Dwayne Johnson ရဲ့ ‘Rampage’ ပြသရက်ရှေ့တိုး – Hollywood Blockbuster တွေ စိမ်ပြေးလိုက်တမ်းကစားနေကြ

RAMPAGE

Avengers: Infinity War‘ ပြသမယ့်ရက် တစ်ပတ်အရှေ့တိုးပြီး ဧပြီ ၂၇ ကိုရောက်သွားတော့ ဘာဖြစ်သွားသလဲ…

 

ဧပြီလထဲပြမယ့် Hollywood Blockbuster ရုပ်ရှင်တွေအကုန်ဗျောင်းဆန်ကုန်ပြီး မင်းသားကြီး Dwayne Jonhson ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Rampage‘ ဇာတ်ကားက နေရင်းထိုင်ရင်း တစ်ပတ်ရှေ့တိုးလိုက်ရတဲ့အခြေအနေဆိုက်သွားခဲ့ပါတယ်။ နဂိုက ဧပြီ ၂၀ ရက်နေ့ပြသဖို့စီစဉ်ထားတာ အခုဆိုရင် တစ်ပတ်ရှေ့တိုးပြီး ဧပြီ ၁၃ ကိုရောက်သွားပြီဖြစ်ပါတယ်။

 

ဒီ Hollywood Blockbuster တွေရဲ့ စိမ်ပြေးလိုက်တမ်းက 20th Century Fox ရဲ့ ‘Deadpool 2‘ ကနေ စတင်ခဲ့တယ်လို့ဆိုရမှာပါ။ Read More

အကြမ်းစား Hollywood Crime ဇာတ်လမ်းပုံစံတွေမှ ကြိုက်တယ်ဆိုရင်တော့ The Hurricane Heist

ဒီတခါတော့ နိုင်ငံတကာ screening date နဲ့အတူ ပြသပေးမယ် The Hurricane Heist ကိုတော့ မဖြစ်ဖြစ်အောင် ကြည့်ဖို့လိုအပ်ပါတယ်လို့ အကြံပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ကမ္ဘာကျော်ခဲ့တဲ့ The Fast and the Furious နဲ့ xXx ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Rob Cohen ကိုယ်တိုင် Read More

Avengers: Infinity War ပြသရက်အရှေ့တိုး

Avengers: Infinity War ကိုစောင့်မျှော်နေကြတဲ့ Marvel ပရိသတ်တွေ ဝမ်းသာလိုက်လို့ရပါပြီ။ နဂိုက မေလ ၄ ရက်နေ့မှာ Global Release လုပ်ဖို့စီစဉ်ထားတဲ့ ဒီဇာတ်ကားကို အခုအခါမှာတော့ တစ်ပတ်ရှေ့တိုးပြီး ဧပြီလ ၂၇ ရက်နေ့မှာ ပြသသွားတော့မှာဖြစ်ပါတယ်။

 

ဒီအကြောင်းကို Official Statement တွေဘာညာနဲ့ကြေညာခဲ့တာတောင်မဟုတ်ပါဘူး။ Marvel Studios နဲ့ Iron Man သရုပ်ဆောင် Robert Downey Jr. တို့ Twitter ပေါ်မှာ အပြန်အလှန်စကားပြောပုံနဲ့ ပြသရက်ရှေ့တိုးတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ conversation လေးကိုကြည့်လိုက်ကြပါဦး.. သဘောကျစရာလေးပါ။ 🤣

Read More

Marvel က သူ့ရဲ့ Infinity War Promo Art အသစ်နဲ့ Soul Stone ပိုင်ဆိုင်သူကို Spoil လိုက်ပြီလား

avengers-infinity-war_infinity_stone

ထွက်ရှိဖို့ ၁ လကျော်ကျော်လေးပဲလိုတော့တာဆိုတော့ Marvel က သူ့ရဲ့ Avengers: Infinity War ကို အမှန်အကန် promote စလုပ်နေပါပြီ။ မနေ့ကထုတ်ပြန်ခဲ့တဲ့ poster အသစ်ဟာဆိုရင်လည်း Marvel ရဲ့ promotion ခြေလှမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီနေရာမှာ promotion poster အကြောင်း ဘာလို့အထူးတလည်ပြောနေရတာလဲလို့ မေးချင်စရာရှိပါတယ်။ အကြောင်းကတော့ ခေါင်းစဉ်မှာပြောထားသလိုပါပဲ.. အဲဒီ poster မှာ ယခုအချိန်အထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးတဲ့ Soul Stone ပိုင်ဆိုင်သူနဲ့ဆက်စပ်တယ်လို့ ယူဆလို့ရတဲ့ သဲလွန်စတစ်ခု ပါဝင်လာတဲ့အတွက်ဖြစ်ပါတယ်။

