Will Smith ရဲ့ မင်္ဂလာသက်တမ်း နှစ်၂၀ပြည့် အမှတ်တရစကား

မင်းသားကြီး Will Smith က မင်္ဂလာသက်တမ်း နှစ်၂၀ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ဘဝလက်တွဲဖော် Jada Koren Pinkett ကိုရည်ရွယ်ပြီး အချစ်နဲ့အိမ်ထောင်ရေးဆိုတာဘာလဲဆိုတာကို သူ့ရဲ့ Instagram စာမျက်နှာကနေ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အဲဒီ post ကို Will Smith က လွန်ခဲ့တဲ့နှစ် ၂၀ ဒီနေ့ရက်မှာ မင်္ဂလာလျှောက်လမ်းလေးထဲ လက်တွဲပြီးလျှောက်လှမ်းခဲ့ကြတာကို သတိရမိတယ်ဆိုတာလေးနဲ့ အစချီထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ဇနီးသည် Jada ကိုရည်ညွန်းပြီး အောက်ပါရင်တွင်းဖြစ်စကားလေးတွေကို ပြောကြားသွားခဲ့ပါတယ်-

“အဲဒီအချိန်ကစပြီးတော့ အချစ်ဆိုတာဘာလဲဆိုတာကို တဖြည်းဖြည်းချင်းသိရှိလာခဲ့ရတယ်။ ပြောမယ်ဆိုရင် အချစ်ဆိုတာ ဥယျာဉ်တစ်ခုကိုပျိုးထောင်ရတာနဲ့အတူတူပဲ.. နင်နဲ့တွေ့ပြီးတဲ့နောက်မှာ ငါဖြစ်စေချင်တာတွေဆိုတာထက် နင်ဖြစ်ချင်တာတွေကိုအကောင်အထည်ပေါ်လာအောင် ကူညီဖန်တီးပေးတတ်လာတယ်.. အရာရာတိုင်းကို တစ်ကိုယ်ကောင်းဆန်ဆန်လုပ်ပြီးပျော်နေမယ့်အစား နင့်အိပ်မက်တွေကို ကူညီပုံဖော်ပေးရတာကို ပိုပျော်တတ်လာတယ်.. အချစ်ဆိုတာ နားထောင်ခြင်း.. အချစ်ဆိုတာ ပေးဆပ်ခြင်း.. အချစ်ဆိုတာ လွတ်လပ်ခြင်းတစ်ခုပါပဲ။”

အဲဒီ post ကို “မင်္ဂလာနှစ်ပတ်လည်လေးပါ ငါ့ရဲ့ဘုရင်မ! နင်လိုအပ်တာတွေကို ဒီတစ်သက်လုံး ဖြည့်ဆည်းပေးသွားမယ်လို့ ကတိပြုပါတယ်” လို့ဆိုပြီး အဆုံးသတ်ထားခဲ့ပါတယ်။

Congratulation ပါ Will Smith နဲ့ Jada Pinkett Smith.. နောင်လာမယ့်နှစ်တွေမှာ အခုထက်ပိုပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်လေးကို ဆက်လက်တည်ဆောက်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *