ်ခဲ့ဖူးပါတယ်။ Disney ကလူတွေနဲ့ တွဲလုပ်ရတာကတော့ ပိုပြီးကောင်းမွန်ပါတယ်။ အရမ်းကို ခမ်းနားကြီးကျယ်လွန်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်စေပါတယ်။ အရမ်းလှပတဲ့ ဇာတ်ကားကြီးတစ်ကားပါ။ ဒီဇာတ်ကားကို ပရိသတ်တွေဆီ ချပြပေးသွားဖို့ ကျွန်တော်မစောင့်နိုင်တော့ပါဘူး” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

၂၀၁၉ခုနှစ် မေလ ၂၄ရက်နေ့မှာ စတင်ပြသသွားတော့မယ့် Aladdin ဇာတ်ကားမှာ Will Smith နဲ့အတူ Billy Magnussen နဲ့ Naomi Scott တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *