အကျင့်ပျက်ရဲတွေအကြောင်း ရိုက်ကူးထားတဲ့ အိန္ဒိယရုပ်ရှင်

ဒီတစ်ခါတော့ အက်ရှင်အကြမ်းစားတွေ၊ နိုင်ငံရေးတွေပါတဲ့ အိန္ဒိယကားကောင်းကောင်းတွေနှစ်သက်ကြသူတွေ သဘောတွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနာ်။ ဒီဇာတ်ကားကတော့ Satyameva Jayate လို့အမည်ရပြီး မင်းသားချော John Abraham က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

 

ရုပ်ရှင်ကိုစိတ်ဝင်စားတယ်ဆိုသူတွေအတွက် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ….  Read More

အိန္ဒိယရဲ့ပထမဆုံး Space Sci-Fic လို့ဆိုလိုက်တဲ့ Tik Tik Tik

တမီးလ်ရုပ်ရှင်တွေဟာ အိန္ဒိယမှာ ဘောလီးဝုဒ်ကို ကောင်းကောင်းပုခုံးခြင်းယှဉ်နိုင်တဲ့ ရုပ်ရှင်တွေဖြစ်ပါတယ်။ အခုတော့ ယှဉ်နိုင်ရုံမကပဲ နှာတစ်ဖျားသာသွားပြီလို့ဆိုလို့ရမှာပါ။ ဘာကြောင့်လဲဆိုရင်တော့ ဘောလီးဝုဒ်တောင်မဖန်တီးနိုင်သေးတဲ့ အာကာသသိပ္ပံဇာတ်လမ်းရုပ်ရှင်တစ်ကားကို ဖန်တီးထုတ်လုက်လိုက်နိုင်ပြီဖြစ်လို့ပါ။ Tik Tik Tik လို့ခပ်ဆန်းဆန်းလေးအမည်ပေးထားတဲ့ ဒီရုပ်ရှင်ကို  ၂၀၁၆ အောက်တိုဘာကနေစတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလမှာ ရုံတင်မယ်လို့ ကြေငြာထားပေမယ့် တစ်ကယ့်တစ်ကယ်တော့ ဇွန်လ နှစ်ဆယ့်နှစ်ရက်နေ့မှာမှရုံတင်နိုင်ခဲ့တာပါ။

 

ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် အာကာသထဲကဂြိုလ်သိမ်တစ်ခုဟာ အိန္ဒိယနိုင်ငံထံကျခဲ့ပြီး ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ဒါနဲ့တင်မပြီးသေးပဲ ခြောက်ဆယ်စတုရန်းကီလိုမီတာကြီးမားတဲ့ Read More

Bollywood Horror ကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ “1921”

Horror ချစ်သူတွေအတွက် အခုတခါတော့ မကြာခင်ရုံတင်ပြသတော့မယ့် Bollywood horror ကောင်းကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Bollywood ဇာတ်ကားတွေကလည်း အခုနောက်ပိုင်းဆို Hollywood နဲ့အပြိုင် ဇာတ်လမ်းဇာတ်ကွက်၊ ငွေးကြေးသုံးစွဲမှုတွေမှာ နေရာယူလာပါပြီ။ အရင်ထွက်ရှိဖူးခဲ့တဲ့ Horror တွေတုန်းကလည်း အရမ်းကိုကြောက်စရာကောင်းလောက်အောင် သဲထိတ်ရင်ဖိုဖြစ်ခဲ့ကြရပါတယ်။ အခုလည်း ဒီဇာတ်ကားမှာ မကျွတ်မလွတ်နိုင်သေးတဲ့ ဝိညာဉ်များစွာကို ကိုယ်တိုင်ပြန်ကယ်ထုတ်ဖို့ ကြိုးစားရင်း မိန်းကလေးတစ်ဉီးပါဝင်လာခါ ဝိညာဉ်တွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ရင်းနဲ့ ရင်ခုန်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ tralier ကြည့်ရုံနဲ့တင် သဲထိတ်ရင်ဖိုဖြစ်စရာ ဘယ်လောက်တောင်ကောင်းလိမ့်မယ်ဆိုတာကို အကြိုရင်ခုန်ကြည့်လိုက်ရအောင်လေ။ Release date ကတော့ 12 January လို့ သိရပါတယ်နော်။