Hollywood မှာ ပွဲဦးထွက်လာတော့မယ့် မင်းသားချော Lee Tae Ri

Moon Embracing the Sun ဇာတ်လမ်းတွဲမှာ Yang Myung ရဲ့ ငယ်ဘဝအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရင်း လူသိများလာခဲ့တဲ့ ကိုရီးယားမင်းသားချောလေး Lee Tae Ri ကတော့ သူရဲ့သရုပ်ဆောင်ဘဝအမြင့်မားဆုံးရလဒ်တစ်ခုအဖြစ် Hollywood ဇာတ်ကားတစ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားခဲ့ရပြီပဲဖြစ်ပါတယ်။ မင်းသား Lee Tae Ri ဟာ Anastasia လို့အမည်ရတဲ့ Hollywood ရုပ်ရှင်ဇာတ်ကားအတွင်းမှာ အာရှမင်းသား Lee နေရာကနေ အထူးဧည့်သည်သရုပ်ဆောင်အဖြစ်နဲ့ ပါဝင်ရိုက်ကူးပေးသွားခဲ့တာဖြစ်ကြောင်းနဲ့ ဇာတ်ကားတစ်ကားလုံးကို အမေရိကမှာပဲ ရိုက်ကူးခဲ့တာဖြစ်ကြောင်း Lee Tae Ri ရဲ့ အေဂျင်စီ Starhaus Entertainment က ပြောဆိုထားခဲ့ပါတယ်။ Anastasia ရုပ်ရှင်ကားကတော့ ၁၉၉၇ခုနှစ်မှာ အဆိုပါနာမည်နဲ့ပဲ ထွက်ရှိလာခဲ့တဲ့ ကာတွန်းဇာတ်ကားကိုအခြေခံပြီး ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ကာ Lenin ရဲ့ ခြိမ်းခြောက်ခြင်းကို ရင်ဆိုင်ခဲ့ရလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ Romanov မိသားစုတစ်စုက Anastasia လို့အမည်ရတဲ့ အမေရိကန်ကောင်မလေးနဲ့ အမှတ်မထင် ဆုံစည်းခဲ့တဲ့အကြောင်းကို ဇာတ်လမ်းပုံဖော်ထားတာဖြစ်ပါတယ်။

 

Anastasia  ဇာတ်ကောင်နေရာမှာတော့ Tomb Raider , Wonder Woman တို့လို ကမ္ဘာကျော်ဇာတ်ကားတွေမှာ ပါဝင်ဖူးခဲ့တဲ့ မင်းသမီးငယ်လေး Emily Carey က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်မင်းသမီးငယ်လေးတစ်ဦးဖြစ်တဲ့ Amiah Miller ကလည်း Anastasia သူငယ်ချင်းအဖြစ် ပါဝင်ထားပါတယ်။ ဒီနှစ်ယောက်အပြင် အရမ်းကိုခန့်ညားပြီး ချောမောလှတဲ့မင်းသားချော Brandon Routh ( Superman Returns နဲ့ Legend of Tomorrow တို့မှာ ပါဝင်ထားသူ ) က Anastasia ဖခင်နေရာကနေ ပါဝင်ထားသေးတယ်။ ဒီဇာတ်ကားမှာ ကိုရီးယားမင်းသားလေး Lee Tae Ri အတွက် ဧည့်သည်သရုပ်ဆောင်အဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း သူလို အသက် ၂၅နှစ်သာရှိသေးတဲ့ တောင်ကိုရီးယားသရုပ်ဆောင်တစ်ယောက်အတွက်တော့ ဒါဟာ ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုဖြစ်တာကြောင့် ဒီဇာတ်ကားကနေ သူ့ကို တစ်ကမ္ဘာလုံးကလူတွေ သတိထားအားပေးလာကြဖို့ မျှော်လင့်နေပါတယ်ခင်ဗျာ။

 

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *