Golden Globes ရဲ့ BEST ORIGINAL SONG ကို Winner ရရှိသွားတဲ့ The Greatest Showman (This is Me)

The Greatest Showman ရုပ်ရှင်ကတော့ Musical drama ရုပ်ရှင်တစ်ကားဖြစ်ပြီး မျှော်မှန်းထားတဲ့အတိုင်းပါဘဲ Golden Globes မှာ အကောင်းဆုံးသီချင်းဆုကို ရရှိသွားခဲ့ပါတယ်။ သီချင်းရဲ့နာမည်ကတော့ This is Me ဖြစ်ပြီး La La Land ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းရေးသားသူ Pasek and Paul တို့ဘဲဖြစ်ပါတယ်။

The Greatest Showman ဟာ 75th Golden Globe Awards ရဲ့ ဆန်ကာတင်ရုပ်ရှင်ကားတစ်ကားအဖြစ်ပါဝင်ခဲ့ပြီး  Best Motion Picture – Musical or Comedy, Best Actor – Comedy or Musical (Jackman) and Best Original Song (“This is Me”) ဆိုတဲ့ ဆု ၃ဆုကို ဆန်ကာတင်အဖြစ်ရွေးချယ်ခံရပြီးနောက် BEST ORIGINAL SONG ကိုတော့ 75th Golden Globes 2018 မှာ Winner အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။ Pasek and Paul ကဆုကိုလက်ခံရယူပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။