တရုတ်ဇာတ်လမ်းတွဲကြိုက်သူများ လက်မလွှတ်သင့်တဲ့ One and Another Him

ကိုရီးယားစီးရီးတွေကြည့်ရတာများလို့ အလှည့်အပြောင်းလေးဖြစ်အောင် တရုတ်စီးရီးတွေကို ပြောင်းလဲကြည့်ရှုချင်တယ် ဒါမှမဟုတ် အရင်ကတည်းက တရုတ်စီးရီးတွေကို အားပေးတယ်ဆိုရင်တော့ သင်တို့တွေအနေနဲ့ ကျွန်တော်ဒီနေ့ မိတ်ဆက်ပေးသွားမယ့် ဇာတ်လမ်းတွဲသစ်လေးကို လက်လွတ်မခံ ကြည့်ရှုသင့်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ One and Another Him ပဲဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းတွဲသစ်လေးကတော့ အထူးသဖြင့် လူငယ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ကျောင်းသားအချစ်ဇာတ်လမ်းတွဲပုံစံလေးပါ။ တရုတ်မင်းသားချော Xiong Dylan နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး Zhang Wendy တို့က အဓိကဇာတ်ဆောင်တွေအဖြစ် One and Another Him ဇာတ်လမ်းတွဲမှာ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းတွဲအကျဉ်းလေးကို Read More

နှစ်ရက်ပဲရုံတင်ခွင့်ရလိုက်တဲ့ ကုန်ကျစရိတ်အများဆုံး တရုတ်ရုပ်ရှင်ဇာတ်ကား

အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် ( တရုတ်ယွမ်ငွေ ခုနှစ်သန်းကျော် ) လောက်အထိကို အသုံးပြုပြီး ရိုက်ကူးခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားကတော့ ရုံတင်ပြီးနှစ်ရက်အတွင်းမှာပဲ ရုပ်ရှင်ဇာတ်ကားပြသမှုကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ Asura လို့အမည်ရတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားဟာ မြင့်မားလှတဲ့ သရုပ်ဆောင်ကြေးများ ၊ ရိုက်ကွင်းပုံစံ ဖန်တီးထားမှုများနဲ့ အထူးပြုလုပ်ချက်များကြောင့် အမေရိကန်ဒေါ်လာ ၁၁၂သန်း ( တရုတ်ယွမ်ငွေ သန်း၇၅၀ ) လောက်အထိ ကုန်ကျထားတာဖြစ်ပါတယ်။ Asura ဇာတ်ကားကို ထုတ်လုပ်ထားသူများက စတင်ပြသတဲ့ ရက်အနည်းငယ်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ Read More

Chinese Drama ပရိသတ်တွေအတွက် လတ်လတ်ဆတ်ဆတ် Meteor Garden

တရုတ်ကား Fan လေးတွေအတွက် ခုတစ်လောလူကြိုက်များနေတဲ့ Meteor Garden ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးက အခုဇူလိုင်လ ၉ ရက်နေ့ကမှ တရုတ်နိုင်ငံမှာ စတင်ထုတ်လွှင့်ပြသနေတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးက အနည်းငယ်ရှည်ပေမယ့် အခုအချိန်ထိ MyDramaList မှာတင် Rating 8.8 မှာတင် Rating 8.8 အထိရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Chinese F4 လို့ခေါ်တဲ့ ဒီဇာတ်လမ်းတွဲလေးက ခေါင်းစဉ်မှာပါတဲ့အတိုင်း လူငယ်တွေရဲ့ လတ်ဆတ်တဲ့အချစ်ကို ခံစားရမှာဖြစ်ပြီး ဇာတ်ဆောင်ဇာတ်ပို့လေးတွေကလဲ တကယ့်ကိုအချောလေးတွေပါနော်။ သူတို့လေးတွေကတော့ Dong Shancai အဖြစ် Shen Yue , Dao Ming Si အဖြစ် Dylan Wang ,Hua Ze Lei အဖြစ် Darren Chen, Feng Mei Zuo အဖြစ် Liang Jing Kang နဲ့ Zi Men Yan အဖြစ် Wu Xi Ze တို့ပဲ ဖြစ်ပါတယ်။

 

