အရယ်သန်တဲ့ Anime fan လေးတွေအတွက် Kamisama Kiss

ဒီတစ်ခေါက်မှာတော့ အရယ်သန်တဲ့ Anime fan လေးတွေ ကြည့်သင့်တဲ့ Rating အမြင့်ပိုင်းရ Anime ကားကောင်းလေးကို တင်ဆက်ပေးပါမယ်။ ဇာတ်ကားလေးရဲ့ နာမည်ကတော့ Kamisama Kiss လို့အမည်ရပြီး Director Akitaro Daichi ရိုက်ကူးထားတဲ့ အပိုင်း ၁၃ ပိုင်းပါဝင်တတဲ့ဇာတ်ကားလေးတစ်ကားပါ။ ကဲ…. မဆိုင်းမတွဘဲ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြလိုက်ပါတော့မယ်။ အဓိကဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Tamoe နဲ့ Nanami Momozono တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသနှောပြီး ကြည့်ရှုချင်စရာပုံဖော်ထားတာဖြစ်ပါတယ်။

 

ဇာတ်လမ်းအစမှာတော့ Read More

Skyscraper ရဲ့ ဝင်ငွေကိုကျော်တက်ခဲ့တဲ့ Hotel Transylvania: Summer Vacation

Sony ကနေထုတ်လုပ်ထားတဲ့ တတိယမြောက် Hotel Transylvania ရုပ်ရှင်ဟာ နိုင်ငံပေါင်း လေးဆယ့်နှစ်နိုင်ငံမှာ ပြသခဲ့ပြီး ဝင်ငွေဒေါ်လာ ၄၆.၄ သန်းရရှိခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ Dawyne Johnson ပါဝင်တဲ့ Skyscraper ရုပ်ရှင်ကတော့ နိုင်ငံတကာဝင်ငွေ သန်းလေးဆယ်ပဲ ရရှိခဲ့ပါတယ်။ Hotel Transylvania ရုပ်ရှင်ဟာနိုင်ငံတကာဝင်ငွေမှာပဲ Skyscraper ကိုအသာစီးယူခဲ့တာ မဟုတ်သေးပါဘူး။ အမေရိကန်ပြည်တွင်းရုပ်ရှင်ရုံတွေမှာလည်း Hotel Transylvania ရုပ်ရှင်ဟာ Dawyne Johnson ရဲ့ရုပ်ရှင်ဝင်ငွေကို Read More

Anime ပရိသတ်တွေစောင့်ကြည့်သင့်တဲ့ Flavors of Youth

Netflix ရဲ့ တကယ့်ကိုအောင်မြင်ကျော်ကြားခဲ့တဲ့ Your Name ဆိုတဲ့ Anime Movie လေးကို Anime Fan မှန်ရင်သိကြမှာပါ။ အခုလဲ Netflix ကနောက်ထပ်ခြေလှမ်းတစ်ခုကို လှမ်းဖို့ပြင်နေပါပြီ။ ဒါကတော့ Flavors of Youth ဆိုတဲ့ Anime ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီကားလေးရဲ့တရားဝင် Netflix မှာ ဖြန့်ချိမယ့်ရက်ကတော့ သြဂုတ်လ ၄ ရက်နေ့ဖြစ်ပါတယ်။ ဒီကားလေးက နာမည်အတိုင်းပဲ လူငယ်တွေရဲ့လတ်ဆက်တဲ့မျှော်လင့်ချက်၊ စိတ်ဓာတ်ခွန်အားနဲ့ လက်တွေ့ဘဝတွေအကြားက အနှစ်သာရကိုပုံဖော်ထားတာပဲဖြစ်ပါတယ်။ Trailer ထဲမှာပါတဲ့အတိုင်းဆိုရင်တော့ တရုတ်နိုင်ငံရဲ့ မြို့ ၃ မြို့မှာနေကြတဲ့ Read More

Batman Ninja ကို ဒီ ၂ မိနစ်စာ ဗီဒီယိုမှာ အမြည်းကြည့်ကြမယ်

batman ninja

Batman တစ်ယောက် Gotham City ကနေ ဂျပန် Feudal ခေတ်ကို ဘယ်လိုရောက်သွားတယ်ဆိုတာကို တစ်နေ့တုန်းက ထွက်ရှိလာခဲ့တဲ့ ၂ မိနစ်စာ ဗီဒီယိုလေးမှာ အဖြေရှာကြည့်နိုင်ပါပြီ။

