Maze Runner ရဲ့ မကြာခင်ပြသတော့မယ့် The Death Cure

Maze Runner Chapter တွေကို စဉ်ဆက်မပျက်ကြည့်လာတဲ့ သူတွေအတွက် သတင်းကောင်းလာပါပြီ။ မကြာခင်ရုံတင်ပြတော့မယ့် Maze Runner ရဲ့ Final  Chapter ဖြစ်တဲ့ The Death Cure ကိုတွေ့မြင်ခံစားရတော့မှာ ဖြစ်ပါတယ်။ Thomas တစ်ယောက် ချစ်ရတဲ့ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုခံရ၊ အချစ်ဆုံးသူငယ်ချင်းကလည်း ဖမ်းဆီးခြင်းခံရ၊ ဒီလို အပူမီးတွေဝိုင်းနေတဲ့ အချိန် ‘ငါပြေးလွှားနေရတာကို မုန်းနေပြီ၊ ဆက်လည်းမပြေးချင်တော့ဘူး၊ ဘာပဲဖြစ်ဖြစ်အရာအားလုံးထိပ်တိုက်ပဲ ရင်ဆိုင်တော့မယ်ကွာ’ ဆိုပြီး The Scorch Tirals ကို အဆုံးသတ်ပြီးတဲ့နောက်မှာတော့ အခု  The Death Cure မှာရော ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပိုပြီးစိတ်ဝင်စားစရာကောင်းနေပါပြီ။ ဒီတော့ အခုနောက်ဆုံးထွက်ရှိလာတဲ့ The Death Cure ရဲ့ Trailer လေးကိုကြည့်ရင်း အကြိုရင်ခုန်လိုက်ရအောင်နော်။ အရှေ့မှာ ထွက်ရှိခဲ့တဲ့ The Maze Runner (2014)  နဲ့ Maze Runner: The Sorch Trials (2015) တို့လို ၂၀၁၈ ရဲ့ Final  Chapter ဖြစ်တဲ့The Death Cure မှာရော Thomas ရဲ့ စွန့်စားခန်းတွေကို ဘယ်လိုစိတ်ဝင်စားဖွယ်ရာ mission တွေနဲ့ ဖန်တီးထားမလဲဆိုတာကိုတော့ January 26 မှာ release လုပ်တော့မှာဖြစ်လို့ အားလုံးကတော့ ရင်ခုန်စိတ်လှုတ်ရှားရင်း စောင့်မျှော်နေကြပါပြီ။

Unstoppable Disney – 20th Century Fox ကို ဒေါ်လာ ၅၂.၄ ဘီလျံနဲ့ဝယ်ယူဖို့ကြံစည်နေပြီ

၁၉၃၅ ခုနှစ်မှာ William Fox စတင်တည်ထောင်ခဲ့တဲ့ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကြီးဟာ များမကြာခင်မှာ Walt Disney ရဲ့ လက်ထဲမှာကျဆင်းရတော့မှာပါ။ ၂၀၁၇ ဒီဇင်ဘာလလယ်လောက်မှာ Walt Disney က Fox ကို ၅၂.၄ ဘီလျံလောက်နဲ့ ဝယ်ယူတော့မယ့်အကြောင်းသတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။

Walt Disney လို့ဆိုလိုက်တာနဲ့ မသိသူမရှိတဲ့အပြင် ချစ်စရာ mini mouse  လေးကိုတောင် မျက်စိထဲမြင်လာတဲ့ထိ အောင်မြင်နေခဲ့တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ အကြီးအကျယ်အောင်မြင်နေတဲ့ Walt Disney ဟာ သူ့လုပ်ငန်းကို ဒီလောက်နဲ့မရပါပဲ ပိုပိုပြီး ကြီးကျယ်အောင် ကြံစည်နေတာကို Pixar (2006), Marvel studios (2009) တို့နဲ့ lucasfilm (2012) စတဲ့ တခြားနာမည်ကြီး production တွေကိုဝယ်ယူနေတာကိုကြည့်တာနဲ့သိနိုင်ပါတယ်။

အခုနောက်ဆုံးရသတင်းအရဆိုရင်တော့ 20th Century Fox ရဲ့ လုပ်ငန်းတစ်ခုလုံးနီးပါးကို အပိုင်သိမ်းမယ့်အနေအထားရှိပြီး Fox အတွက်ကျန်ခဲ့မှာကတော့ Fox network နဲ့ Fox News ၂ခုနဲ့ပဲကျန်ရစ်ရပ်တည်ရတော့မှာဖြစ်ပါတယ်။

Fox အနေနဲ့ ဘာကြောင့် Disney ကိုထိုးပေးလိုက်ရလဲဆိုတဲ့ ဆင်ခြေတွေရှိနေမှာပါ။ ကြားရသလောက်ဆိုရင်တော့ တစ်အချက်– Disney ဖက်က Fox မငြင်းနိုင်လောက်တဲ့ ငွေကြေးပမာဏကိုပေးနိုင်တာ၊ နှစ်အချက်– Fox ပိုင်ရှင်မိသားစုအနေနဲ့  Fox ကိုပေးလိုက်ရပေမယ့် အပြန်အလှန်အနေနဲ့ Disney  ရဲ့ ရှယ်ယာတစ်ချို့ကို ပြန်ရမှာဖြစ်တဲ့အတွက်ရယ်၊ သုံးအချက်အနေနဲ့ကတော့ရှင်းပါတယ် ခုလိုမီဒီယာခေတ်ကြီးထဲမှာ Fox အနေနဲ့ တကိုယ်တည်း ရပ်တည်နေနိုင်ဖို့မလွယ်ကူနိုင်တော့ဘူးဆိုတာ သိလာနေပြီဆိုမှတော့ ဝယ်သူရှိတုန်း ရောင်းထားလိုက်တာ ပိုကိုက်မယ်မလား။ ကိုယ့်ထက်ပိုကြီးတဲ့ production တွေနဲ့ ယှဉ်ပြိုင်ဖို့ အင်အားမလုံလောက်ရင် ကြိုပြီးပူးပေါင်းထားမှ အသက်ရှုချောင်မယ့် အခြေအနေမျိုးကို Fox အနေနဲ့ တွေးမိထားမယ်ထင်တာပါပဲ။ အဲ့ဒီအပြင် တခြားအကြောင်းအရာတွေနဲ့ မိသားစုအရှုပ်အထွေးတွေလဲရှိတယ်လို့ ကြားမိပါတယ်။

ကဲ ဘယ်လိုပဲပြောပြော Disney  လက်အောက်ထဲရောက်သွားမယ့် Fox ကနေရော ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတွေထွက်လာဦးမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်နော်..