 

Marvel Cinematic Universe (MCU) တစ်ခုလုံးက Infinity Stones တွေပေါ်မှာ အခြေခံထားတာပါ။ Infinity Stones က စုစုပေါင်း ၆ လုံးရှိတာဖြစ်ပြီးတော့ လောလောဆယ်အချိန်အထိ ထုတ်ဖော်ပြသပြီးတာ ၅ လုံးပဲရှိပါသေးတယ်။ Read More

Mark Hamill က Guardians of The Galaxy Vol.3 မှာ ပါဝင်သရုပ်ဆောင်တော့မှာလား

Social Media ပေါ်မှာ တလွဲတွေချည်းမြင်နေရလို့စိတ်ပျက်မိတဲ့အခါတွေလည်းရှိမှာပါ။ ဒါပေမယ့် မနေ့က Twitter ပေါ်မှာဖြစ်သွားခဲ့တဲ့ Star Wars မင်းသားကြီး Mark Hamill နဲ့ Guardians of The Galaxy ဒါရိုက်တာ James Gunn တို့ကြားက conversation လေးကတော့ Social Media ရဲ့ကောင်းကွက်လေးတွေထဲကတစ်ခုပဲဖြစ်ပါတယ်။

 

ဖြစ်ပုံလေးကဒီလိုပါ.. ရုပ်ရှင်ချစ်သူတစ်ဦးက James Gunn ကို သူလက်ရှိဖန်တီးနေတဲ့ Guardians of The Galaxy Vol.3 မှာ Mark Hamill ကိုထည့်သွင်းရိုက်ကူးဖို့တောင်းဆိုခဲ့တာပါ။ Hamill ရဲ့ပရိသတ်တွေအနေနဲ့ကတော့ သူတို့ချစ်တဲ့သရုပ်ဆောင်ကြီးကို နောက်ထပ် Blockbuster ရုပ်ရှင်တွေမှာ မြင်တွေ့လိုတာမဆန်းပါဘူး။ ဆန်းတာက အဲဒီလိုတောင်းဆိုထားတဲ့ tweet ကို James Gunn က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ reply tweet ထဲမှာ Read More

ဒါရိုက်တာ Ryan Coogler က ‘Black Panther’ ရုပ်ရှင်ထဲက အက်ရှင်ခန်းတစ်ခုကို အသေးစိတ်ရှင်းပြ

ယခုလက်ရှိ Box Office မှာ အောင်ပွဲခံနေတဲ့အပြင် Rotten Tomatoes Rating အမြင့်ဆုံး Superhero ဇာတ်ကားအဖြစ် စံချိန်တင်သွားတဲ့ Black Panther ဇာတ်ကားရဲ့ဒါရိုက်တာ Ryan Coogler က ဒီရုပ်ရှင်ထဲက အလန်းဆုံးအက်ရှင်ခန်းတစ်ခုလို့ပြောလို့ရတဲ့ ကာစီနိုထဲမှာချတဲ့အခန်းကို အသေးစိတ် ရှင်းလင်းပြောပြသွားခဲ့ပါတယ်။ ရုပ်ရှင်ကြည့်တုန်းက မျက်စိတစ်မှိတ်အတွင်းမှာပြီးသွားခဲ့တဲ့ အခန်းလေးတွေကို ဘယ်လောက်တောင် ဂရုတစိုက်ဖန်တီးယူထားတယ်ဆိုတာတွေသိရတော့ တော်တော်လေးကို အားရမိပါတယ်။ ပြီးတော့ ရုပ်ရှင်သာကြည့်လိုက်ပြီး သတိမထားမိခဲ့တဲ့အချက်လေးတွေကိုပါ ရှင်းလင်းပြောပြသွားတာဆိုတော့ တကယ်ကိုအနှစ်ပါပဲ။ Black Panther ကို ကြည့်ပြီးသွားပြီဆိုရင်တော့ ဒီ breakdown လေးက ကြည့်ကိုကြည့်သင့်ပါတယ်။

 

