အသည်းငယ်သူတွေ မကြည့်သင့်တဲ့ The Houses October Built

သီတင်းကျွတ်ရုံးပိတ်ရက်တွေဟာ သိပ်မကြာခင်မှာ ရောက်လာတော့မှာပါ။ အဲဒီတော့ ရုံးပိတ်ရက်တွေမှာ ဟိုဟိုဒီဒီသွားဖို့ ဘာအစီအစဉ်မှမရှိဘဲ အိမ်မှာပဲ နားနားနေနေ နေရင်း ရုပ်ရှင်ဇာတ်ကားလေးတွေကြည့်ပြီး အချိန်ဖြုန်းမယ်ဆိုတဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ဇာတ်ကားတစ်ကားကို ညွှန်းချင်ပါတယ်။

 

အဲ… ဒါပေမဲ့ ထိတ်လန့်တာတွေကို ကြောက်တတ်တဲ့ အသည်းငယ်တတ်သူတွေ အနေနဲ့ကတော့ အခုပြောပြမယ့် ဇာတ်ကားလေးကို လုံးဝမကြည့်သင့်ပါဘူးလို့ ကြိုတင် သတိပေးထားပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ Read More

လူငယ်နဲ့လူကြီးကြား အမြင်မတူညီမှုတွေကို Drama လေးနဲ့ ဖော်ပြထားတဲ့ Sanam Teri Kasam

ဒီတစ်ခေါက်မှာတော့ တင်ဆက်ပေးနေကျ Hollywood ရုပ်ရှင်တွေမဟုတ်ပဲ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးနာမည်ကတော့ Sanam Teri Kasam ဖြစ်ပြီး အင်္ဂလိပ်လိုဘာသာပြန်လိုက်ရင်တော့ My love I swear this on you လို့အဓိပ္ပါယ်ရပါတယ်။ နာမည်လေးကိုကြည့်လိုက်တာနဲ့ အချစ်ကားလေးမှန်းတန်းသိကြမှာပါ။

 

The society ဆိုတဲ့ ရှေးရိုးစွဲလူတွေနေထိုင်တဲ့ အဆောက်အဦးမှာတော့ Read More

Netflix ရဲ့ ဇာတ်လမ်းတွဲ အသစ်မှာ ပါဝင်လာတော့မယ့် Kim So Hyun

Netflix ကတော့ ဒီနောက်ပိုင်းမှာ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေ ထွက်ရှိတာ အရမ်းကို များပြားနေပြီးတော့ အမေရိကန်ဇာတ်ကားများကိုသာမကပဲ အာရှဇာတ်ကားတွေ ဇာတ်လမ်းတွဲကိုပါ ရိုက်ကူးထုတ်လွှင့်လာပါတယ်။ အာရှဒေသအတွင်းက ရုပ်သံဇာတ်လမ်းတွဲလောကမှာဆိုရင် ကိုရီးယားစီးရီးတွေက ထိပ်ဆုံးနေရာကနေ ရပ်တည်နေတာမို့ Netflix ကနေလည်း ကိုရီးယားဇာတ်လမ်းတွဲတွေကို ထုတ်လုပ်လာခဲ့တဲ့အပြင် နာမည်ကြီးပြီးသား ဇာတ်လမ်းတွဲတွေကိုလည်း ပြန်လည်ဝယ်ယူပြသနေလျက်ရှိပါတယ်။

 

အခုလည်း Love Alarm ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို Read More

Park Bo Young က သူရဲ့ အချစ်ဦးပါလို့ ပြောခဲ့တဲ့ Wang Suk Hyun

Wang Suk Hyun ဆိုတာ အရမ်းကို ချစ်စရာကောင်းပြီး အသက်ကလေးနဲ့မလိုက်အောင် သရုပ်ဆောင်တော်တဲ့ ကိုရီးယား ကလေးသရုပ်ဆောင်လေးတစ်ဦးပါ။ သူ့ကို ကျွန်တော်တို့အားလုံး Scandal Makers ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ စတင်ရင်းနှီးခဲ့တာပါ။ ဒီဟာသကားလေးထဲမှာ ဝါရင့်မင်းသားကြီး Cha Tae Hyun နဲ့ မင်းသမီးချောလေး Park Bo Young တို့လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