ဇာတ်လမ်းအကျဉ်းလေးကတော့ Dong Shancai Read More

သဲထိတ်ရင်ဖိုအကောင်ကားတွေ ကြိုက်တယ်ဆိုရင် လက်မလွှတ်သင့်တဲ့ The MEG

ဒီ The MEG ရုပ်ရှင်ဇာတ်ကားကတော့ ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်နိုင်တဲ့ ဇာတ်ကားဖြစ်တာကြောင့် အားလပ်ရက်မှာ မိသားစုနဲ့ အပန်းဖြေချင်သူတွေအတွက် အတူတူကြည့်လို့ရနိုင်မယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကားရဲ့ official release date က သြဂုတ်လ ၁၀ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံကြီးများမှာလည်း မကြာခင်ရုံတင်ပြသမယ်လို့လည်း ကြေငြာထားတာကို တွေ့ရပါတယ်။

ဇာတ်လမ်းပုံစံဖြစ်တည်လာပုံက megalodon လို့အမည်ရတဲ့ ငမန်းကြီးဟာ အကောင်အရွယ်စား ၇၅ ပေလောက်ရှိပြီး Read More

Wuba လေးကို ပြန်လည်တွေ့ရအုံးမယ့် Monster Hunt 2

Chinese film ဖြစ်တဲ့ Monster Hunt 2 ကိုတော့ February လထဲမှာ release လုပ်မယ်လို့သိရပါတယ်။ ၂၀၁၅ မှာ Monster Hunt ကို စတင်မိတ်ဆက်ပြသပေးခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပြီး နိုင်ငံသမိုင်းတွင် ၀င်ငွေ အများဆုံးရသည့် ဇာတ်ကားအဖြစ် စံချိန်သစ်ကို ရနိုင်ခဲ့ကြောင်း သိရသည်။ Monster Hunt ရဲ့ အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Wuba လေးကတော့ ဒီဇာတ်ကားထဲမှာ ကလေးလူကြီးမရွေး အားလုံးကို ဆွဲဆောင်နိုင်ခဲ့တဲ့ သူလေးဖြစ်ခဲ့ပါတယ်။

ပထမ Monster Hunt မှာတုန်းက Wuba လေးကို မွေးဖွားခဲ့ကြပြီး အခုလာမဲ့ Monster Hunt 2 ထဲမှာတော့ Wuba လေးဟာ သူ့ရဲ့ လူသားမိဘတွေနဲ့ လမ်းခွဲပြီး Read More

Jackie Chan ရဲ့ Action တွေကို အရင်ကလိုမြင်တွေ့ရအုံးမယ့် BLEEDING STEEL

အားလုံးရဲ့အချစ်တော် Action မင်းသားကြီး Jackie Chan ကတော့ အသက်ရွယ်ကြီးရင့်လာပေမယ့်လည်း ငယ်ငယ်ကလို  fighting တွေကို သွက်လက်ဖျက်လက်စွာလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ သူ့ရဲ့အနုပညာနဲ့ ပရိသတ်တွေကို ပေးဆပ်ဖို့ရန် အမြဲကြိုးစားနေဆဲဖြစ်သူမို့ ဒီနေ့ဒီချိန်ထိရပ်တည်နေနိုင်တာဆိုလည်း မမှားဘူးပေါ့။ ခုတခါတော့ သူ့ရဲ့ပရိသတ်တွေကို ဖမ်းစားဖို့အတွက် ဒီ ၂၀၁၇ မှာဘဲရုံတင်ထားတဲ့ The Foreigner လို fighting ကားမျိုးမှာ ဇာတ်ကားတစ်ကားလုံးကို အပိုလူမလိုဘဲ တစ်ယောက်တည်း ထိန်းသွားနိုင်သလို အခု BLEEDING STEEL ဇာတ်ကားမှာရော ဘယ်လို fighting တွေ ပြသသွားမယ်ဆိုတာကို  မကြာခင်ခံစားရတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ Jackie Chan ဟာလူဆိုးဂိုဏ်းနှိမ်နင်းတဲ့ အဖွဲ့ဝင်ရဲတစ်ယောက်ဖြစ်လို့ Jackie Chan ရဲ့ အကောင်းဆုံး fighting တွေနဲ့ ထိန်းချုပ်သွားမှာကို မြင်တွေ့ရမှာ သေချာနေပါပြီနော်။