Jackie Chan ရဲ့ Action တွေကို အရင်ကလိုမြင်တွေ့ရအုံးမယ့် BLEEDING STEEL

အားလုံးရဲ့အချစ်တော် Action မင်းသားကြီး Jackie Chan ကတော့ အသက်ရွယ်ကြီးရင့်လာပေမယ့်လည်း ငယ်ငယ်ကလို  fighting တွေကို သွက်လက်ဖျက်လက်စွာလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ သူ့ရဲ့အနုပညာနဲ့ ပရိသတ်တွေကို ပေးဆပ်ဖို့ရန် အမြဲကြိုးစားနေဆဲဖြစ်သူမို့ ဒီနေ့ဒီချိန်ထိရပ်တည်နေနိုင်တာဆိုလည်း မမှားဘူးပေါ့။ ခုတခါတော့ သူ့ရဲ့ပရိသတ်တွေကို ဖမ်းစားဖို့အတွက် ဒီ ၂၀၁၇ မှာဘဲရုံတင်ထားတဲ့ The Foreigner လို fighting ကားမျိုးမှာ ဇာတ်ကားတစ်ကားလုံးကို အပိုလူမလိုဘဲ တစ်ယောက်တည်း ထိန်းသွားနိုင်သလို အခု BLEEDING STEEL ဇာတ်ကားမှာရော ဘယ်လို fighting တွေ ပြသသွားမယ်ဆိုတာကို  မကြာခင်ခံစားရတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ Jackie Chan ဟာလူဆိုးဂိုဏ်းနှိမ်နင်းတဲ့ အဖွဲ့ဝင်ရဲတစ်ယောက်ဖြစ်လို့ Jackie Chan ရဲ့ အကောင်းဆုံး fighting တွေနဲ့ ထိန်းချုပ်သွားမှာကို မြင်တွေ့ရမှာ သေချာနေပါပြီနော်။

အဆင့် ၇ဆင့်ကို ကျော်ဖြတ်ပြီး လူ့ဘဝကိုပြန်ရအောင် ကြိုးစားသွားတာကို တွေ့ရမယ့် ’Along With the Gods: The Two Worlds’

အခုနောက်ပိုင်း ကိုရီးယားရုပ်ရှင်တွေလည်း တော်တော်လေးကောင်းလာပြီနော်။ drama ဆိုလည်း တကယ်စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျလောက်အောင်ထိဘဲ။ အခုလည်း လူအများစိတ်ဝင်းစားနိုင်တဲ့  ရုပ်ရှင်ကားတစ်ကားကို မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်နော်။

ဒီကားလေးမှာတော့ Cha Tae-hyun ဟာ ရုတ်တရက်သေဆုံးသွားပြီး တခြားဘုံကို ရောက်ရှိသွားပါတယ်။ ဒီကားထဲမှာတော့ Cha Tae-hyun ဟာမီးသတ်သမားတစ်ယောက်ဖြစ်ပြီး သူဟာ လူဘဝကိုပြန်ရောက်နိုင်ဖို့အတွက် ၄၉ ရက်အတွင်း အဆင့် ၇ ဆင့်ကို ကျော်ဖြတ်ရမှာပါ။ Cha Tae-hyun ဟာလူ့ဘဝမှာ အမှန်တကယ်အပြစ်ကင်းစင်တဲသူ တစ်ယောက်ဖြစ်တဲ့အတွက် လူ့ဘဝကိုပြန်လည်ရရှိဖို့ ထိုက်တန်းကြောင်းဆိုတာကို သူ့နဲ့အတူပါလာတဲ့ Gurdian ၃ယောက်က သူ့ကိုကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်  Cha Tae-hyun နဲ့အတူ သူရဲ့ Gurdian တွေဟာ ဘယ်လိုအခက်ခဲတွေကို ကြုံတွေ့ရပြီး ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာကိုတော့ မကြာခင်ရုံတင်တော့မှာဖြစ်လို့ ကြည့်ရှု့ခံစားအားပေးလို့ရတော့မှာ ဖြစ်ပါတယ်။

Image Source : https://www.youtube.com/watch?v=sD7dmu-IWNw

အသက် ၆၅နှစ်ကျော်မင်းသားကြီး Liam Neeson ရဲ့ Fighting တွေကို မြင်တွေ့ရမယ့် THE COMMUTER

Fighting ဇာတ်ကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ fighting သမားတွေအတွက် အလန်းစားရုပ်ရှင်ကားတစ်ကား လာပါတော့မယ်။ ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ Best Actor ဆုပေါင်းများစွာ သိမ်းပိုက်ထားတဲ့ Liam Neeson  ဖြစ်ပါတယ်။ အခုဆိုရင်တော့ အသက် ၆၆နှစ်လောက်ရှိပြီဖြစ်တဲ့ မင်းသားကြီးပေါ့။

ဒီဇာတ်ကားထဲမှာတော့ Liam Neeson ဟာ insurance salesman တစ်ယောက်ဖြစ်ပြီး နေ့စဉ်ရထားနဲ့အသွားအပြန်လုပ်တဲ့သူတစ်ဉီးဖြစ်ပါတယ်။ တစ်နေ့မှာ လျို့ဝှက်ဆန်းကြယ်မိန်းမတစ်ယောက်က ဒေါ်လာ $100,000 ပေးပြီးအလုပ်အပ်ပါတယ်။  အဲ့အချိန်မှစပြီး အသက် ၆၆ နှစ် ရှိနေပြီဖြစ်တဲ့ Liam Neeson ရဲ့ဘယ်လို Fighting အကြမ်းစားစွန့်စားခန်းတွေကို မြင်တွေ့ရမလည်းဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ Action ကားမှကြိုက်တဲ့သူတွေ မကြာခင်ပိတ်ကားပေါ်မှာ အရသာရှိရှိခံစားနိုင်တော့မှာဖြစ်လို့ ရုံတင်မယ့်ရက်ကို နားစွင့်ထားကြဖို့လည်း မမေ့နဲ့နော်။

Image Source : https://www.facebook.com/TheCommuterUK