Titanic ဇာတ်ကားကိုကျော်ပြီး ပြည်တွင်းတတိယဝင်ငွေအကောင်းဆုံးနေရာကိုရောက်လာတဲ့ Black Panther🙅🏿‍♂️

Wakanda Forever ကြီးကတော့ မှတ်ကျောက်အသစ်တင်လိုက်ပြန်ပါပြီ။ Released လုပ်ကတည်းက အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရယူပြနေခဲ့တာ အခု April လအထိကို မရပ်တန့်နိုင်အောင်ပဲ ဖြစ်ခဲ့ပြီး ပြည်တွင်းဝင်ငွေအကောင်းဆုံးဇာတ်ကားမှာ တတိယနေရာကို တက်လှမ်းနိုင်ခဲ့တာပါ။ Read More

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကပြစ်မှုအတွက် ထောင်၅နှစ်ကျခံရတော့မယ့် Salman Khan

 

ဘောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံးမင်းသားတစ်လက်ဖြစ်တဲ့ Salman Khan ကို ထောင်ဒဏ်ငါးနှစ်နဲ့ ဒဏ်ငွေ ရူပီး ၂၅၀၀၀ ($150 ခန့်) ကျခံဖို့ Jodhpur တရားရုံးချုပ်က မနေ့က စီရင်ချက်ချလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် Rajasthan မှာ ရိုက်ကူးရေးလုပ်ခဲ့စဉ်က မျိုးမသုဉ်းရေးအတွက်ကာကွယ်ထားတဲ့ blackbuck လို့ခေါ်တဲ့ သမင်မျိုးနွယ်ဝင်တိရိစ္ဆာန် နှစ်ကောင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုအတွက် စီရင်ချက်ချတာဖြစ်ပါတယ်။ Read More

ကင်ဆာတိုက်ဖျက်ရေးရန်ပုံငွေအတွက် ပန်းရောင် Deadpool ဝတ်စုံကိုရောင်းချနေတဲ့ Ryan Reynolds

deadpool fuckcancer

Deadpool မင်းသားကြီး Ryan Reynolds က သူ့ရဲ့ Twitter စာမျက်နှာကနေတစ်ဆင့် ပန်းရောင် Deadpool ဝတ်စုံကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဆိုပါဝတ်စုံဟာ ကင်ဆာရောဂါတိုက်ဖျက်ရေး ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ‘Fuck Cancer’ အဖွဲ့ (အဲဒါ အဖွဲ့ရဲ့နာမည်အမှန်ပါ) ရဲ့ ရန်ပုံငွေရှာဖွေတဲ့ Campaign အတွက်ဖြစ်ပါတယ်။ Fundraising Platform တစ်ခုဖြစ်တဲ့ Omaze မှာတင်ထားတဲ့အဆိုပါ Campaign မှာ အလှူငွေထည့်ဝင်မယ်ဆိုရင် ဒီ ပန်းရောင် Deadpool ဝတ်စုံကို ကံစမ်းလို့ရမှာဖြစ်ပြီး Deadpool နဲ့သက်ဆိုင်တဲ့ အခြားစိတ်ဝင်စားဖွယ် အမှတ်တရပစ္စည်းတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

 

အဆိုပါဗီဒီယိုထဲမှာ Deadpool ကတော့ ထုံးစံအတိုင်း သူ့ရဲ့မထုံတက်သေးလေသံနဲ့ Campaign အကြောင်းကိုရှင်းပြထားတာကိုတွေ့ရမှာပါ။ ပြီးတော့ ဒီဝတ်စုံကို အသုံးပြုလို့ရမယ့် ဥပမာလေးတွေလည်းပေးထားပါသေးတယ်။ ကဲ.. မေလ ၁၈ ရက်နေ့ပြမယ့် ‘Deadpool 2’ မတိုင်မီ ဒီ Pink Deadpool လေးကို အမြည်းအနေနဲ့ကြည့်ထားပြီး ခွီလိုက်ကြပါဦး… 🤣
Read More

လက်တွေ့ကမ္ဘာထဲကိုရောက်လာတော့မယ့် Stranger Things

Netflix အတွက်ဝင်ငွေအများဆုံးစံချိန်ကိုချိုးပေးခဲ့တဲ့ Stranger Things ထဲက Hawkins ဓာတ်ခွဲခန်းကြီးထဲကို ဝင်ကြည့်ချင်တဲ့ဘော်ဘော်တွေကို လက်တို့လိုက်ကြပါဦး!!! ဒီနှစ် Halloween မှာ Stranger Things ဟာ Universal Studio ဆီကို အရောက်လာတော့မှာတဲ့။

စိတ်ကူးယဉ်ဆန်လွန်းတဲ့ မှော်ဆန်တဲ့ဇာတ်လမ်းတွေဖြစ်တဲ့ Harry Potter လိုမျိုးဇာတ်ကားတွေဟာ Universal Studio တွေကို အပိုဝင်ငွေသောက်သောက်လဲပေးနိုင်တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။ အခုဒီတစ်ခေါက်လဲ အကွက်မြင်လွန်းတဲ့ Universal Studio ကတော့ Stranger Things ကို Studio လောကထဲကို Read More

`Netflix´ ကနေထုတ်လွှင့်ပြသမယ့် `Busted´ Variety Show အသစ်ရဲ့ Release Date ထွက်လာ

American Entertainment Company တစ်ခုဖြစ်တဲ့ `Netflix´ ကနေထုတ်လွှင့်ပြသမယ့် `Busted´ Variety Show ရဲ့ Release Date လေးထွက်လာပါပြီ။ ကာလကြာမြင့်စွာစောင့်ဆိုင်းခဲ့ရတဲ့ ဒီ Variety Show အသစ်လေးကို မေလ၄ရက်နေ့မှာစတင်ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။

၂၀၁၇ ထဲကစတင်ပုံဖော်ဖန်တီးလာခဲ့တဲ့ `Busted´ အမည်ရတဲ့ Variety Show လေးဟာဆိုရင်တော့ဖြင့် ယခင်ကတခါမှရိုက်ကူးခြင်းမရှိတဲ့ ပုံစံလေးနဲ့ပရိတ်သတ်ကြီးရှေ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ ဒီ Show လေးမှာဆိုရင် `Running Man´ အဖွဲ့ဝင်တွေဖြစ်တဲ့ Yoo Jae Suk နဲ့ Lee Kwang Soo, Ahn Jae Wook, Kim Jong Min, Park Min Young, နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် `Exo´ အဖွဲ့ဝင် Sehun နဲ့အတူ `Gugudan´ ရဲ့ Kim Sejeong Read More

Conjuring နဲ့ IT ရုပ်ရှင်ကားတို့ရဲ့ထုတ်လုပ်သူများပူးပေါင်းရိုက်ကူးမယ့် The Tommyknockers

သဲထိတ်ရင်ဖိုစာရေးဆရာကြီး Stephen King ရဲ့ The Tommyknockers ဇာတ်လမ်းဟာ Sci-fi/horror အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ထုတ်လုပ်သူတွေဖြစ်တဲ့ James Wan နဲ့ Roy Lee တို့က ပူးပေါင်းရိုက်ကူးထုတ်လုပ်နေကြပါတယ်။ Producer James Wan ဟာ အောင်မြင်ခဲ့တဲ့ သဲထိတ်ရင်ဖိုရုပ်ရှင် The Conjuring ရဲ့ထုတ်လုပ်သူဖြစ်ပြီး Roy Lee ကတော့ ၂ဝ၁၇ IT ရုပ်ရှင်ကားကိုထုပ်လုပ်သူပါ။ The Tommyknockers ရုပ်ရှင်ဟာ ဒီလို Producer နှစ်ယောက်ပူးပေါင်းထုတ်လုပ်တာဖြစ်တဲ့အပြင် ဇာတ်လမ်းကလဲ နာမည်ကြီး ဝတ္ထုဖြစ်တာကြောင့် သည်းထုတ်ရင်ဖိုရုပ်ရှင်ကို နှစ်သက်သူတွေ စောင့်မျှော်အားပေးကြမယ့် ကားကောင်းတစ်ကားဖြစ်မှာ သေချာပါတယ်။ ဒီဇာတ်လမ်းဟာ နူကလီးယားအန္တရာယ်တွေ၊ Read More

