Lady Gaga ဟာ A Star Is Born ဇာတ်ကားကြောင့် ချစ်သူနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာလား?

အသက် ၃၂ နှစ်အရွယ် Gaga နဲ့ သူမရဲ့ ချစ်သူဖြစ်တဲ့ ၄၉ နှစ်အရွယ် Christian Carino တို့ဟာ ၂၀၁၇ နှစ်ဦးပိုင်းလောက်ကတည်းက စတွဲနေကြတာပဲ ဖြစ်ပါတယ်။ Christian ရဲ့ အလုပ်အကိုင်က Gaga ရဲ့ ကိုယ်စားလှယ်အလုပ်ဖြစ်နေတာမို့ သူတို့ရဲ့ ပတ်သက်မှုက လုပ်ငန်းသဘောအရကနေ စတင်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုနိုင်မှာပါ။ (Christian ဟာ Justin Bieber, Miley Cyrus, Jennifer Lopez စတဲ့ နာမည်ကျော်တွေရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

 

Gaga ဟာ သူမနဲ့ Read More

ချစ်ကြတော့မယ်ဆိုတဲ့ ကောလဟာလတွေကြားက Zac Efron နဲ့ Selena Gomez

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ တင်စားနိုင်တဲ့ ဟောလီးဝုဒ်က လူငယ်မင်းသား Zac Efron ဟာ သူ့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက်လုံးမှာ အချစ်ရေးတွေနဲ့ ပတ်သက်လာရင် အရှုပ်အထွေးနဲ့ ကောလဟာလသတင်းတွေ နည်းခဲ့တဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့လည်း ဒီ ၂၀၁၉ နှစ်ဦးပိုင်းထဲမှာတော့ Zac ရဲ့ အချစ်ရေးနဲ့ ပတ်သက်နေတဲ့ ကောလဟာလတစ်ခုဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ တောမီးလို ပြန့်နှံ့နေခဲ့တာကို တွေ့ရပါတယ်။

 

အဲဒီသတင်းက တခြားတော့ Read More

တကယ်စွံသွားပြီဖြစ်တဲ့ Jennifer Lawrence

ဟောလီးဝုဒ်အသိုင်းအဝိုင်းမှာ ထင်ရှားအောင်မြင်တဲ့ ကြယ်တစ်ပွင့်အဖြစ် လင်းလက်တောက်ပနေဆဲဖြစ်တဲ့ မင်းသမီးချော Jennifer Lawrence ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသားထုကြီးရဲ့ အသည်းကို ဒီ ၂၀၁၉ နှစ်ဦးပိုင်းလေးမှာ အစိမ်းလိုက် ခွဲသွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ သူမဟာ Single ဘဝကို စွန့်လွှတ်လိုက်ပြီမို့ပဲ ဖြစ်ပါတယ်။

 

ဟုတ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့တုန်းက အင်တာနက်မီဒီယာ စာမျက်နှာတွေပေါ်မှာ တွေ့ရတဲ့ Read More

Brad Pitt ဟာ ချစ်သူအသစ်နဲ့ တကယ်ပဲ တွဲနေခဲ့ပြီလား….?

ဟောလီးဝုဒ် နာမည်ကျော်မင်းသား Brad Pitt နဲ့ ဇနီးသည်ဖြစ်တဲ့ Angelina Jolie တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက လမ်းခွဲခဲ့ကြတာကို အားလုံးလည်း သိပြီးသားနေမှာပါ။ အဲဒီနောက်မှာတော့ Pitt ဟာ သူတို့ရဲ့ ရင်သွေးတွေကို အုပ်ထိမ်းခွင့်ရအောင် ကြိုးစားရင်း၊ တရားဥပဒေနည်းလမ်းအရ အပြီးအပိုင် ကွာရှင်းနိုင်ဖို့ ကိစ္စတွေအတွက် လုံးပန်းနေရလို့လားတော့ မပြောတတ်ပါဘူး။ လူလွတ်တစ်ယောက် ဖြစ်သွားခဲ့ပေမယ့် သူနဲ့ပတ်သက်နေတဲ့ အချစ်သတင်းအသစ်တွေ တိတ်ဆိတ်နေခဲ့တာတော့ အမှန်ပါဘဲ။

 

ဒါပေမဲ့ ဒီ ၂၀၁၉ ခုနှစ်ဦးပိုင်းမှာတော့ Read More

Chris Pratt နဲ့ Katherine Schwarzenegger တို့ရဲ့ စေ့စပ်မင်္ဂလာသတင်း

Avengers, Jurassic World စတဲ့ ဇာတ်ကားတွေထဲမှာ စူပါဟီးရိုးဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ကောင်းခဲ့တဲ့ နာမည်ကျော် မင်းသားချော Chris Pratt ဟာ Best Seller စာရေးဆရာမလေး တစ်ယောက်ဖြစ်သလို မင်းသားကြီး အာနိုးလ်ရဲ့ သမီးငယ်တစ်ယောက်လည်းဖြစ်တဲ့ Katherine Schwarzenegger နဲ့ ၂၀၁၈ နှစ်ဦးပိုင်းလောက်ကတည်းက ချစ်ကြိုက်နေခဲ့တာပါ။

 

ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အစပိုင်းမှာတော့ Read More

Golden Globe ဆုပေးပွဲမှာ ချစ်သူအသစ်ကို ပွဲထုတ်လာခဲ့တဲ့ Jim Carrey

ဟောလီးဝုဒ် နာမည်ကျော် ဟာသ သရုပ်ဆောင် မင်းသားကြီး Jim Carrey ရဲ့ အသက်ဟာ သိပ်မငယ်လှတော့ပါဘူး။ ၅၆ နှစ် ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ သူရဲ့ လက်ရှိပုံရိပ်တွေကတော့ အားလုံး မြင်ရတဲ့အတိုင်းပါပဲ။ လက်ရှိ အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလန်းဆန်းနေတုန်းပါ။

 

အဲဒီလို နုပျိုလန်းဆန်းနေခဲ့ရတဲ့ Jim ရဲ့ လျှို့ဝှက်ချက်က တခြားတော့ မဟုတ်ပါဘူး။ သူဟာ ငွေရောင်ပိတ်ကားတွေ အပေါ်ကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Read More

Bohemian Rhapsody ဇာတ်ကားကြောင့် စုတ်ရော လာဘ်ရော ဝင်တဲ့ Rami Malek

၂၀၁၈ ခုနှစ်ဟာ ဟောလီးဝုဒ် လူငယ်မင်းသား Rami Malek ရဲ့ နှစ်တစ်နှစ်ပဲ ဖြစ်တယ်လို့ ပြောနိုင်လိမ့်မယ် ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပါ၀င် သရုပ်ဆောင်ထားခဲ့တဲ့ Bohemian Rhapsody ဇာတ်ကားဟာ၂၀၁၈၊ အောက်တိုဘာလ ၂၄ ရက်နေ့တုန်းက ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြသခွင့် ရခဲ့သလို၊ အဲဒီဇာတ်ကားရဲ့ အောင်မြင်မှုကလည်း (အခုချိန်ထိတိုင်အောင်) နိုင်ငံအနှံ့အပြားမှာ တကယ့်ကို ၀က်ဝက်ကွဲပဲလို့ ပြောနိုင်လောက်တဲ့အထိ ဖြစ်ခဲ့ရတာမို့ပါပဲ။

 

Rami ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ Bohemian Rhapsody ဇာတ်ကားဟာ Read More