ရုပ်ရှင်ဇာတ်ကားသစ်များအတွက် ခြေလှမ်းသစ်တွေပြင်ဆင်နေတဲ့ ခီမောင်နှံ

၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ဥပါယ်တံမျဉ်၊ မုဒြာခေါ်သံ အစရှိတဲ့ရုပ်ရှင်တွေနဲ့ ပရိသတ်တွေဆီက အားပေးမှုတွေ မေတ္တာတွေကို တသီကြီးလက်ခံရရှိခဲ့တဲ့ ခရစ်စတီးနာခီနဲ့ ဇာဏ်ခီ တို့ ဇနီးမောင်နှံဟာ ပရိသတ်တွေအတွက် နောက်ထပ်ခြေလှမ်းသစ်အတွက် ဇာတ်လမ်းတွေကို စတင်ပုံဖော်နေပြီဖြစ်ပါတယ်။

ဒီခြေလှမ်းသစ်အတွက် ကြေညာချက်တွေကို ဒီလစက်တင်ဘာလကတည်းက ကြေညာခဲ့တာဖြစ်ပြီး ပထမဆုံးကြေညာချက်ကို စက်တင်ဘာလ ၆ ရက်နေ့မှာ သရုပ်ဆောင်သစ်တွေစတင်ခေါ်ယူခြင်းအားဖြင့် စတင်ခဲ့ပါတယ်။ ကြေညာချက်အရ Central Base Productions ကနေ ၂၀၁၈ နဲ့ ၂၀၁၉ များမှာ ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးပုံဖော်ထုတ်လုပ်ရုပ်ကူးသွားမှာဖြစ်တဲ့ “Now & Ever” ၊ “သီတာ” ရုပ်ရှင်ဇာတ်ကားတွေနဲ့ TV series ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင် ဇာဏ်ခီနဲ့အတူ တွဲဖက်သရုပ်ဆောင်သွားဖို့ သရုပ်ဆောင်သစ်တွေကို ခေါ်ယူသွားမယ်လို့ ပါရှိပါတယ်။

 

 

ဒီကြေညာချက်ထွက်ရှိပြီးနောက်ပိုင်းမှာတော့ သရုပ်ဆောင်ဝါသနာပါတဲ့ လူငယ်လေးတွေ သွားရောက်လျှောက်ထားကြပြီး လက်ရှိမှာ လူရွေးချယ်ခြင်းတွေကို လုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။

 

Sepetember လ ၁၄ ရက်နေ့မှာပဲ သရုပ်ဆောင် ဇာဏ်ခီက သူ့ရဲ့ Facebook Page မှာ Now and Ever ဇာတ်ကားအသစ်အတွက် စတင်အလုပ်လုပ်နေကြပြီဖြစ်ကြောင်း Post တင်ခဲ့ပါတယ်။ သူတင်ထားတဲ့ Post အရ Now and Ever ဇာတ်လမ်းကို ဇာတ်ညွှန်းရေးဖွဲ့ထားတာကတော့ ဇာဏ်ခီကိုယ်တိုင်ပဲဖြစ်ပါတယ်။

ဒီလိုဆိုတာ့ မကြာခင်ကာလများမှာပဲ ပြည်သူ့အချစ်တော် ဇာဏ်ခီနဲ့ ခရစ်စနီးနားခီ တို့ရဲ့ အနုပညာလက်ရာတွေကို ပရိသတ်တွေ ရှု့စားကြရတော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိပုံစံအတိုင်းဆိုရင်တော့ ခီ မောင်နှံဟာ နာမည်ကြီးသရုပ်ဆောင်တွေကို သုံးမှာမဟုတ်ဘဲ မျက်နှာသစ်လူငယ်တွေကိုပွဲထုတ်ရင်း ရုပ်ရှင်ဇာတ်ကားတွေကို သူတို့စိတ်ကြိုက်ပုံဖော်သွားမယ့် အလားအလာမှာ ရှိနေပါတယ်။

 

သူတို့ကို အားပေးကြတဲ့ပရိသတ်တွေကလည်း ခီမောင်နှံဖန်တီးမယ်ဆိုရင် နာမည်ကြီးမင်းသား၊ မင်းသမီး ပါသည်ဖြစ်စေ မဖြစ်စေအားပေးကြအုံးမှာလည်း အမှန်ပါဘဲ။ ခီမောင်နှံအနေနဲ့လည်း အရင်လိုပဲပရိသတ်ရဲ့ နှလုံးသားကိုသိမ်းကြုံးရနိုင်ဖို့အတွက် အနုပညာအသစ်တွေ ဆက်လက်ဖန်တီးနိုင်အုံးမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြပါစို့လို့ ပြောကြားလိုက်ပါတယ်နော်။

Source –  Central Base Production Facebook Page

Zenkyi Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *