‘Zoku Owarimonogatari’ Anime ၂၀၁၈ ထဲထွက်မည် – Trailer နဲ့ Key Visual ထွက်လာပြီ

Monogatari Series ပရိသတ်တွေအတွက်သတင်းကောင်းပါ။ Owarimonogatari ဇာတ်လမ်းရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့ Zoku Monogatari ဟာ ၂၀၁၈ ခုနှစ်ထဲမှာ anime အဖြစ်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ အဆိုပါသတင်းကို Monogatari Series ရဲ့ official website မှာကြေညာခဲ့ပြီး အဲဒီသတင်းနဲ့အတူ Zoku Monogatari ရဲ့ key visual နဲ့ teaser video တို့ကိုပါတစ်ပါတည်း ထုတ်ပြန်ပေးခဲ့ပါတယ်။ Zoku Monogatari ဟာ တတိယမြောက် Monogatari Saga ရဲ့ နောက်ဆုံး volume ဖြစ်ပြီး “Koyomi Reverse” arc ပါဝင်မှာဖြစ်ပါတယ်။ ဒီ arc ဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး Hanamonogatari မတိုင်မီကအဖြစ်အပျက်တွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

Monogatari Series ဆိုတာကတော့ Araragi Koyomi လို့အမည်ရတဲ့ Vampire တစ်ပိုင်း၊ လူတစ်ပိုင်း ကျောင်းသားလေးတစ်ယောက်ရဲ့ပတ်ဝန်းကျင်က ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ဖော်ပြထားတဲ့ ဇာတ်လမ်းတွဲကြီးဖြစ်ပါတယ်။ ထူးခြားတဲ့ Dialogues တွေ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေကြောင့် နှစ်ရှည်လများ ပရိသတ်တွေ တစ်စိုက်မက်မက်အားပေးလာကြတဲ့ series ရှည်တစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *