သားချောလေးတွေကြောင့် ချွေးမလောင်းတွေကြားမှာ မျက်နှာပွင့်လာအုံးမယ့် Megan Fox

မော်ဒယ်လ်တစ်ယောက်ဖြစ်သလို၊ သရုပ်ဆောင်မင်းသမီး တစ်လက်လည်းဖြစ်တဲ့ Megan Fox ဟာ သူမ သားတွေရဲ့ပုံကို the_native_tiger လို့ အမည်ပေးထားတဲ့ သူမရဲ့ Instagram ပေါ်မှာ ခဏခဏ မတင်တတ်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ သူမ သားလေးတစ်ယောက်ရဲ့ ပုံလေးတစ်ပုံကို ရှားရှားပါးပါးဆိုသလို တင်ခဲ့တာ တွေ့ရပါတယ်။ Instagram ပေါ်မှာ Fox တင်ခဲ့တဲ့ပုံလေးထဲက ချာတိတ်လေးဟာ သူမ မွေးထားတဲ့ သားသုံးယောက်ထဲက အငယ်ဆုံးသားလေးဖြစ်ပြီး နာမည်လေးကတော့ Journey ပဲ ဖြစ်ပါတယ်။ ပုံလေးထဲမှာတော့ ၁ နှစ်သားအရွယ်ပဲရှိသေးတဲ့ Journey လေးဟာ ရင်ဘတ်မှာ လိပ်နင်ဂျာပုံလေးတွေပါတဲ့ အစိမ်းရောင် Read More

သုဿန်မှာ ခပ်မြူးမြူးပို့စ်တွေနဲ့ ဆယ်လ်ဖီဆွဲခဲ့မိတာကို တောင်းပန်လိုက်တဲ့ Katherine Heigl

Katherine Heigl ဟာ 27 Dresses, The Ugly Truth, Killers, Life As We Know It စတဲ့ ခပ်မြူးမြူး ဒရာမာ ဇာတ်ကားတွေထဲမှာ ခပ်တည်တည်နဲ့ အရွှန်းဖောက်ပြီး သရုပ်ဆောင်ကောင်းခဲ့တဲ့ ဟောလီးဝုဒ်က နာမည်ကျော် မင်းသမီးတစ်လက်ဆိုတာကို ရုပ်ရှင်ချစ်သူတွေ သိပြီးသားပဲလို့ ထင်မိပါတယ်။ ဒါပေမဲ့ Katherine လက်ရှိသုံးနေတဲ့ Instagram ကို အကဲခတ်ကြည့်ရသလောက် ပြောရမယ်ဆိုရင်တော့ သူမဟာ ရုပ်ရှင်တွေထဲမှာတင် အဲဒီလိုစရိုက်တွေနဲ့ သရုပ်ဆောင်ကောင်းတာမျိုး မဟုတ်လောက်ပါဘူး။ သူမရဲ့ Instagram ပေါ်မှာ တင်တတ်တဲ့ ပုံအများစုက ရယ်ရယ်မောမောနဲ့ ပျော်စရာကောင်းနေတဲ့ပုံတွေမို့ သူမဟာ ပြင်ပလောကမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ပျော်ပျော်နေတတ်တဲ့ စရိုက်ရှိပုံရပါတယ်။

 

အဲ… လွန်ခဲ့တဲ့ ရက်သတ္တပတ်ထဲမှာတုန်းကတော့ သူမရဲ့ Instagram ပေါ်မှာ အဲလိုစရိုက်မျိုးနဲ့ တင်ခဲ့တဲ့ ပုံတစ်ပုံကြောင့် Katherine ဟာ လူပြောစရာ နည်းနည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Katherin တင်ခဲ့တဲ့ပုံကတော့ New York က သူမ ဆွေမျိုးတွေရှိရာ Buffalo ကိုသွားရင်း သင်္ချိုင်းကုန်းတစ်ခုထဲက အုတ်ဂူတွေနားမှာ ရိုက်ခဲ့တဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ပုံတွေနဲ့ပတ်သတ်ပြီး Read More

အားလုံးစောင့်မျှော်နေကြတဲ့ ‘Skyscraper’ ရုံတင်တော့မည်…

ဒီတခါတော့ မင်းသားကြီး Dwayne Johnson (The Rock) ရဲ့ ‘Skyscraper’ ရုပ်ရှင်ဇာတ်ကားကြီးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ရုံတင်ပြသတော့မယ့်အကြောင်းကို JCGV ကကြေငြာထားတာ တွေ့ရပါတယ်။ ဒီနှစ်ကတော့ Dwayne Johnson ရဲ့နှစ်လို့ ဆိုရမလိုဖြစ်နေပါပြီ။ ဒီနှစ်ထဲမှာ မကြာခဏဆိုသလို Dwayne Johnson ရဲ့ ဇာတ်လမ်းသစ်တွေ ရုံတင်နေတာကို တွေ့ရပါတယ်။ ‘Skyscraper’ ဇာတ်ကားကြီးကိုတော့ JCGV ရဲ့အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ US ရဲ့ official release date နှင့်အတူ ဇူလိုင်လ ၁၃ရက်နေ့မှာ ရုံတင်ပြသပေးသွားမှာဖြစ်ပြီး တရုတ်နိုင်ငံ ပေကျင်းမှာတော့ ဇူလိုင်လ ၁ရက်နေ့ကတည်းက စတင်ပြသနေတာဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းဖြစ်တည်ပုံက မင်းသားကြီး Dwayne Johnson ဟာ FBI ရဲ့ အဖွဲ့ဟောင်းတစ်ဦးဖြစ်ပြီး Read More

Frankenstein ပရိသတ်တွေ မဖြစ်မနေကြည့်သင့်တဲ့ Mary Shelley 

မဖြစ်မနေကြည့်သင့်တယ်ဆိုကတည်းက ဘာကြောင့်များလဲလို့ တွေဝေသွားမိမှာ သေချာပါတယ်။ ဟုတ်ပါတယ် ဘာကြောင့်လဲ ဆိုတာကတော့ Frankenstein ရုပ်ရှင်တွေ ကြည့်ဖူးသူတိုင်းကို ဆိုလိုလိုက်တာပါ။ သင်ဟာ Frankenstein ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူဆိုရင်တော့ Frankenstein ဖြစ်ပေါ်လာပုံကို မဖြစ်မနေသိသင့်တဲ့အတွက် ဒီဇာတ်ကိုမဖြစ်မနေကြည့်ရပါလိမ့်မယ်။ Mary Shelley ဆိုတဲ့ ဒီရုပ်ရှင်ကတော့ Victor Frankenstein ဆိုတဲ့ လူကြီးဖြစ်ပေါ်လာဖို့ အစပြုလာတဲ့ ရုပ်ရှင်ပါ။

ဒီဇာတ်ကားရဲ့ပုံစံလေးက romantic ဆန်ဆန် drama ဇာတ်ကားဖြစ်ပြီး Mary Shelley ဆိုတဲ့စာရေးဆရာမလေး အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Mary Shelley ဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ရှိအမျိုးသား Read More

Disney ချစ်သူလေးတွေအတွက် မကြာခင်ပြသတော့မယ့် The Nutcracker and the Four Realms

ငယ်ရွယ်စဉ်ကလေးဘဝကတည်းက ကလေးတိုင်းလိုလို အတူကြီးပြင်းလာခဲ့ရတဲ့ Disney ကမ္ဘာလေးကိုတော့ ဘဝအတွက် အမြဲမှတ်မှတ်ရရရှိနေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်အသက်အရွယ်ကိုဘဲရောက်ရောက် Disney ကဇာတ်ကားလေးတွေဟာ ရိုးမသွားနိုင်ဘဲ ဒီနေ့ထိလည်း ဖန်တီးမှုအသစ်တွေနဲ့ ပရိသတ်ကို ချပြနေဆဲပါ။ အခုတခါလည်း Disney ကနေ ပရိသတ်အတွက် The Nutcracker and the Four Realms လို့အမည်ရတဲ့ ဇာတ်ကားအသစ်တစ်ကားကို ချပြဖို့ရှိနေပါတယ်။ ဒီဇာတ်ကားလေးကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကြေငြာထားပြီး fantasy film လို့ခေါ်တဲ့ Disney ရဲ့ပုံစံအတိုင်း စိတ်ကူးယဉ်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Lasse Hallström ကနေ E. T. A. Hoffmann’s The Nutcracker and the Mouse King  ဆိုတဲ့ စာအုပ်ကိုအခြေခံပြီး ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။

 

ဒီဇာတ်ကားမှာတော့ Disney ရဲ့ပုံစံအတိုင်း မှော်ပညာတွေ Read More

Outstanding Achievement Award ရရှိခဲ့တဲ့ Benedict Cumberbatch

South Bank Sky Awards ဆုပေးပွဲကိုတော့ ဇူလိုင်လ ၁ ရက်နေ့ London မှာကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အနုပညာနယ်ပယ်အသီးသီးက ထူးချွန်သူတွေကို ဂုဏ်ပြုဆုတွေချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခံရတဲ့အထဲမှာ Rapper ဖြစ်တဲ့ Stormzy, Paddington ဇာတ်ကား နဲ့ Dr. Strange မင်းသား Benedict Cumberbatch တို့လည်းပါဝင်ခဲ့ပါတယ်။ Benedict ဟာ ဒီပွဲမှာတော့ ရုပ်ရှင်ဇာတ်ဆောင်ဆုရခဲ့တာမဟုတ်ပဲ Outstanding Achievement ဆုကိုရရှိခဲ့တာပါ။ ဆုချီးမြှင့်ပေးတဲ့သူကလည်း အခြားသူမဟုတ်ပဲ Benedict ရဲ့သူငယ်ချင်း Tom Hiddleston (Loki) ကပေးခဲ့တာဖြစ်ပါတယ်။ ဆုရရှိခဲ့တာနဲ့ပတ်သတ်ပြီး Tom က

“ He can do anything; he has done almost everything. He’s a great actor, a great man and I’m glad to call him my friend ”

” သူက အရာအားလုံးကိုစွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ပါ။ Read More

သဲထိတ်ရင်ဖိုအကောင်ကားတွေ ကြိုက်တယ်ဆိုရင် လက်မလွှတ်သင့်တဲ့ The MEG

ဒီ The MEG ရုပ်ရှင်ဇာတ်ကားကတော့ ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်နိုင်တဲ့ ဇာတ်ကားဖြစ်တာကြောင့် အားလပ်ရက်မှာ မိသားစုနဲ့ အပန်းဖြေချင်သူတွေအတွက် အတူတူကြည့်လို့ရနိုင်မယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကားရဲ့ official release date က သြဂုတ်လ ၁၀ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံကြီးများမှာလည်း မကြာခင်ရုံတင်ပြသမယ်လို့လည်း ကြေငြာထားတာကို တွေ့ရပါတယ်။

ဇာတ်လမ်းပုံစံဖြစ်တည်လာပုံက megalodon လို့အမည်ရတဲ့ ငမန်းကြီးဟာ အကောင်အရွယ်စား ၇၅ ပေလောက်ရှိပြီး Read More

၇ပတ်မြောက်အနေနဲ့ ရုံတင်နေဆဲ ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကြီး

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ တော်တော်များများကြည့်ပြီးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ပြီး အခုဆိုရင်အားပေးဝန်းရံသူပရိသတ်များပြားနေတာကြောင့် ၇ပတ်မြောက်အနေနဲ့ ရုံတင်နေရဆဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့အတွက် ပညာပေးရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တာကြောင့်လည်း ကြည့်ဖူးသူတိုင်း  ပရိသတ်ရင်ထဲကို အမြဲကျန်ရစ်နေစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကအတွက်တော့ အခုလို ၂လနီးပါးကြာအောင် Read More

မြို့ပြအညှော်တွေကို Hawaii ကျွန်းမှာ ခေတ္တရှောင်ရှားခဲ့တဲ့ Zac Efron

ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ ကိုယ်နေထိုင်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်တွေထဲက… နေ့စဉ်ဆုံနေကျ လူတွေ၊ ကြုံနေကျ အဖြစ်အပျက်တွေ၊ လုပ်နေကျ အလုပ်တွေ… စတဲ့ အရာတွေပေါ်မှာ တစ်ခါတလေကျရင် ရိုးအီလာတတ်ကြပါတယ်။ ညည်းငွေ့လာတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စိတ်တွေ အညောင်းမိလာတတ်ကြပါတယ်။ စိတ်တွေအညောင်းမိတဲ့ ကိစ္စက အနည်းအကျဉ်းဆို သိပ်မသိသာပါဘူး။ အဲ… တဖြည်းဖြည်းနဲ့ စုပုံပြီး အစိုင်အခဲအဖြစ် များလာတဲ့ အခါတွေမှာတော့ ဖြစ်လေ့ဖြစ်ထရှိတတ်တာ တစ်ခုရှိတယ်။ အဲဒါကတော့ Stress လို့ခေါ်တဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်တာတာပါပဲ။ Stress တွေ များလာတဲ့အခါမှာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်နေရတဲ့ အလုပ်တွေပေါ်မှာ အာရုံစူးစိုက်နိုင်မှုတွေ လျော့တိလျော့ရဲ ဖြစ်လာတတ်ကြတယ်။ ရလာဒ်ကောင်းတွေလည်း နည်းပါးလာတတ်ကြတယ်။ အဲဒါကြောင့် Stress တွေ ပြေပျောက်စေဖို့အတွက် လူတွေဟာ အမျိုးမျိုး ကြံစည်တတ်ကြတယ်။ ဖန်တီးတတ်ကြတယ်။

များသောအားဖြင့် Stress တွေ ပြေပျောက်ဖို့အတွက် လူတွေလုပ်တတ်တာ Read More

Instagram ပေါ်ကို စတင်ရောက်ရှိလာပြီဖြစ်တဲ့ Julia Roberts

Julia Roberts ဟာ ၁၉၉၀ ခုနှစ်လောက်ကနေစပြီး အခုလက်ရှိ အချိန်ကာလအထိ အောင်မြင်ကျော်ကြားခဲ့တဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကား အများအပြားထဲမှာ ပါ၀င်သရုပ်ဆောင်ခဲ့ဖူးတဲ့ ဒိတ်ဒိတ်ကျဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဒါကို အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ အဲဒီလို နာမည်ကြီးမင်းသမီးတစ်လက် ဖြစ်နေခဲ့ပေမယ့် Julia Roberts ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သတ်လာရင် အမြဲတိတ်တဆိတ်နဲ့ လျှို့လျှို့ဝှက်ဝှက် ရှိနေတတ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကာလတွေတုန်းက InStyle မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာဆိုရင် “Instagram တွေ ဘာတွေကို သုံးရမှာထက် အလုပ်ပြီးသွားရင် မိသားစုနဲ့ပဲ ပျော်ရွှင်စွာ အချိန်ဖြုန်းချင်ပါတယ်”… လို့ ဖြေခဲ့ဖူးပါသေးတာပါ။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ နာမည်ကျော်တွေကစလို့ Read More