Genie ဇာတ်ရုပ်အတွက် တုန်လှုပ်ခြောက်ခြားနေမိခဲ့တယ်ဆိုတဲ့ Will Smith

Hollywood ရဲ့ နာမည်ကျော် လူမည်းမင်းသားချောကြီး Will Smith က Live Action အဖြစ် ပထမဆုံးအကြိမ် ရိုက်ကူးတင်ဆက်ထားခဲ့တဲ့ Disney ရဲ့ Aladdin ရုပ်ရှင်ဇာတ်ကားသစ်ထဲမှာ မီးခွက်စောင့်ဘီလူးကြီး Genie နေရာကနေ ပါဝင်သရုပ်ဆောင်ရတာဟာ သူ့အတွက် တုန့်လှုပ်ခြောက်ခြားစေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

 

Genie နေရာမှာ Will Smith သရုပ်မဆောင်ခင် ၁၉၉၂ခုနှစ်က ထွက်ရှိထားခဲ့တဲ့ Read More

တကယ်အသက်ဝင် လှုပ်ရှားလာတာ မြင်ရမယ့် ဆင်ကလေး Dumbo

နယ်လှည့်ကပြနေတဲ့ ဆပ်ကပ်အဖွဲ့ကြီးတစ်ခုထဲက ချစ်စရာကောင်းတဲ့ ဆင်ကလေး Dumbo ရဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံ ဇာတ်လမ်းလေးတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးဟာ ၁၉၄၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းကတော့ ကာတွန်းကားလေး အဖြစ်နဲ့ပေါ့။ ဒါကြောင့် နားရွက်လေး တဖားဖားနဲ့ ချစ်စရာ သိပ်ကောင်းတဲ့ ဆင်ကလေး Dumbo ကိုလည်း ကာတွန်းရုပ်လေးအဖြစ်နဲ့သာ တွေ့ခဲ့ကြရတာပါ။

 

အဲဒီနောက်ပိုင်း ကာလတွေမှာတော့ Dumbo လေးဟာ Read More

အာရှဒေသတလွှားက ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ့် Lee Joon Gi

ကိုရီးယားမင်းသားချောလေး Lee Joon Gi ကတော့ လက်ရှိမှာ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပေမယ့်လည်း အခုထိ သူရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်အားလုံးမှာ ရူးသွပ်သူဖြစ်တဲ့ Lee Joon Gi ဟာ ဇာတ်လမ်းတွဲသစ်တွေ ရိုက်ကူးတိုင်းမှာလည်း ပိုပိုပြီး အောင်မြင်လာသလို သူရဲ့ သရုပ်ဆောင်မှုတွေဟာလည်း ဒီထက်မက ပိုကောင်းလာတတ်ပါတယ်။ သိပ်မကြာခင်မှာတော့ Lee Joon Gi ဟာ သူရဲ့အချစ်တော်တွေဆီကို အရောက်လာတော့မှာဖြစ်ပါတယ်။

 

မင်းသားချော Lee Joon Gi ဟာ Read More

သိုသိုဝှက်ဝှက်လေး လက်ထပ်လိုက်ကြတဲ့ Ranveer Singh နဲ့ Deepika Padukone

ဘောလိဝုဒ် နာမည်ကြီး မင်းသား Ranveer Singh နဲ့ မင်းသမီး Deepika Padukone တို့စုံတွဲကို လူတိုင်းသိကြမှာပါ။ မသိသေးတဲ့ သူတွေအတွက်လည်း ပြောပြမယ်နော်။ Padmaavat ကားထဲက အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မိဖုရား Padmavati နဲ့ ဗီလိန် Sultan Alauddin Khilji တို့ပါ။ သူတို့ရဲ့ မင်္ဂလာပွဲလေးကိုတော့ အီတလီက Villa del Balbianello မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လုံးဝကို သိုသိုသိပ်သိပ် ကျင်းပခဲ့တာဖြစ်ပြီးတော့ Read More

Jack Reacher ဖြစ်ဖို့ အရပ်ပုလွန်းနေတယ်လို့ အပြောခံလိုက်ရတဲ့ Tom Cruise

Jack Reacher ဆိုတာ နာမည်ကျော် Hollywood မင်းသားကြီး Tom Cruise ရဲ့ အထင်ကရ ဇာတ်ရုပ်တစ်ခုပါ။ ထွက်ရှိပြီးသွားခဲ့တဲ့ Jack Reacher ဇာတ်ကားနှစ်ကားလုံးမှာ Tom Cruise ဟာ ဒီဇာတ်ရုပ်နေရာအတွက် အကောင်းဆုံး ပါဝင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေလည်း စိတ်ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် သိပ်ပြီး မကျေနပ်နိုင်သူကတော့ Jack Reacher ကို ဖန်တီးခဲ့သူ စာရေးဆရာ Lee Child ပါပဲ။

 