Batman Ninja မှာ Batman နဲ့ သူ့ရဲ့မိတ်ဆွေတွေက Gorilla Grood လက်ချက်နဲ့ အချိန်နောက်ပြန်ခရီးသွားပြီး ဂျပန်နိုင်ငံရဲ့ ရှိုဂန်တွေ၊ ဆာမူရိုင်းတွေရှိတဲ့ခေတ်ကို ရောက်သွားကြပါတယ်။ အဲဒီခေတ်မှာ Batman ရဲ့မဟာရန်သူတော်ကြီး Joker က အာဏာတွေအင်မတန်ကြီးမားနေပြီး Batman ကို အသေရရ အရှင်ရရ လိုက်ပါတော့တယ်။ Read More

ဧရာမ Joker စက်ရုပ်ကြီး၊ ဆူမို Bane ၊ နင်ဂျာ Batman တို့ပါဝင်တဲ့ ‘Batman Ninja’ Anime Movie ရဲ့ Trailer အသစ်

Warner Bros, Japan ရဲ့ Batman Ninja ရုပ်ရှင်ရဲ့ trailer ကတော့ အမှန်အကန်ကိုလန်းလွန်းပါတယ်။ Katana တစ်ကားကားနဲ့ Batman ကြီးကိုမြင်ရတာကိုက ရယ်လည်းရယ်ချင်မိသလို စိတ်ထဲမှာလည်း ကြိတ်ပြီးသဘောကျမိစေပါတယ်။

 

Warner Bros က ဒီရုပ်ရှင်အကြောင်းကို ၂၀၁၇ အောက်တိုဘာတုန်းက ကြေညာခဲ့ပြီး ဒီဇင်ဘာတုန်းက ပထမဆုံး trailer ထုတ်ပေးခဲ့ပါတယ်။ ပထမဆုံး trailer ကတော့ ဂျပန်ဘာသာစကားနဲ့ပါ။ ဒီနေ့မှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ ဒုတိယမြောက် trailer ကိုထုတ်ပေးခဲ့ပြီး ပထမ trailer မှာမပါဝင်တဲ့ footage အသစ်တွေထည့်သွင်းပေးထားခဲ့ပါတယ်။

 

ဒီ Anime ရုပ်ရှင်ကို ရှိုဂန်တွေကြီးစိုးတဲ့ Feudal ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ Batman နဲ့သူ့ရဲ့အပေါင်းအပါတွေရော ရန်သူတွေပါ Gorilla Grodd ရဲ့ အချိန်ခရီးသွားစက်လက်ချက်နဲ့ မျက်မှောက်ခေတ်ကနေ အဲဒီခေတ်ကိုရောက်ရှိသွားကြတာဖြစ်ပါတယ်။ အဲဒီလို အချိန်ခရီးသွားလိုက်တဲ့အတွက် Batman ရဲ့ စီးတော်ယာဉ်လက်နက်တွေဖြစ်တဲ့ Batmobile, Batwing, Batcycle တွေအားလုံးက သုံးစားမရဖြစ်သွားပါတော့တယ်။ အဲဒီတော့ Fedual Lords တွေအဖြစ်နဲ့ရှိနေတဲ့ Joker အပါအဝင် လူဆိုးတွေအားလုံးကို နှိမ်နင်းဖို့က သူ့ရဲ့ပင်ကိုယ်ဉာဏ်နဲ့ စွမ်းအားကိုပဲ အားကိုးရတော့မှာဖြစ်ပါတယ်။

 

