Alexander McQueen ရဲ့ Documentary Official Teaser Trailer ထွက်ရှိလာ…

Alexander McQueen ဆိုတာကတော့ ကမ္ဘာ့ဖက်ရှင်လောကကို လွှမ်းမိုးထားနိုင်တဲ့ အကြီးဆုံးဖက်ရှင် brand တွေထဲက brand တစ်ခုဖြစ်ပါတယ်။ အခုချိန်မှာတော့ McQueen ရဲ့ new documentary အတွက် trailer အမြည်းလေးထွက်ရှိလို့လာပါပြီ။ ဒါရိုက်တာအဖြစ် Ian Bonhôte ကရိုက်ကူးထားပြီး McQueen ရဲ့ ဘဝနဲ့ အလုပ်အကိုင်များ ရာဇဝင်များအကြောင်းအပြင် ဒီဇိုင်နာဘွဲ့ယူတဲ့ အစကနေ ၁၉၉၇ ခုနှစ်မှာ Givenchy brand ရဲ့ chief designer ဖြစ်ခဲ့တဲ့အကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။  Read More

ငယ်ဘဝ ကို ပြန်သတိရစေမယ့် 90’s Movies တွေ

ဒီရုပ်ရှင်တွေထဲက အချို့ကိုတော့ ငယ်ငယ်က ကြည့်ဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် အချိန်တွေလည်း အတော်ကြာပြီဆိုတော့ မေ့လောက်ရှိရောပေါ့။ တကယ်လို့ မကြည့်ရသေးရင်လည်း မဖြစ်မနေ ပြန်ရှာကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

(၁) The Parent Trap (1998)

Lindsay Lohan က အသက်ကြီးမှသာ Drug Addiction ဖြစ်ပြီး နာမည်ပျက်တွေရှိလာပေမယ့် ငယ်စဉ်ကတော့ အင်မတန် ချစ်စရာကောင်းခဲ့တာပါ။ Parent Trap ထဲမှာ Lindsay Lohan ၂ ကိုယ်ခွဲအမွှာ အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ကြည့်ရတာ ပျော်စရာကောင်းပါတယ်။ ကွဲနေတဲ့ အဖေ နဲ့ အမေ ကို ပြန်လည်ပေါင်းစီးပေးဖို့ ကလေး ၂ ယောက် ပေါင်းပြီး ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးပါ။ မြန်မာကားအနေနဲ့ အဲ့ခေတ်က ပြန်ရိုက်ထားတဲ့ “၂ မွှာအသည်း” ဆိုတဲ့ ဇာတ်ကားကလည်း

Read More

လူ့အဖွဲ့ အစည်း ဆိုင်ရာ စံချိန် စံညွှန်းတွေကို ဖောက်ထွက်နေတဲ့ ရုပ်ရှင် / Lolita

ဒီရက်ပိုင်း ကျွန်တော် ကြည့်ဖြစ်တဲ့ကားတွေက Age Gap ကြောင့် ဖြစ်တဲ့ အကြောင်းအရာ တွေကို ဇာတ်လမ်း လုပ်ထားတာတွေများပါတယ် ။ အဲ့ထဲက မှ အကြိုက်ဆုံးဆို Leon the Professional , An Education နဲ့ Lolita ပါပဲ ။ Lolita ကတော့ အကြိုက်ဆုံးပေါ့ ။ ရုပ်ရှင် မကြည့်ခင်ဝတ္ထုဖတ် ဖြစ်ကတည်းက Lolita ကို အတော် သဘောကျခဲ့မိတာပါ ။

ဝတ္ထုကတော့ ရုရှား စာရေးဆရာ တစ်ဦးဖြစ်တဲ့ Vladimir Nabokov ရေးသားခဲ့တာဖြစ်ပြီး ရုပ်ရှင် အဖြစ် 1962 မှာ တစ်ကား ၊ 1997 မှာ တစ်ကား ရိုက်ကူး ထုတ်ဝေခဲ့ပါတယ် ။ ကျွန်တော်ကြည့်ဖြစ်တာတော့ 1997 မှာရိုက်တဲ့ ကားပါ ။ Lolita အဖြစ် ကျွန်တော်တို့ ရဲ့ မင်းသမီးချောလေး Dominique Swain ကပါဝင် သရုပ်ဆောင်ထားပြီး မင်းသား ကတော့ Jeremy Irons ဖြစ်ပါတယ် ။

မြင်သာအောင် ပြောရရင် ဒီဇာတ်ကားက ” ဦးနဲ့ သမီး” အချစ်ဇာတ်လမ်းပါ ။ Dominique Swain အနေနဲ့

Read More

ကလေးတွေနဲ့ လူကြီးလူငယ်တွေကြားမှာ Thor လို့လူသိများတဲ့ Chris Hemsworth ရဲ့ ဇာတ်ကားကောင်းများ

Superhero တွေထဲက Hero တစ်ယောက်ဖြစ်တဲ့ Thor ကိုတော့ superhero လိုဇာတ်ကောင်းမျိုးနဲ့ မဟုတ်ဘဲ တခြားဇာတ်လမ်းပုံစံနဲ့ ဇာတ်ကောင်စရိုက်မျိုးစုံကို ခံစားကြည့်ချင်တယ်ဆိုတဲ့ သူများအတွက် Chris Hemsworth ရဲ့ ဇာတ်လမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

Ghostbusters ဆိုတဲ့ဇာတ်လမ်းကတော့၂၀၁၆ မှာထွက်ရှိတာဖြစ်ပြီး ဇာတ်လမ်းထဲမှာ ဟာသလေးတွေလည်း ပါဝင်ပါတယ်။ Thor ကို ဒီဇာတ်လမ်းထဲမှာ superhero ဇာတ်ရုပ်ကနေ လုံးဝကွဲထွက်နေတာကို မြင်တွေ့ရမှာ သေချာပါတယ်။

အခုလက်ရှိရုံတင်နေတဲ့ ဇာတ်ကားအသစ်ကတော့ 12 STRONG ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Thor ကို စစ်သားတစ်ယောက်အဖြစ် ပြောင်းလဲမြင်တွေ့ရမှာ ဖြစ်ပါတယ်။

The Cabin in the Woods ကတော့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Chris Hemsworth တို့သူငယ်ချင်းအုပ်စုတစ်စုလုံး သစ်သားအိမ်ထဲမှာ ကြုံတွေ့ရတဲ့ မကောင်းဆိုးဝါးရဲ့ အနှောက်အယှက်ကို ဘယ်လိုဖြေရှင်ကြမလဲဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Rush ဇာတ်လမ်းထဲမှာတော့ Chris Hemsworth ကို ခပ်မိုက်မိုက် Racing ကောင်းလေးတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

In the Heart of the Sea ကတော့ oceanic adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Chris Hemsworth ရဲ့ သမုဒ္ဒရာထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ဖြေရှင်းတဲ့ Adventure ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။