အသံမထွက်ရဲလောက်အောင် ကြောက်စရာကောင်းတဲ့ A Quiet Place

2018 ရဲ့ Horror list ထဲကို မကြာခင်ဝင်ရောက်လာတော့ A Quiet Place ရုပ်ရှင်ကတော့ မထွက်သေးခင်ကို နာမည်ကြီးနေပါတယ်။ Horror fan တွေအနေနဲ့ မဖြစ်မနေကြည့်ရမယ့်ရုပ်ရှင်တစ်ကားလို့ ဆိုလိုချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ John Krasinski ကိုတိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတာဖြစ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ Emily Blunt နဲ့ John Krasinski တို့ဟာ တကယ့်အပြင်ဘဝမှာလည်း လင်မယားတွေဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သူတို့ဟာ မိသားစု ၄ယောက်ရှိပြီး အသံထွက်လို့

Read More

မင်းသားကြီး Hyun Bin ရဲ့ Drama အသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် Park Shin Hye

Hyun Bin (Secret Garden) ရဲ့ ၃ နှစ်ကြာပြီးနောက်မှ ပထမဦးဆုံးရိုက်ကူးမယ့် Fantasy Melodrama လေး ‘Memories Of Alhambra’ ဇာတ်ကားမှာ သဘာဝမင်းသမီးချောလေး Park Shin Hye (The Heirs, Doctors) က ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို သူမရဲ့ Agency မှနေပြီး Confirm လုပ်လိုက်ပါတယ်။ ‘Memories Of Alhambra’ ဇာတ်ကားသစ်လေးကိုတော့ ‘W’ ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တဲ့ Director Song Jae Kyung, ‘Stranger’ ဇာတ်လမ်းတွဲကို ရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Ahn Gil Ho တို့ကပူးပေါင်းပြီး ဖန်တီးရိုက်ကူးကြမယ်လို့ သိရပါတယ်။
Read More

အာရှရဲ့ မင်းသားလေးလို့ တင်စားကြတဲ့ သရုပ်ဆောင် Jang Geun Suk ရဲ့ ရက်ရောတဲ့ အလှူ

ရုပ်ချော သဘောကောင်းဆိုတာ ဒါမျိုးကို ပြောတာနေမှာ ဟီး 😝

အာရှရဲ့ မင်းသားလို့ တင်စားကြတဲ့ သရုပ်ဆောင်မင်းသား Jang Geun Suk က သူတက်ခဲ့တဲ့ Hanyang University ကို 100 million KRW (94,000 USD) မြန်မာငွေတန်ဖိုးအရဆို သန်းပေါင်း ၁၂၀ ကျော် ကို Scholarship အဖြစ်ပေးအပ်တဲ့အနေနဲ့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Hanyang University ကတော့ အဲ့ဒီလှူဒါန်းငွေတွေကို ကျောင်းသားတွေကို ကူညီပေးဖို့အတွက် “Jang Geun Suk Scholarship” ဆိုတဲ့ ပညာသင်ထောက်ပံ့ငွေပဒေသာပင် တည်ထောင်လိုက်တယ်လို့သိရပါတယ်။ Read More

ငယ်ဘဝ ကို ပြန်သတိရစေမယ့် 90’s Movies တွေ

ဒီရုပ်ရှင်တွေထဲက အချို့ကိုတော့ ငယ်ငယ်က ကြည့်ဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် အချိန်တွေလည်း အတော်ကြာပြီဆိုတော့ မေ့လောက်ရှိရောပေါ့။ တကယ်လို့ မကြည့်ရသေးရင်လည်း မဖြစ်မနေ ပြန်ရှာကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

(၁) The Parent Trap (1998)

Lindsay Lohan က အသက်ကြီးမှသာ Drug Addiction ဖြစ်ပြီး နာမည်ပျက်တွေရှိလာပေမယ့် ငယ်စဉ်ကတော့ အင်မတန် ချစ်စရာကောင်းခဲ့တာပါ။ Parent Trap ထဲမှာ Lindsay Lohan ၂ ကိုယ်ခွဲအမွှာ အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ကြည့်ရတာ ပျော်စရာကောင်းပါတယ်။ ကွဲနေတဲ့ အဖေ နဲ့ အမေ ကို ပြန်လည်ပေါင်းစီးပေးဖို့ ကလေး ၂ ယောက် ပေါင်းပြီး ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးပါ။ မြန်မာကားအနေနဲ့ အဲ့ခေတ်က ပြန်ရိုက်ထားတဲ့ “၂ မွှာအသည်း” ဆိုတဲ့ ဇာတ်ကားကလည်း

Read More