‘Incredibles 2’ က ကာတွန်းကားတစ်ကားအနေနဲ့ ကြိုတင်ရောင်းချငွေ အများဆုံး စံချိန်တင်ဖို့ အလားအလာရှိနေ

incredibles-2

Incredibles 2 ကတော့ စံချိန်တွေချိုးဖို့ ရယ်ဒီဖြစ်နေပါပြီ။ အမေရိကန်က ရုပ်ရှင်လက်မှတ်ရောင်းချတဲ့ service တစ်ခုဖြစ်တဲ့ Fandango က Incredibles 2 ဟာ ယခင်က ကြိုတင်ရောင်းချငွေ အများဆုံး စံချိန်တင်ထားခဲ့တဲ့ ‘Finding Dory’ ကိုကျော်လွန်ပြီး စံချိန်သစ်တင်ဖို့ အလားအလာ အလွန်ကောင်းနေပါတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ Fandango မှ တာဝန်ရှိသူတစ်ဦးက အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

 

ဒီရုပ်ရှင်က နဂိုကတည်းကမှ အရမ်း hype နေကြတဲ့အပြင် ကလေးတွေကျောင်းပိတ်ချိန်နဲ့ ကွက်တိဆိုတော့ သေချာပေါက် ဝင်ငွေကောင်းမှာပါ

 

လောလောဆယ် ခန့်မှန်းချက်တွေအရ Incredibles 2 ဟာ မြောက်အမေရိကဒေသမှာ ရုံဖွင့်ဝင်ငွေ ဒေါ်လာ သန်း ၁၂၀ ကနေ သန်း ၁၄၀ ကြား ရရှိလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ Read More

MCU ထဲက Hawkeye နေရာမှာ နားမကြားသူကို သရုပ်ဆောင်စေဖို့ Disability Activist တောင်းဆို

the-avengers-age-of-ultron

MCU ထဲက Hawkeye ဇာတ်ကောင်ဟာ နားမကြားသူဖြစ်သင့်တယ်ဆိုပြီး မသန်စွမ်းသူများအတွက်လှုပ်ရှားသူ Nyle DiMarco က သူ့ရဲ့ Twitter စာမျက်နှာကနေတစ်ဆင့် တောင်းဆိုလိုက်ပါတယ်။ သူ ဒီလိုတောင်းဆိုရတဲ့အကြောင်းရင်းကတော့ MCU ဟာ လူအတန်းအလွှာအစုံကို ကိုယ်စားပြုရာမှာ အင်မတန်အားနည်းနေပြီး မသန်စွမ်းသူတွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်မျိုးကို ယခုအချိန်အထိ ထည့်သွင်းခြင်းမရှိသေးလို့ ဖြစ်ပါတယ်။ ဒါကြောင့် Comic ထဲမှာ နားမကြားသူဖြစ်တဲ့ Hawkeye ဟာ ဘာကြောင့် MUC မှာ အကောင်းပတိဖြစ်နေရတာလဲ ဆိုပြီး မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

Read More

Game of Thrones စုံတွဲ Kit Harington နဲ့ Rose Leslie တို့ရဲ့ မင်္ဂလာရက် ကြေညာ

game-of-thrones

Game of Thrones ထဲက Jon Snow မင်းသား Kit Harington နဲ့ Ygritte အဖြစ်သရုပ်ဆောင်ခဲ့သူ မင်းသမီး Rose Leslie တို့ဟာ သူတို့နှစ်ဦး လက်ထပ်ထိမ်းမြားမယ့် မင်္ဂလာရက်မြတ်ကို ကြေညာလိုက်ကြပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲကို စကော့တလန်နိုင်ငံမှာ ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။
Read More

Hasbro က ‘Power Rangers’ Franchise ကို ဒေါ်လာ ၅၂၂ သန်းနဲ့ဝယ်ယူ

power-rangers

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့တုန်းက ကမ္ဘာ့အကြီးဆုံးအရုပ်ထုတ်လုပ်သူဖြစ်တဲ့ Hasbro က Power Rangers ရဲ့ဖန်တီးရှင် Saban Entertainment လက်ထဲကနေ ‘Power Rangers’ အပါအဝင် အခြား Entertainment Brand များကို ဒေါ်လာ ၅၂၂ သန်းပေးပြီး ဝယ်ယူသွားခဲ့ပါတယ်။

Read More

တာထွက်ကြမ်းခဲ့တဲ့ Avengers: Infinity War – Box Office စံချိန်ပေါင်းစုံကို ရိုက်ချိုး

avengers-infinity-war_infinity_stone

Avengers: Infinity War ကတော့ စံချိန်ပေါင်းစုံ ရိုက်ချိုးပြီး တာထွက်ကြမ်းခဲ့ပါတယ်။ စတင်ပြသတဲ့ Weekend မှာ အမေရိကန်နိုင်ငံတွင်းမှာ ဒေါ်လာသန်း ၂၅၀ ရရှိခဲ့ပြီး အခြားနိုင်ငံတွေကရတာတွေနဲ့ပေါင်းလိုက်ရင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စုစုပေါင်း ဒေါ်လာသန်း ၆၃၀ ရရှိခဲ့ပါတယ်။ ဒါဟာ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ တင်ထားခဲ့တဲ့ စံချိန်ပေါင်းများစွာကို ရိုက်ချိုးသွားခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုစံချိန်တွေကိုချိုးသွားခဲ့တာလဲ.. ကြည့်လိုက်ကြရအောင်ပါ။
Read More

Chicken Run 2 ထုတ်မယ်လို့ ကြေညာလိုက်ပြီ

chicken-run

လူကြီးတွေနဲ့ 90’s Born တွေကတော့ ၂၀၀၀ ခုနှစ်ကထွက်ခဲ့တဲ့ Chicken Run ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ဖူးကြလောက်မှာပါ။ သူတို့ကိုသတ်ပြီး Chicken Pie လုပ်ဖို့ကြံစည်နေတဲ့ ကြက်ခြံပိုင်ရှင်လက်ထဲကနေ အသက်လုပြီးထွက်ပြေးကြတဲ့ ကြက်တွေအကြောင်း သရုပ်ဖော်ရိုက်ကူးထားတဲ့ ဒီ Stop-Motion ကာတွန်းကားဟာ အက်ရှင်ပိုင်းရော၊ ဟာသပိုင်းပါ ရသပီပီပြင်ပြင်ပေးနိုင်လို့ အထပ်ထပ်အခါခါ ပြန်ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
Read More

ချစ်စဖွယ် ကာတွန်းလေး ‘Smallfoot’ ရဲ့ ပထမဦးဆုံး Trailer ထွက်ပြီ

smallfoot

အရပ်ကိုးပေးလောက်ရှိပြီး တစ်ကိုယ်လုံးအမွှေးတွေနဲ့ ဖုံးလွှမ်းနေပါတယ်ဆိုတဲ့ Bigfoot ဆိုတဲ့ သတ္တဝါက နာမည်သာကြီးတာ သူတို့တကယ်ရှိကြောင်း ဘယ်သူမှသက်သေမပြနိုင်သေးပါဘူး။ သူတို့တကယ်ရှိကြောင်း ယုံကြည်တဲ့သူတွေရှိသလို သူတို့ကို ပုံပြင်သာသာလောက်သာ သဘောထားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ Bigfoot ကတော့ လူတွေရဲ့အတွေးတစ်နေရာကို ရယူပိုင်ဆိုင်ထားနိုင်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ Read More