မကြာမီ လာမည်မျှော်ဆိုတဲ့ လိပ်နင်ဂျာ ဇာတ်ကားသစ်

Teenage Mutant Ninja Turtles (TMNT) ဆိုတဲ့ ကမ္ဘာကျော်ဇာတ်ကောင် လိပ်နင်ဂျာ လေးယောက်ဟာ ကမ္ဘာတစ်ဝှမ်းက ယောကျာ်းလေးအများစုရဲ့ ငယ်သူငယ်ချင်းတွေလို့တောင် ပြောလို့ရနိုင်တဲ့ နာမည်ကျော် ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ လိပ်နင်ဂျာဆိုရင် ကာတွန်းဇာတ်ကောင်လေးတွေ အဖြစ်နဲ့တင်မကဘဲ လိပ်နင်ဂျာအရုပ်၊ လိပ်နင်ဂျာ ကာတွန်းစာအုပ်၊ လိပ်နင်ဂျာဝတ်စုံ၊ လိပ်နင်ဂျာ Game စတာတွေအထိပါ စွဲလမ်းခဲ့ကြရတာမို့ပါ။

 

 

လိပ်နင်ဂျာ လေးယောက်ကို Read More

၂၄ နာရီမပြည့်ခင် ကြည့်ရှု့သူ ၁၅ သန်း ကျော်သွားခဲ့တဲ့ Spider- Man: Far From Home

Sony ကုမ္ပဏီနဲ့ Marvel စတူဒီယိုတို့ဟာ ဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက Spider- Man: Far From Home ဇာတ်ကားရဲ့ ပထမဦးဆုံးသော Trailer လေးကို You Tube ပေါ်က သူတို့ရဲ့ Channel ပေါ်မှာ တင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ Infinity War ဇာတ်ကားပြီးကတည်းက ပရိသတ်တွေရဲ့ မြင်ကွင်းတွေထဲကနေ ပျောက်ကွယ်နေခဲ့ရတဲ့ Spider- Man တစ်ဖြစ်လဲ Peter Parker ကို ဒီဇာတ်ကား နမူနာလေးထဲမှာ တစ်ဝကြီး ပြန်တွေ့လိုက်ကြရမှာ ဖြစ်ပါတယ်။

 

Spider- Man: Far From Home ဇာတ်ကားရဲ့ Read More

Tom Cruise ပြောတဲ့ Mission: Impossible ဇာတ်ကားသစ် ၂ ကား အကြောင်း

MI ဇာတ်ကားတွေလို့ အတိုကောက်ခေါ်ကြတဲ့ Mission: Impossible ဇာတ်ကားတွေရဲ့ အစဟာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ အမေရိကန်က တီဗီဇာတ်လမ်းတွဲတစ်ခုကို အခြေခံပြီး ပြန်ရိုက်ထားတာ ဖြစ်တယ်ဆိုတဲ့ MI ဇာတ်ကားထဲက အဓိက ဇာတ်လိုက်ကတော့ အားလုံးသိကြတဲ့အတိုင်း ရွှေကမ္ဘာလုံးဆုအပါအဝင် ရုပ်ရှင်ဆိုင်ရာ ထူးချွန်ဆုများစွာတို့ရဲ့ အရှင်သခင်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်မင်းသား Tom Cruise ပဲ ဖြစ်ပါတယ်။

 

 

၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဦးဆုံးသော Read More

အပိုင်း ၂ ကို ဆက်ရိုက်ဖို့ သေချာသွားပြီဖြစ်တဲ့ Venom

ဒီ ၂၀၁၉ နှစ်ဦးပိုင်းမှာ ဟောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်းက ကြားရသမျှ သတင်းတော်တော်များများဟာ တကယ့် သတင်းကောင်းတွေချည်းပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာတုန်းကလည်း မနှစ်က နာမည်အရမ်းကျော်ခဲ့တဲ့ Venom ဇာတ်ကားရဲ့အဆက် Venom – 2 ကို ဆက်ရိုက်တော့မယ်ဆိုတဲ့ သတင်းတွေကို ကြားလိုက်ရပါသေးတယ်။

 

အဲဒီသတင်းကောင်းကို တရားဝင် ထုတ်ပြောခဲ့သူကတော့ Read More

Captain Jack Sparrow အဖြစ် ထပ်တွေ့ရတော့မှာ မဟုတ်တဲ့ Johnny Depp

johnny depp

ခေါင်းစဉ်တပ်ထားတဲ့ အတိုင်းပါပဲ။ ၂၀၁၈ ကုန်ဖို့ ရက်ပိုင်းအလိုမှာ ဟောလီးဝုဒ် ရုပ်ရှင်အသိုင်းအဝိုင်းကနေ တရားဝင် ထွက်ရှိလာတဲ့ သတင်းတစ်ခုဟာ Johnny Depp ရဲ့ ပရိသတ်တွေအတွက် တကယ့်ကို စိတ်မကောင်းစရာ ဖြစ်စေခဲ့ပါတယ်။

 

တကယ်တော့ ၂၀၀၃ ခုနှစ်ကတည်းက စထွက်ခဲ့တဲ့ Pirates of The Caribbean ဇာတ်ကားတွေနဲ့ အဲဒီဇာတ်ကားတွေထဲက အဓိက ဇာတ်ကောင် Captain Jack Sparrow အဖြစ် သရုပ်ဆောင်ကောင်းခဲ့တဲ့ မင်းသား Depp Read More

လူသားတွေကို အကျိုးပြုမယ့် စက်ရုပ်လေး F.R.E.D.I.

ချမ်းအေးလှတဲ့ ဒီဇင်ဘာလကာလလေးအတွင်းမှာ ကိုယ်ရဲ့သားသားမီးမီး တူတွေတူမလေးတွေနဲ့ ရုပ်ရှင်ကြည့်ရင်း အနားယူမယ်ဆိုရင်တော့ F.R.E.D.I. ဇာတ်ကားလေးကို မမေ့နဲ့နော်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကလေးအကြိုက် ဇာတ်ကားလေးတစ်ကားဖြစ်လို့ ဒီကားလေးဖွင့်ပြထားလိုက်ရင် ကဲပေ့သောင်းကျန်းပေ့ဆိုတဲ့ ကလေးတွေပါ ငြိမ်ကျသွားပြီး ဇာတ်ကားထဲမှာ စီးမြောသွားကြပါလိမ့်မယ်။

 

F.R.E.D.I. ကားလေးက Read More

Netflix ကနေ ပြန်လည်ထုတ်လွှင့်ပြသတော့မယ့် Indiana Jones ဇာတ်ကားများ

Indiana Jones ဇာတ်ကားတွေထဲက ထူးဆန်းထွေလာ တောတွင်းစွန့်စားခန်းတွေမှာ ဦးထုပ်တစ်လုံး၊ ကြာပွတ်တစ်ချောင်းနဲ့အတူ ယောကျာ်း ပီပီသသနဲ့ ပါ၀င်ခဲ့တဲ့ ဇာတ်လိုက်ကျော် Indiana Jones ကို ရုပ်ရှင်ချစ်သူတွေ မေ့မသွားလောက်ကြသေးဘူးလို့ ထင်မိပါတယ်။ ဒါပေမဲ့ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ Indiana Jones ဇာတ်ကားတွေရဲ့ အကြောင်းလေးတွေကို သိပ်မကြားရတော့တာ နည်းနည်းတော့ ကြာခဲ့ပါပြီ။

 

အခုတော့ အဲဒီလိုမျိုး ပရိသတ်တွေနဲ့ အဆက်ပြတ်သလိုဖြစ်ပြီး လစ်လပ်နေတဲ့ ကွက်လပ်ကို Read More