Lee Child က သူဖန်တီးထားခဲ့တဲ့ Jack Reacher ဟာ Read More

ကိုရီးယားမှာ လူကြိုက်များအောင်မြင်နေတဲ့ Intimate Strangers

အောက်တိုဘာလကုန်လောက်ကတည်းက ထွက်ရှိလာခဲ့တဲ့ တောင်ကိုရီးယား ဟာသရုပ်ရှင်ဇာတ်ကား Intimate Strangers ကတော့ အခုတလော ကိုရီးယားနိုင်ငံအတွင်းမှာ အရမ်းကို လူကြိုက်များအောင်မြင်လို့နေပြီး ဒီနှစ် ၂၀၁၈ ခုနှစ်ရဲ့ ရုပ်ရှင်လက်မှတ်စောင်ရေ လေးသန်းကျော်လောက်အထိ ရောင်းချနိုင်ခဲ့တဲ့ တစ်ကားတည်းသော ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Intimate Strangers ဇာတ်ကားဟာ Read More

ဆေးရုံကနေ ပြန်ဆင်းလာခဲ့တဲ့ Amy Schumer

Hollywood ရဲ့ နာမည်ကျော် ဟာသရုပ်ရှင်မင်းသမီးကြီး Amy Schumer ကတော့ သောကြာနေ့မှာပဲ ဆေးရုံကနေ ပြန်လည်ဆင်းလာခဲ့ပြီဖြစ်ပြီး သူမရဲ့ အနုပညာလုပ်ငန်းခွင်ထဲကို ပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

 

အသက် ၃၇နှစ်အရွယ် ကိုယ်ဝန်ဆောင် မင်းသမီးကြီး Amy Schumer ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုယ်ဝန်ဆောင်ချိန်မှာ Read More

CBE ဘွဲ့ရရှိခဲ့တဲ့ Tom Hardy

အင်္ဂလိပ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Tom Hardy ဟာ Buckingham နန်းတော်မှာ Charles မင်းသားကြီးကပေးအပ်တဲ့ CBE ဘွဲ့ (အနုပညာနယ်ပယ်) ကို နိုဝင်ဘာလ ၁၆ရက်နေ့မှာ လက်ခံရရှိခဲ့ပါတယ်။ Mad Max, Venom စတဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိထားတဲ့ Tom Hardy ဟာ ဗြိတိန်တော်ဝင်မင်းသားတွေဖြစ်ကြတဲ့ မင်းသား William နဲ့ Harry တို့ရဲ့ မိတ်ဆွေဖြစ်သလို Read More

မီးဘေးသင့် တိရစ္ဆာန်တွေအတွက် ဒေါ်လာ 100,000 လှူလိုက်တဲ့ Sandra Bullock

ဒီလထဲမှာ ဖြစ်ပွားခဲ့တဲ့ ကယ်လီဖိုးနီးယား တောမီးလောင်မှုဟာ လူပေါင်းများစွာနဲ့ တိရစ္ဆာန်များစွာရဲ့ အိုးအိမ်တွေကို ဖျက်စီးခဲ့တာကို သိကြမှာပါ။ အနုပညာရှင်တစ်ချို့ရဲ့ အိမ်တွေလည်း တောမီးလောင်တဲ့ အထဲပါသွားခဲ့ပါသေးတယ်။

 

ဒီလိုတောမီးလောင်မှုမှာ အဓိကထိခိုက်နစ်နာသူတွေကတော့ တောတွင်းတိရစ္ဆာန်လေးတွေပါ။ ဒီ တိရစ္ဆာန်လေးအတွက် အော်စကာဆုရှင် မင်းသမီးကြီး Sandra Bullock က အမေရိကန်ဒေါ်လာ တစ်သိန်းတိတိ လှူဒါန်းခဲ့ပါတယ်။

 

Bullock ဟာ The Humane Society of Ventura County လို့ခေါ်တဲ့ Read More

ယုံကြည်မှုနဲ့ သံသယတွေကြားက လျှို့ဝှက်ချက်တွေကို ရင်ဖိုစွာ ကြည့်ရမယ့် The Clovehitch Killer

တကယ်လို့များပေါ့လေ။ သင်တကယ် ယုံကြည်ကိုးစားပြီး လေးစားချစ်ခင်ရတဲ့ လူတစ်ယောက်ရဲ့ အမှောင်ခြမ်းကို သင်က အမှတ်မထင်ဘဲ သိခွင့်ရခဲ့မယ်ဆိုပါစို့။ သင်… ဘယ်လို လုပ်မလဲ…?

 

Tyler ဟာ အေးချမ်းပြီး နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်စုထဲက တက်ကြွတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်လေး တစ်ယောက်ပါ။ သူဟာ သူတို့မြို့လေးမှာရှိတဲ့ ဘုရားကျောင်းက ကင်းထောက်လူငယ်အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ တာဝန်ကျေတတ်လွန်းတဲ့အတွက်လည်း သူ့ကို အဖွဲ့သားတွေအားလုံးက ခင်မင်ခဲ့ကြပါတယ်။

 

ဘုရားကျောင်းက လူငယ်ကင်းထောက်အဖွဲ့လေးကို ဦးဆောင်တဲ့ ခေါင်းဆောင်ကတော့ Read More