Read More

‘Ready Player One’ ရဲ့ Poster အသစ်မှာ ‘အဝင်း’ ကိုရှာကြမယ်

မြန်မာပရိသတ်တွေ “အဝင်း အဝင်း” နဲ့ ချစ်စနိုးခေါ်ကြတဲ့ မြန်မာပြည်ဖွား ဂျပန်အဆိုတော်/သရုပ်ဆောင် မိုရီဆာကီဝင်း (Morisaki Win) တစ်ယောက် ဒါရိုက်တာကြီး Steven Spielberg ရဲ့ရုပ်ရှင် Ready Player One မှာပါဝင်သရုပ်ဆောင်တယ်ဆိုတာ သိသူတွေရှိသလို မသိသူတွေလည်းရှိကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ဖွားတစ်ယောက်ကို ဟောလိဝုဒ် Blockbuster ရုပ်ရှင်တစ်ခုမှာမြင်တွေ့ရတာ ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် အဝင်းက ရုပ်ရှင်ထဲမှာပါတယ်သာပြောတာ ခုချိန်ထိမမြင်ရသေးလို့ မချင့်မရဲဖြစ်နေပါသလား.. စိတ်မပူပါနဲ့.. တစ်နေ့ကထုတ်ပေးခဲ့တဲ့ poster အသစ်မှာ အဝင်းကိုမြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

 

အောက်မှာဖော်ပြထားတဲ့ poster မှာ အဝင်း ပါပါတယ်။ ရှာကြည့်လိုက်ပါ။ အဖြေမှန်ကို အောက်မှာဖော်ပြပေးထားပါတယ်။ ခိုးမကြည့်ကြေးနော်.. ကိုယ်ထင်တာအရင်မှန်းပြီးမှ သွားကြည့်ပါ။ 😉

 

Courtesy of Warner Bros.

 

ကဲ.. စဉ်းစားပြီးသွားပြီလား.. အဲဒါဆိုရင်တော့ အဖြေမှန်လေးကို ပြောပြီနော်…

 

အဝင်းသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် Daito ကို Poster ရဲ့အောက်ဆုံးမှာမြင်တွေ့နိုင်ပါတယ်။ ကားဘေးနားမှာ လူငါးယောက်တန်းစီရပ်နေတဲ့အထဲက အနီရောင် ဆာမူရိုင်းဝတ်စုံနဲ့က အားလုံးရဲ့အသည်းလေး အဝင်းပဲဖြစ်ပါတယ်။

 

Daito ဆိုတာက The High Five အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Ready Player One ဇာတ်လမ်းထဲမှာ အရေးပါအရာရောက်တဲ့ ဇာတ်ပို့ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ အများကြီးပြောရင် spoil သလိုဖြစ်သွားမှာစိုးလို့ အဝင်းရဲ့ Daito ကို ရုပ်ရှင်ပြမယ့် မတ်လ ၂၉ ရက်နေ့ကျရင် ပိတ်ကားထက်မှာ ကြည့်ရှုခံစားလိုက်ပါလို့… 😁

 

Courtesy of Warner Bros.

နောက်ဆုံးတော့ ဒါရိုက်တာရသွားပြီလို့ဆိုနိုင်တဲ့ ‘Call of Duty’ ရုပ်ရှင်

Activision Blizzard ရဲ့ Call of Duty ရုပ်ရှင်ကိစ္စက အလုံးအထည်ပေါ်လာပြီလို့ ဆိုရမှာပါ။ အခုဆိုရင် Activision Blizzard Studios ဟာ အဲဒီရုပ်ရှင်အတွက် ဒါရိုက်တာစတင်ရှာဖွေနေပြီ ဖြစ်ပါတယ်။ Variety ရဲ့ပြောဆိုချက်အရဆိုရင် Activision Blizzard Studios ဟာ လက်ရှိအချိန်မှာ Sicario 2: Soldado ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်တဲ့ Stefano Sollima နဲ့ စတင်ညှိနှိုင်းနေပြီလို့ သိရပါတယ်။

 

Activision Blizzard Studios ရဲ့ ဥက္ကဌတွေဖြစ်ကြတဲ့ Stacey Sher နဲ့ Nick van Dyk, Activision Blizzard ကုမ္ပဏီရဲ့ Chief Executive ဖြစ်သူ Bobby Kotick တို့က ဒီရုပ်ရှင် project ကို ဦးဆောင်ကိုင်တွယ်နေတာဖြစ်ပါတယ်။ လောလောဆယ်အချိန်မှာတော့ ဒါရိုက်တာရှာဆဲအဆင့်ပဲရှိသေးပြီး ဇာတ်ညွှန်းရေးသူ၊ ဖြန့်ချိသူ စတာတွေမရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ကို ဘယ်လိုဇာတ်အိမ်တည်မယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ သူတို့ဖက်က ထုတ်ဖော်ပြောကြားထားတာ တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ Call of Duty ရုပ်ရှင်ကို Marvel ရဲ့ MCU, DC ရဲ့ DCEU တို့လို့မျိုး “Call of Duty Cinematic Universe” အဖြစ် ဖန်တီးသွားမှာဖြစ်ပါတယ်။