ဒီရုပ်ရှင်ကို ဖန်တီးထားသူတွေကလည်း anime industry ထဲက ထိပ်ထိပ်ကြဲတွေပါပဲ။ Character Design ပိုင်းကို Afro Samurai ရေးသားခဲ့သူ Okazaki Takashi က ဖန်တီးပေးထားတာဖြစ်ပြီး ဇာတ်ညွှန်းကို Gurren Lagann နဲ့ Kill la Kill တို့ရဲ့ ဇာတ်ညွှန်းတွေကိုရေးသားပေးခဲ့သူ Nakashima Kazuki က ရေးသားပေးထားတာဖြစ်ပါတယ်။ အသုံးပြုထားတဲ့သီချင်းသံစဉ်တွေ၊ နောက်ခံတီးလုံးတွေကို Psycho Pass နဲ့ JoJo’s Bizarre Adventure တို့ရဲ့ သီချင်းတွေကိုရေးစပ်ပေးခဲ့တဲ့ Kanno Yugo က တာဝန်ယူဖန်တီးပေးထားပါတယ်။ ပြီးတော့ ဒါရိုက်တာအဖြစ် JoJo’s Bizarre Adventure ရဲ့ အဖွင့်အခန်းတွေကို ရိုက်ကူးပေးခဲ့တဲ့ Mizusaki Jumpei တာဝန်ယူရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲဒီတော့ production quality ပိုင်းက အမှန်အကန်လန်းမယ်ဆိုတာ မေးခွန်းတောင်ထုတ်စရာမလိုပါဘူး။ တကယ်လန်းမလန်းဆိုတာကိုလည်း အောက်မှာဖော်ပြထားတဲ့ trailer မှာ ကိုယ်တိုင်ကြည့်ရှုအကဲဖြတ်နိုင်ပါတယ်။

 

 

Trailer မှာမြင်ရသမျှကတော့ အကုန်လုံးအလန်းတွေချည်းပါပဲ။ Batman တစ်ယောက် Samurai ချပ်ကာကြီးဝတ်ပြီး Katana ကြီးနဲ့လိုက်ရမ်းနေတာတွေ၊ Fedual ခေတ်အသွင်နဲ့ Bat Family ၊ ဧရာမစက်ရုပ်ကြီးဖြစ်သွားတဲ့ Joker ၊ Sumo အသွင်နဲ့ Bane.. မြင်သမျှအားလုံး အဆန်းတွေချည်းပါပဲ။ ပြီးတော့ ဂျပန်ဗားရှင်းက Joker ရဲ့အသံကတော့ လုံးဝကို အပျံစားပါပဲ.. ကြားဖူးသမျှ Joker အသံတွေထဲမှာ အကောင်းဆုံးမဟုတ်ရင်တောင် ထိပ်ဆုံးနားမှာ သေချာပေါက်ပါဝင်ပါတယ်။ အချို့သူတွေကတော့ Batman Ninja လို့လည်းဆိုသေး Samuria လိုချနေတယ်လို့ ထောက်ပြကြပေမယ့် trailer ရဲ့အဆုံးနားလေးမှာ Batman က Ninja Hand Sign တွေလုပ်ပြထားတဲ့အတွက် တစ်ခုခုတော့ တစ်ခုခုပါပဲ.. Naruto လို့ Chakara နဲ့တီးပြလောက်မှာမဟုတ်ပေမယ့် Ninjutsu သုံးမယ်လို့တော့ ယူဆလို့ရပါတယ်။

 

အောက်မှာတော့ Batman Ninja ရဲ့ပထမ trailer ကို တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။ Trailer ၂ ခုလုံးက မတူညီကြတာမို့ ၂ ခုလုံးကို ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Batman Ninja ကို ၂၀၁၈ ဧပြီ ၂၄ မှာ Digital Release ၊ မေ ၈ မှာ Physical Release အနေနဲ့ ထုတ်ဝေသွားမှာဖြစ်ပါတယ်။

 

Anime ချစ်သူတွေ ချမ်းသာတဲ့ Waifu တွေထဲက ဘယ်သူ့ကို လက်အထပ်ချင်ဆုံးလဲ

Anime ချစ်သူတွေမှာ ကိုယ်အနှစ်သက်ဆုံး Waifu လေးတွေတော့ ကိုယ်စီကိုယ်စီရှိကြပါတယ်။ Personality လေးကိုကြိုက်လို့၊ ရုပ်ချောလို့၊ ကိုယ်အမှန်အကန်ကြွေတဲ့ appearance trait လေးတွေရှိလို့.. အစရှိပြီး အကြောင်းရင်းအမျိုးမျိုးနဲ့ Waifu တွေကိုရွေးချယ်ကြပါတယ်။ Twintail လေးနဲ့မို့ မြင်မြင်ချင်းကြွေသွားတာတို့.. Tsundere လေးမို့ ခိုက်မိသွားရတာတို့.. Onee-san type မို့လို့ ရင်ဘတ်ကြီးဖလန်းဖလန်းဖြစ်သွားရတာတို့.. အစအဆုံးသာပြောရရင် ကုန်မှာတောင်မဟုတ်ပါဘူး။ ဒါပေမယ့် Ojou-sama type လို့ပြောလို့ရတဲ့ ချမ်းသာတဲ့ background ကလာတဲ့ ကောင်မလေးမို့လို့ Waifu အဖြစ်ရွေးချယ်မိတာမျိုးရောရှိပါသလား။ ဂျပန် website တစ်ခုဖြစ်တဲ့ AnimeAnime ကတော့ သူ့ရဲ့စာဖတ်သူတွေကို Ojou-sama အယောက် ၂၀ ထဲက သူတို့လက်ထပ်ချင်တဲ့သူကိုရွေးချယ်စေခဲ့ပါတယ်။ အဲဒီထဲကမှ ထိပ်ဆုံး ၁၀ ယောက်ကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

10. Sanzenin Nagi, Hayate the Combat Butler

9. Sakuranomiya Maika, Blend S

8. Akimoto Katherine Reiko, KochiKame

7. Kotobuki Tsumugi, K-On!

6. Bulma, Dragon Ball

5. Rize, Is the Order a Rabbit?

4. Suzuki Sonoko, Detective Conan

 

3. Daidouji Tomoyo, Cardcaptor Sakura

Cardcaptor Sakura series ထဲက မင်းသမီး Kinomoto Sakura ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Daidouji Tomoyo က vote စုစုပေါင်းရဲ့ ၁၁% နဲ့ တတိယနေရာကိုရရှိသွားခဲ့ပါတယ်။ Sakura ရဲ့ ဝတ်စုံမျိုးစုံကိုချုပ်ပေးတာတွေ၊ သူမရဲ့ mission တွေကို ကင်မရာနဲ့မှတ်တမ်းလိုက်တင်ပေးတာလေးတွေက Tomoyo ကို fan တွေနှစ်သက်ရတဲ့အကြောင်းရင်းလေးတွေဖြစ်ပါတယ်။

 

2. Nishikino Maki, Love Live!

 

Love Live! ရဲ့အဓိကဇာတ်ကောင် ၉ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Nishikino Maki ကတော့ vote စုစုပေါင်းရဲ့ ၁၂% နဲ့ ဒုတိယနေရာကိုရရှိသွားခဲ့ပါတယ်။ မိဘတွေက ရက်ရက်စက်စက်ချမ်းသာတဲ့ ဆရာဝန်တွေ၊ သူကိုယ်တိုင်ကလည်း ချစ်စရာ Idol လေး.. အဲဒီတော့ fan တွေသူ့ကိုရွေးချယ်ကြတာ မထူးဆန်းဘူးလို့တောင်ပြောလို့ရပါတယ်။

 

1. Yuuki Asuna, Sword Art Online

 

Sword Art Online ထဲကမင်းသမီး Yuuki Asuna ကတော့ vote စုစုပေါင်းရဲ့ ၁၇% နဲ့ ပထမနေရာကိုရရှိသွားခဲ့ပါတယ်။ Game ဆော့တာလည်း အမှန်အကန်ကြမ်း၊ အချက်အပြုတ်လည်းဝါသနာပါ၊ မိဘတွေကလည်း ရှယ်ချမ်းသာတဲ့ကုမ္ပဏီပိုင်ရှင်တွေဆိုတော့ anime ချစ်သူတွေ Asuna ကိုသဘောကျကြတာ မဆန်းပါဘူး။

 

ကဲ.. ဒီရလဒ်အပေါ် ဒီက anime ချစ်သူတွေ ဘယ်လိုမြင်ကြပါသလဲ.. ဒီ list ထဲမှာ ကိုယ့်ရဲ့ waifu ပါဝင်ပါသလား.. ဒါမှမဟုတ် ဒီ list ထဲမှာပါဝင်သင့်တယ်လို့ထင်တဲ့ character များရှိပါသလား.. သင်ထင်တာလေးတွေကို comment မှာ ပြောသွားကြပါဦး။

 

Ref: AnimeAnime

Movie News

No Comments

ဆောင်းဦးရာသီမှာပြသမယ်လို့ ကြေညာလိုက်တဲ့ Anime Movie – ‘Let Me Eat Your Pancreas’