 

အဲ့ဇာတ်ကားမှာ ပါဝင်ခဲ့စဉ်က ခြောက်နှစ်သားလေးပဲ ရှိနေသေးတဲ့ Wang Suk Hyun ဟာ အခုဆိုရင် Read More

ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် လျှောက်လှမ်းရမယ့် ဘဝခရီးကြမ်း Bad Papa

ဖခင်ကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် လူဆိုးတစ်ယောက်ဖြစ်ဖို့ လိုအပ်သလား။ မိသားစုကောင်းစားဖို့အတွက် ဘဝကိုစတေးခံနေတဲ့ ဖခင်တွေအများကြီး ဒီလောကထဲမှာ ရှိနေမယ်ဆိုရင်ရော သင်ငြင်းဆန်ချင်မလား။ ဒီလိုဖခင်မျိုးတွေဆိုတာ တကယ်ကို ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ တီဗီစီးရီးကောင်းကြိုက်သူတွေအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ လျှောက်လှမ်းရတဲ့လမ်းက ဘယ်လောက်တောင် ကြမ်းတမ်းခက်ထန်သလဲဆိုတာကို မီးမောင်းထိုးပြသွားမယ့် Bad Papa ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုနဲ့ မိတ်ဆက်လို့ပေးသွားချင်ပါတယ်။

 

မိသားစုဒရာမာ ဇာတ်လမ်းတွဲပုံစံမျိုးဖြစ်တဲ့ Bad Papa ဇာတ်လမ်းတွဲကို Read More

ဆန့်ကျင်ဘက် စရိုက်ရှိတဲ့ လူနှစ်ယောက်ရဲ့ အဖြစ်တွေနဲ့ The Long Dumb Road

The Long Dumb Road ဆိုတဲ့ ဇာတ်ကားဟာ ခရီးသွားရင်း တွေ့ရကြုံရလေ့ရှိတဲ့ အဖြစ်အပျက်တွေကို သဘာဝကျကျ၊ ဟာသဆန်ဆန်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိထားတာကတော့ နာမည်ကျော် ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Universal Picture ကုမ္ပဏီကပဲ ဖြစ်ပါတယ်။

 

ဇာတ်လမ်းအကြောင်းကို နည်းနည်း ပြောပြရရင်တော့ ဒီလိုပါ။ Nathan ဟာ Read More

ရယ်စရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ သူခိုးအကြီးစားတွေကို တွေ့ရမယ့် King Of Thieves

Brian ဟာ ငယ်ငယ်ကလေးကတည်းက ပစ္စည်းခိုးတဲ့နေရာမှာ လက်စလက်နရှိပြီး ပိပိရိရိနဲ့ လက်သည်မပေါ်အောင် ခိုးတတ်တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ အဲဒီအကျင့်ဟာ မိန်းမသေလို့ မုဆိုးဖိုဖြစ်နေရပြီး အသက် ၇၇ အရွယ် ရောက်နေတာတောင်မှ မပျောက်နိုင်ပါဘူး။ မြန်မာစကားတစ်ခုနဲ့ ပြောရမယ်ဆိုရင်တော့ စောရနက္ခတ်နဲ့ ယှဉ်မွေးလာလို့ မခိုးရရင် မနေနိုင်ဘူးဆိုတဲ့ လူစားမျိုးပဲ ဖြစ်ပါတယ်။

 

အဲဒီတော့ သူဟာ တစ်နေ့မှာတော့ ခိုးဖို့ကြံပြန်ပါတယ်။ သူကြံတာကလည်း Read More