 

ဗီဒီယိုဂိမ်းကိုအခြေခံပြီးရိုက်ကူးတဲ့ရုပ်ရှင်တွေဟာ မကောင်းတာများပါတယ်.. အဆုံးစွန်ထိပြောရရင် အရမ်းကောင်းပါတယ်လို့ညွှန်းလို့ရတဲ့ရုပ်ရှင် ရှိကိုမရှိသေးတာပါ။ ၂၀၁၆ တုန်းကထွက်ရှိခဲ့တဲ့ Warcraft ရုပ်ရှင်ဟာ ဗီဒီယိုဂိမ်းအခြေခံရုပ်ရှင်တွေထဲမှာ တော်တော်အောင်မြင်ခဲ့တယ်လို့ပြောလို့ရပေမယ့် စီးပွားရေးအရသာ အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ Cinematic value မရှိပဲ အဲဒီဂိမ်းရဲ့ fan တွေအတွက်သာ ကြည့်ရှုရအဆင်ပြေခဲ့ပါတယ်။ အခု Call of Duty ဟာ gamer တွေရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ရုပ်ရှင်တစ်ခုဖြစ်လာမလားဆိုတာကိုတော့ အချိန်ကအဖြေပေးမှာပဲဖြစ်ပါတယ်။

 

Ref: Variety

Zack Snyder က ‘Justice League’ project ကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာလား

ဒါရိုက်တာကြီး Zack Snyder တစ်ယောက် Justice League project ထဲကနေ မိမိသဘောအလျှောက်ထွက်သွားခဲ့တာမဟုတ်ပဲ DC နဲ့ Warner Bros တို့က ကန်ထုတ်ခဲ့တာလား…

 

Justice League ရုပ်ရှင်က Zack Snyder တစ်ဝက်၊ Joss Whedon တစ်ဝက်ဆိုတာက DC fan တော်တော်များများသိကြတဲ့အချက်တစ်ခုပါ။ ၂၀၁၇ မတ်လတုန်းက Zack Snyder ရဲ့သမီး Autumn Snyder က မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ပါတယ်။ အဲဒါကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုကိုအချိန်ပေးချင်လို့ဆိုပြီး မေလမှာ Justic League project ထဲကနေထွက်ခွာသွားခဲ့ပါတယ်။ အဲဒါကြောင့် DC နဲ့ Warner Bros တို့က MCU ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joss Whedon ကိုခေါ်ယူပြီး project ကိုဆက်လက်ဦးဆောင်စေခဲ့ပါတယ်။ ဒါတွေကတော့ အဲဒီအချိန်တုန်းက သတင်းဌာနပေါင်းစုံက သတင်းထုတ်ပြန်ခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားခဲ့တာတွေက တကယ်အမှန်ရောဟုတ်ရဲ့လား…

 

အနုပညာရေးရာ ဂျာနယ်လစ်တစ်ဦးဖြစ်သူ Josh L. Dickey က ဒီအလုပ်ကနေ အနားယူတော့မှာဖြစ်လို့ သူစိတ်အချဉ်ပေါက်နေတာတွေ အားလုံးကို ထုတ်ဖော်ပြောကြားသွားခဲ့ရာမှာ အထက်ပါ Zack Snyder ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ tweet ထဲမှာ Zack Snyder ဟာ DCEU ထဲကနေ လွန်ခဲ့တဲ့တစ်နှစ်ကတည်း ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီကိစ္စတွေဖြစ်ပျက်နေတုန်းက သူ့အနေနဲ့ အဖြစ်မှန်ကိုထုတ်ဖော်ရေးသားဖို့ မဖြစ်နိုင်ခဲ့တဲ့အတွက် အရိပ်အမြွက်လောက်သာ ဖော်ပြနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီအချိန်တုန်းက Dickey ရေးသားခဲ့တဲ့ဆောင်းပါးမှာ DCEU ရဲ့အနာဂတ်မှာ Snyder အနေနဲ့ အရင်လိုလွှမ်းမိုးနိုင်ခြင်း ရှိတော့မှာမဟုတ်ဘူးလို့ ဖော်ပြထားခဲ့တာကို တွေ့နိုင်ပါတယ်။

 

 

Dickey ပြောကြားသွားပုံအရဆိုရင် Snyder ဟာ Justic League ထဲကနေ သူ့သမီးမကွယ်လွန်မီကတည်းက ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။ အကြောင်းရင်းကဘာများဖြစ်မလည်း.. အများစုကတော့ DC နဲ့ Warner Bros တို့ဟာ နောက်လာမယ့် DCEU ရုပ်ရှင်တွေကို Snyder ရဲ့ ခပ်မှောင်မှောင်နဲ့ serious ဖြစ်တဲ့ ပုံစံမျိုးကနေ ခွဲထွက်ပြီးဖန်တီးချင်လို့ ဒီလိုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တကယ့်အကြောင်းရင်းမှန်ကိုတော့ ကာယကံရှင်တွေဖြစ်တဲ့ Zack Snyder ကိုယ်တိုင်နဲ့ DC/Warner Bros တို့က ထုတ်ဖော်ပြောကြားမှ သိရှိနိုင်မှာပါ။

 

Dickey က DGAF ပုံစံမျိုးနဲ့ပြောသွားတာဆိုတော့ ဒီသတင်းက ယုံကြည်နိုင်ဖွယ်ရှိပေမယ့် ပါဝင်ပတ်သက်သူတွေ ဘာမှမပြောလာခင်အထိကတော့ ဒါဟာ ကောလဟာလ အဆင့်မှာသာ ရှိနေမှာပါ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ နောက်လာမယ့် DCEU ရုပ်ရှင်တွေအားလုံးမှာ Snyder က အရေးကြီးတဲ့ကဏ္ဍကနေ မပါဝင်ပါဘူး။ BvS မှာတုန်းက Snyder ရဲ့လက်ရာကို အသေကြိုက်တဲ့ကျွန်တော့်လို fan တွေအတွက်ကတော့ စိတ်မကောင်းစရာသတင်းတစ်ခုပဲ ဖြစ်ပါတယ်။

 

Ref: Collider

‘Deadpool 2’ ဒါရိုက်တာ David Leitch က ‘Fast and Furious’ Spinoff ကို ရိုက်ကူးနိုင်ခြေရှိ

John Wick, Deadpool 2 စတဲ့ ဇာတ်ကားတွေကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ David Leitch ဟာ အခုဆိုရင် ‘Fast and Furious’ ရဲ့ spinoff ဇာတ်ကားကို ဖန်တီးရိုက်ကူးပေးဖို့အတွက် Universal Pictures နဲ့ စတင်ညှိနှိုင်းနေပြီဖြစ်ပါတယ်။ Leitch အနေနဲ့ကတော့ ဒီလို စူပါ blockbuster franchise ကြီးကိုကိုင်တယ်ခွင့်ရမယ်ဆိုတာဟာ မဟာအခွင့်အရေးကြီးပဲဖြစ်ပါတယ်။

 

ဒီ Fast and Furious ဇာတ်ကားဟာ Dwayne Johnson ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Diplomatic Security Service agent တစ်ယောက်ဖြစ်သူ Luke Hobbs နဲ့ Hobbs ရဲ့မဟာရန်သူကြီး Deckard Shaw (Jason Statham) တို့နှစ်ယောက်အကြောင်းကို ရိုက်ကူးဖော်ပြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဖန်တီးဖြစ်ဖို့ အကြောင်းဖန်လာတာက The Fate of the Furious ရိုက်နေစဉ်ကာလအတွင်းမှာ အထက်ပါမင်းသားတို့နှစ်ယောက် အတွဲညီလှပုံကိုမြင်ရာကနေ စတင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ညွှန်းကို The Fast and the Furious: Tokyo Drift ကတည်းကနေ ဇာတ်ညွှန်းရေးသားပေးလာတဲ့ Chris Morgan ကပဲ ဆက်လက်တာဝန်ယူ ရေးသားပေးသွားမှာဖြစ်ကာ ဒါဟာ သူ့ရဲ့ သတ္တမမြောက် Fast and Furios ဇာတ်ကားဖြစ်လာမှာ ဖြစ်ပါတယ်။

 

လောလောဆယ်မှာတော့ ဒီ spinoff ဇာတ်ကားကို ၂၀၁၉ ဇူလိုင် ၂၆ ရက်နေ့ပြသမယ်လို့လျာထားပြီး ဒီ spinoff ကိုနေရာပေးဖို့အတွက် Fast and Furious 9 ကို ၂၀၂၀ အထိ ၁ နှစ်အနောက်ဆုတ်လိုက်ရပါတယ်။ အဲဒါကြောင့်လည်း Universal က Fast and Furious fan တွေ ဝိုင်းမေတ္တာပို့တာ ခံလိုက်ရပါသေးတယ်။ Universal အနေနဲ့ကလည်း သူ့ရဲ့တန်ဖိုးအရှိဆုံး franchise တစ်ခုကို ပိုမိုကြီးထွားလာစေချင်လို့ ဒီလိုစီစဉ်လိုက်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

Ref: THR