“ရှေးရှေးတုန်းကလူတွေက သူတို့နေမကောင်းရင် တိရစ္ဆာန်အစိတ်အပိုင်းတွေကိုစားလေ့ရှိကြတယ်”

“အစာအိမ်မကောင်းရင် အစာအိမ်ကိုစားကြတယ်.. အဲဒါဟာသူတို့ကို ခွန်အားပြန်ပြည့်စေတယ်လို့ယုံကြည်ကြတယ်”

“အဲဒါကြောင့် ငါနင့်ရဲ့ ပန်ကရိယကိုစားချင်တယ်”

ဒါက ‘Let Me Eat Your Pancreas’ (Kimi no Suizou wo Tabetai) ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ အထက်တန်းကျောင်းသူလေး Yamauchi Sakura ရဲ့စကားဖြစ်ပါတယ်။ သူမဟာ ပန်ကရိယရောဂါကြောင့် မကြာမီအချိန်အတွင်းမှာသေဆုံးရတော့မယ့်သူတစ်ယောက်ဖြစ်ပါတယ်။

စာရေးဆရာ Sumino Yoru ရဲ့ ဝတ္ထုကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဒီ anime movie ကို ဆောင်းဦးရာသီအစောပိုင်းမှာ စတင်ပြသသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဇာတ်ကားရဲ့ official website ကနေတစ်ဆင့် ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်နဲ့အတူ ဒီဇာတ်ကားအတွက် tagline အသစ်နဲ့ key visual တို့ကိုပါ တစ်ပါတည်းထုတ်ဖော်ပြသခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ –

တစ်ရက်မှာ ကောင်လေးတစ်ယောက်ဟာ ဆေးရုံသွားရင်း အမှတ်မထင်နဲ့ စာအုပ်တစ်အုပ်ကောက်ရခဲ့ပါတယ်။ အဲဒီစာအုပ်ကိုဖတ်ကြည့်တော့ ပန်ကရိယရောဂါကြောင့် မကြာမီသေဆုံးရတော့မယ့်လူနာတစ်ယောက်ရဲ့နေ့စဉ်မှတ်တမ်းဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ သူ့ကိုအံ့အားသင့်သွားစေတာကော့ အဲဒီစာအုပ်ပိုင်ရှင်ဟာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ့ရဲ့အတန်းဖော် Yamauchi Sakura ဖြစ်နေတယ်ဆိုတာပါ။ သူမအဲဒီရောဂါရှိနေတယ်ဆိုတာကို သူမရဲ့မိသားစုနဲ့ ကောင်လေးကလွဲပြီး ဘယ်သူမှမသိရှိကြပါဘူး။ အဲဒါကြောင့် ဒီကိစ္စကိုဘယ်သူ့ကိုမှမပြောပြပဲ လျှို့ဝှက်ထားပေးဖို့ ကတိပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ Sakura ရဲ့ကျန်ရှိသေးတဲ့နေ့ရက်လေးတွေကို သူမဘေးမှာနေပြီးအားပေးရင်းနဲ့ အတူတကွကုန်ဆုံးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဇာတ်ကားမှာ မတူညီတဲ့ အကျင့်စရိုက်ရှိကြတဲ့လူနှစ်ယောက်ကြားက relationship ကို ကြည့်ရှုခံစားရမှာပါ။ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေတတ်ပြီး လူတကာရဲ့ချစ်ခင်ခြင်းကိုခံရတဲ့ Sakura နဲ့ လူတွေနဲ့ရောရောနှောနှောမနေတတ်တဲ့ကောင်လေးတို့နှစ်ယောက် သူမရဲ့နောက်ဆုံးအချိန်လေးတွေကို ဘယ်လိုများဖြတ်ကျော်ကြမလဲဆိုတာဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဝတ္ထုကိုဖတ်ဖူးသူတွေကတော့ ဒီဇာတ်လမ်းကို Koe no Katachi နဲ့ Kimi no na wa တွေထက်ပိုမကောင်းဘူးဆိုရင်တောင် မလျှော့ဘူးလို့ဆိုနေကြပါတယ်။

