သရုပ်ဆောင်ဇဏ်ခီကို ပြန်လည်တွေ့ရအုံးမယ် “မုဒြာရဲ့ခေါ်သံ”

ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ Mudras Calling ဇာတ်ကားကြီးကို March လ ၁၆ ရက်နေ့မှာ JCGV အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသတော့မည့်အကြောင်းကို တရားဝင်ကြေငြာလိုက်ပါပြီ။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်တွေကတော့ ဇဏ်ခီနှင့် လှယဉ်ကျေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Mudras Calling ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ

ဆုတွေများစွာရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပြီး ဥပါယ်တံမျဉ်ရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ဒုတိယမြောက်ဇာတ်ကားလည်း ဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးကတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး short video တင်လိုက်ကတည်းက တောင်းဆိုထားကြတာဖြစ်ပြီး အခုချိန်မှာတော့ အားလုံးရဲ့လက်ထဲကို ချပြတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အလှတရားတွေနဲ့ ပေါင်းစပ်ရိုက်ကူးပုံဖော်ထားတဲ့ Mudras Calling ဇာတ်ကားကြီးကို ကြည့်ဖို့အဆင်သင့်ဘဲဆိုရင်တော့ လက်မှတ်ကြိုဝယ်ထားကြဖို့ မမေ့နဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *