ခရစ္စမတ်အကြိုအဖြစ် တကယ်ကြည့်လို့ကောင်းမယ့် The Princess Switch

တစ်ခါတလေကျရင် လူတွေဟာ ကိုယ်တိုင် လက်ရှိကျင်လည်နေကြရတဲ့ ပတ်ဝန်းကျင်တွေ၊ ဘဝတွေကို ညည်းငွေ့လာတတ်ကြပါတယ်။ အပြောင်းအလဲ ဆိုတာတွေကိုလည်း လိုလားတောင့်တ လာတတ်ကြပါတယ်။

 

တစ်ခုသော ခရစ္စမတ်အားလပ်ရက်တွေမတိုင်ခင် တစ်ပတ်အလိုမှာပေါ့။ သာမန်အရပ်သူ မိန်းမပျိုလေး တစ်ယောက်ဖြစ်သလို ပျော်ပျော်လည်း နေတတ်တဲ့ Stacy ဟာ သူမနေထိုင်ရာ ချီကာဂိုမြို့ကနေပြီး Read More

အိပ်မက်ဆန်တဲ့ အဖြစ်လေးတွေကို ပျော်ပျော်ပါးပါး မြင်တွေ့ခွင့်ရမယ့် The Christmas Chronicles

ခရစ္စမတ် ကာလတွေမှာ အင်္ကျီအနီရောင် ပွပွကြီးကိုဝတ်ပြီး၊ မုတ်ဆိတ်ဖြူကြီးတွေနဲ့ ခပ်ဝဝသွင်ပြင်ရှိတဲ့ ဆန်တာကလော့စ် (Santa Claus) ကြီးကို တွေ့ခွင့်ရဖို့အတွက်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကလေးတိုင်းရဲ့ အိပ်မက်တစ်ခုပဲ ဖြစ်တယ်လို့ ပြောရမယ်ဆိုရင် ရနိုင်လိမ့်မယ် ထင်မိပါတယ်။

 

အဲဒီတော့ မြို့လေးတစ်မြို့မှာ ရှိကြတဲ့ Kate နဲ့ Teddy တို့ မောင်နှမနှစ်ယောက်ဟာလည်း ဘာသားနဲ့ ထုထားတာမို့လို့တုန်း။ သူတို့လည်း ကလေးတွေပီပီ သူတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက ဆန်တာကြီးကို သိပ်တွေ့ဖူးချင်နေခဲ့ကြပါတယ်။

 

တစ်ခုသော ခရစ္စမတ် အားလပ်ရက်တွေကို ရောက်လာတဲ့အခါမှာတော့ သူတို့မောင်နှမဟာ ထူးထူးခြားခြား Read More

ခရစ်စမတ်ပိတ်ရက်မှာ မဖြစ်မနေကြည့်သင့်တဲ့ Movies ၅ခု

ကဲ ခရစ်စမတ်ကျောင်းပိတ်ရက် ရုံးပိတ်ရက်တွေစတော့မယ်ဆိုတော့ အားလုံးပျော်နေကြမှာပေါ့နော်။ ပိတ်ရက်မို့လို့ ခရီးသွားတဲ့သူတွေရှိသလို အိမ်မှာပဲ အေးဆေးနှပ်ကြမယ့် ဘော်ဒါတွေလဲ ရှိကြတယ်မလား? ဒီတစ်ခါတော့ ဘယ်မှမသွားပဲ ပိတ်ရက်မှာ အေးအေးဆေးဆေးနားကြမယ့် သူတွေအတွက် ခရစ်စမတ်ရာသီနဲ့လဲကိုက်ပြီး ကြည့်ဖို့သင့်တော်တဲ့ Christmas holidays Movies လေးငါးခုကို ပြောပြချင်ပါတယ်နော်။

ဇာတ်ကားတွေက တစ်ခုမှ အသစ်တော့မဟုတ်ပေမယ့် ကိုယ်မကြည့်ရသေးတဲ့ကားပါရင်တော့ ကိုယ့်အတွက် အသစ်ပဲလေနော့။ ကြည့်ဖူးပြီးသားတွေပါတယ်ဆိုရင်လဲ ပြန်ကြည့်ပြီး အရင်တုန်းက အမှတ်တရလေးတွေကို ပြန်တမ်းတလိုက်ကြရအောင်နော်။

တစ်ခုပြောစရာရှိတာကတော့ အားလုံးသိပြီးသား ကြည့်ပြီးသားဖြစ်နေမယ့် Home alone ကို ထိပ်ဆုံးမှာထည့်ထားမိတာကိုခွင့်လွှတ်ကြပါလို့။ ကိုယ်တွေဆို Home alone ကို ငယ်ကတည်းကနေ ခုအရွယ်ထိ ဒီဇင်ဘာရောက်တိုင်း ပြန်ပြန်ကြည့်နေမိတဲ့အပြင် ပြန်ကြည့်မိတိုင်းလည်း ပထမဆုံးစကြည့်ခဲ့ရတဲ့ feeling လေးကို သတိရအောက်မေ့မိလို့ပါ။ ကိုယ်တွေငယ်ငယ်တုန်းက အိမ်တိုင်းမှာ TV ဆိုတာကြီးမရှိပဲ အောက်စက်ဆိုတာပိုင်နိုင်သူခပ်ရှားရှားကိုး။ ဦးလေးအိမ်မှာ လူတွေစုပြီး TV ကြီးရှေ့မှာ နေရာလုထိုင်ပြီး ကြည့်ခဲ့ရတဲ့ အပျော်တွေဆိုတာ ခုထိကို မမေ့နိုင်စရာဖြစ်နေခဲ့တာပါ။ အဲ့ feeling လေးသိတဲ့သူတွေ ရှိတ်သွားကြပါဦး။ 

1 – Home Alone (1990)

 

2 – The Muppet Christmas Carol (1992)

 

3 – Dr. Seuss’ How the Grinch Stole Christmas (2000)

 

4 – Elf (2003)

 

5 – Arthur Christmas (2011)

 

ကဲ မကြည့်ရသေးတဲ့ကားတွေပါရင် ပိတ်ရက်မှာ အေးဆေးကြည့်လိုက်ကြပါဦးနော်။ ကြည့်ပြီးသားကားတွေဆိုရင်လဲ ငယ်ဘဝလေးတွေကိုပြန်အမှတ်ရစေမှာ အမှန်ပဲမို့ ထပ်ကြည့်လိုက်ပါဦးလို့ ……..

အားလုံးပဲ ပျော်ရွှင်တဲ့  ခရစ်စမတ်ဖြစ်ကြပါစေနော်…….