Sumino Yoru ရဲ့ဒီဝတ္ထုဟာ အုပ်ရေပေါင်း ၂ သန်းကျော်ရောင်းချရတဲ့အထိအောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီဝတ္ထုကိုမှီငြမ်းပြီး ရုပ်ရှင်ဇာတ်ကားပါရိုက်ကူးခဲ့ကြပါတယ်။ ဒါ့အပြင် ဝတ္ထုရဲ့နာမည်နဲ့ပဲ Manga ပါရေးဆွဲထားပါသေးတယ်။ စိတ်ဝင်စားသူတွေကတော့ ဒီ anime movie မထွက်ရှိမှီ အဲဒါတွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။

Ref: ANN

Miyazaki Hayao ရဲ့နောက်ဆုံးလက်ရာ Anime – March လထဲပြသမည်

ဂန္ဓဝင် Anime ဖန်တီးရှင်ကြီး Miyazaki Hayao ရဲ့နောက်ဆုံးထွက်လက်ရာ Anime ကို ၂၀၁၈ မတ်လ ၂၁ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်တယ်လို့ Ghibli Museum ရဲ့ Official Website ကနေတစ်ဆင့်ကြေညာလိုက်ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Wind Rises ပြီးတဲ့နောက် ပထမဦးဆုံးထွက်ရှိလာတဲ့ Miyazaki ရဲ့လက်ရာဖြစ်ပါတယ်။

တစ်ခုရှိတာက ဒီ anime လေးဟာ ရုပ်ရှင်ကားကြီးမဟုတ်ပဲ ကြာမြင့်ချိန် ၁၄ မိနစ်နဲ့ စက္ကန့် ၂၀ သာရှိမယ့် ဇာတ်လမ်းတိုလေးဖြစ်ပါတယ်။ “Boro the Caterpillar” (Kemushi no Boro) လို့အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုလေးဟာ Boro လို့အမည်ရတဲ့ အကောင်ပေါက်စပိုးကောင်လေးနဲ့ သူ့ပတ်ဝန်းကျင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Laputa: Castle in the Sky, My Neighbor Totoro, Kiki’s Delivery Service, Princess Mononoke, Spirited Away, Howl’s Moving Castle အစရှိတဲ့ ဂန္ဓဝင် anime တွေကိုဖန်တီးခဲ့တဲ့ Miyazaki ဟာ anime တွေဆက်မထုတ်တော့ဘူးဆိုပြီး အနားယူသွားပေမယ့် ဗီဇပိုးကိုမထိန်းနိုင်ရှာတော့ သူနှစ်သက်တဲ့ anime ရုပ်ရှင်တွေကို ဆက်လက်ဖန်တီးဖြစ်နေတာပဲဖြစ်ပါတယ်။ Miyazaki ဟာ မကြာမီပြသမယ့် “Boro the Caterpillar” အပြင် “Kimitachi wa Dou Ikiru ka” လို့အမည်ရတဲ့ ရုပ်ရှင်ကားကြီးတစ်ကားကိုလည်း ဖန်တီးနေပါသေးတယ်။ လူကသာနေမယ် ဗီဇကတော့မနေနိုင်ဘူးဆိုသလိုပါပဲ.. ဘာပဲဖြစ်ဖြစ် Ghibili ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Ref: ANN
Featured image is the courtesy of Studio Ghibili

‘Sword Art Online Alternative: Gun Gale Online’ Anime – ဧပြီလစတင်ပြသမည်

‘Sword Art Online’ ချစ်သူတွေအတွက်သတင်းကောင်းပါ။ ‘Gun Gale Online’ arc ကိုအခြေခံပြီးရေးသားထားတဲ့ spin off ဇာတ်လမ်းဖြစ်တဲ့ ‘Sword Art Online Alternative: Gun Gale Online’ Light Novel ကို မှီငြမ်းရိုက်ကူးထားတဲ့ anime ကို လာမယ့် ဧပြီလထဲမှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

Kohiruimaki Karen လို့အမည်ရတဲ့ကောင်မလေးဟာ အပြင်လောကမှာ အရပ် ၆ ပေခန့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အရပ်ရှည်လွန်းတဲ့အတွက် ရွယ်တူမိန်းကလေးတွေနဲ့ သူငယ်ချင်းဖွဲ့ရာမှာ အခက်အခဲတွေတွေ့နေရပါတယ်။ ဒါပေမယ့် Virtual Reality ဂိမ်းတစ်ခုဖြစ်တဲ့ Gun Gale Online အကြောင်းကိုသိရှိသွားချိန်ကစပြီး သူမရဲ့ဘဝကြီးက အစအစအရာရာပြောင်းလဲသွားပါတော့တယ်။ သူမရဲ့ avatar ကို Llenn လို့အမည်ရတဲ့ အရပ် ၅ ပေခန့်သာရှိတဲ့ ချစ်စရာကောင်မလေးအသွင်ဖန်တီးပြီး အဲဒီဂိမ်းကိုစတင်ဆော့ကစားကာ သူမရဲ့ပြင်ပလောကက အခက်အခဲတွေကိုမေ့ဖျောက်ဖို့ကြိုးစားလာပါတယ်။ တစ်ရက်မှာတော့ Pitohui လို့အမည်ရတဲ့ အခြားကစားသူတစ်ယောက်နဲ့တွေ့ဆုံမိပြီး ‘Bullet of Bullets’ Tournament မှာပါဝင်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။

အောက်မှာ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကို သူတို့ရဲ့အသံသရုပ်ဆောင်တွေနဲ့တကွ တွဲဖက်ဖော်ပြပေးလိုက်ပါတယ်။

Llen – Kusonoki Tomori (Yuuki Setsuna @ Love Live! School Idol Festival: PERFECT Dream Project)

 

Pitohui – Hikasa Youko (Aikiyama Mio @ K-On!, Stephanie Dola @ No Game No Life)

 

M – Okitsu Kazuyuki (Andou Reiji @ Prison School)

 

Fukaziroh – Akasaki Chinatsu (Nibutani Shinka @ Chuunibyou demo Koi ga Shitai!)

Shinkai Makoto ရဲ့ ‘Your Name’ ပရိသတ်တွေအတွက် Challenge

ဒီနှစ်ပိုင်းတွေထဲမှာထွက်ရှိခဲ့တဲ့ Anime film တွေထဲက နာမည်အကြီးဆုံး၊ အအောင်မြင်ဆုံး၊ ဝင်ငွေအရရှိခဲ့ဆုံးရုပ်ရှင်ဖြစ်တဲ့ ‘Your Name’ (Kimi no Na wa) ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့တုန်းက ပထမဆုံးအကြိမ် TV channel တွေမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ထုတ်လွှင့်ပြသတဲ့အစီအစဉ်မတိုင်မှီမှာ ‘Your Name’ ရဲ့ဒါရိုက်တာ Shinkai Makoto က ပရိသတ်တွေကို challenge တစ်ခုမှာပါဝင်ဖို့ သူ့ရဲ့ twitter စာမျက်နှာကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ Challenge လေးကတော့ သူ့ရဲ့အခြား Anime film တစ်ခုဖြစ်တဲ့ ‘The Garden of Words’ (Kotonoha no Niwa) ထဲက အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Akizuki Takao ကို ‘Your Name’ ဇာတ်ကားထဲမှာရှာဖွေခိုင်းတာဖြစ်ပါတယ်။ Takao ရဲ့ cameo က စက္ကန့်ပိုင်းလေးပဲကြာမြင့်တာမို့ ဒီ challenge က တော်တော်ခက်ခဲတဲ့အတွက် ပေါ့ပေါ့ပါးပါး အပျော်သဘောနဲ့သာရှာဖွေကြည့်ကြဖို့နဲ့ ထုတ်လွှင့်တာပြီးသွားရင် အဖြေကိုသူကိုယ်တိုင်ပြောပြမယ်လို့ Shinkai Makoto က အဆိုပါ tweet ထဲမှာဖော်ပြထားခဲ့ပါတယ်။

ကဲ.. မိတ်ဆွေတို့လဲ ‘Your Name’ ကို လွယ်လင့်တကူကြည့်ဖို့အဆင်ပြေတယ်ဆိုရင် ဒီ challenge လေးမှာပါဝင်ကြည့်လိုက်ပါလား။ အစအဆုံးပြန်မကြည့်နိုင်ရင်တောင် ကိုယ်ကြည့်ခဲ့တုန်းက မြင်များမြင်မိလိုက်သလားလို့ ပြန်စဉ်းစားကြည့်ပေ့ါ။ Shinkai Makoto ပေးခဲ့တဲ့အဖြေမှန်ကို အောက်မှာဖော်ပြပေးထားပါတယ်။

အဖြေမှန်လေးကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ။

Ref: Anime News Network
Cover Image: Kiminona