သရဲဟာသကား နှစ်သက်သူတွေအတွက် Kuntilanak

ကျောင်းသားလူငယ်တစ်စုဟာ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ပါဝင်ယှဉ်ပြိုင်လိုတာကြောင့် လူစိတ်ဝင်စားမယ့် အကြောင်းအရာတစ်ခုကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီအကြောင်းအရာကတော့ သူတို့ရိုးရာပုံပြင်တွေထဲက ကလေးတွေကို လိုက်လံဖမ်းဆီးတတ်တဲ့ သရဲမတစ်ကောင်အကြောင်းဖြစ်ပြီး ဒီဇာတ်လမ်းနဲ့ ရုပ်မြင်သံကြားအစီအစဉ်မှာ အနိုင်ရအောင်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်လိုက်ကြတာပါ။

 

ရုပ်မြင်သံကြားအစီအစဉ်အရသူတို့ဟာ လူမနေတဲ့အဆောက်အဦးကြီးတစ်ခုထဲကိုဝင်ကာ Kuntilanak ဆိုတဲ့သရဲတစ်ကယ်ရှိကြောင်းသက်သေပြရမှာပါ။ ပါးစပ်ပုံပြင်သက်သက်ပဲလို့သူတို့ယုံကြည်ထားပေမဲ့ ကံဆိုးစွာနဲ့ပဲ Read More

လုံးဝအကြမ်းစား သိပ္ပံဇာတ်ကားတွေကို ကြိုက်ရင်ကြည့်သင့်တဲ့ The Predator

Predator လို့ ပြောလိုက်ကတည်းက အရှေ့မှာထွက်ခဲ့ဖူးတဲ့ Predator , Aliens vs. Predator: Requiem နဲ့ Predators ဇာတ်ကားတွေလိုမျိုး ကြည့်ဖူးသူတွေအတွက်တော့ ရင်းနီးနေမယ့်ပါ။ အရှေ့မှာထွက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေတုန်းကလည်း အရမ်းအောင်မြင်ခဲ့ပြီး ဆုတွေရရှိခဲ့သလို nomination များစွာလည်း ရွေးချယ်ခံရဖူးပါတယ်။ ဒီ Predators  ဇာတ်ကားတွေဟာ ဆယ်ဆုနှစ်များစွာကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ဒီနေ့ခေတ်ထိ ပြန်လည်ဆန်းသစ်မှုတွေနဲ့ ဖန်တီးရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။

 

Predators  ဇာတ်ကားတွေကို အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် ဂြိုလ်သားတွေနဲ့ လူသားတွေအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး တိုက်ခိုက်ကြတဲ့ အကြမ်းစားအက်ရှင်ကားအမျိုးစားတွေဘဲ ဖြစ်ပါတယ်။  ရှေ့မှာတော့ Predator  Read More

ဆန်ဒီယေးဂို Comic Con ရဲ့ ScareDiego အစီအစဉ်မှာပါဝင်သွားမယ့် IT Chapter II နဲ့ The Nun

2018 ခုနှစ်ရဲ့ဆန်ဒီယေးဂိုး Comic Con အချိန်ကာလကလည်း တစ်စတစ်စနဲ့နီးကပ်လာပြီဖြစ်ပြီး သဲထိတ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းနှစ်သက်သူတွေအတွက်လည်း အစီအစဉ်ကောင်းတွေ ထွက်ပေါ်လာပါတယ်။ မနှစ်က ဆန်ဒီယေးဂိုး Comic Con မှာ ScareDiego ဆိုတဲ့အစီအစဉ်တစ်ခုပါဝင်ခဲ့ပြီး အဲ့ဒီအချိန်ကရုံမတင်ရသေးတဲ့ Annabelle: Creation နဲ့ it: Chapter I တို့ကိုအကြိုပွဲပြသခဲ့သလို The Nun ရုပ်ရှင်ရဲ့ Teaser ကိုလည်းပြသခဲ့ပါတယ်။ ဒီနှစ်အတွက် Comic Con ရဲ့ ScareDiego ညမှာတော့ IT Chapter II နဲ့ The Nun ရုပ်ရှင်တို့ကိုအကြိုပြသပေးမယ့်အစီအစဉ်တွေပါတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က Annabelle: Creation ကို ရုပ်ရှင်အစအဆုံးအထူးပွဲပြသပေးခဲ့တာဖြစ်သလို ဒီနှစ်လာမယ့် စက်တင်ဘာ ၉ရက်နေ့မှာမှ ရုံတင်မယ်လို့ကြေညာထားတဲ့ The Nun ရုပ်ရှင်ကိုလည်း Read More

သဲထိတ်ရင်ဖိုအကောင်ကားတွေ ကြိုက်တယ်ဆိုရင် လက်မလွှတ်သင့်တဲ့ The MEG

ဒီ The MEG ရုပ်ရှင်ဇာတ်ကားကတော့ ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်နိုင်တဲ့ ဇာတ်ကားဖြစ်တာကြောင့် အားလပ်ရက်မှာ မိသားစုနဲ့ အပန်းဖြေချင်သူတွေအတွက် အတူတူကြည့်လို့ရနိုင်မယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကားရဲ့ official release date က သြဂုတ်လ ၁၀ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံကြီးများမှာလည်း မကြာခင်ရုံတင်ပြသမယ်လို့လည်း ကြေငြာထားတာကို တွေ့ရပါတယ်။

ဇာတ်လမ်းပုံစံဖြစ်တည်လာပုံက megalodon လို့အမည်ရတဲ့ ငမန်းကြီးဟာ အကောင်အရွယ်စား ၇၅ ပေလောက်ရှိပြီး Read More

Horror ကိုမှ အသည်းတစ်အေးအေး ကြည့်ချင်သူတွေအတွက် Ghostland

ရုပ်ရှင်ရုံထဲမှာတင် အသည်းတစ်အေးအေး ကြည့်ချင်တဲ့သူပဲဖြစ်ဖြစ်၊ အခွေထွက်မှအိမ်မှာ စောင်ခေါင်းမြီးခြုံပြီး ကြည့်ချင်တဲ့သူပဲဖြစ်ဖြစ် Horror lover မှန်ရင် Ghostland ကိုမဖြစ်မနေအားပေးသင့်ပါတယ်။ ကြည့်ရှုပြီးသူတွေရဲ့ rating အရ Ghostland ဟာ တစ်ကယ့်ကို ကျေနပ်ပီတိဖြာအောင် ကြောက်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ သိရပါတယ်။ Ghostland ရဲ့ထူးခြားချက်က Horror အသားပေးဆိုပေမယ့် ဇာတ်အိမ်ကတကယ်ကို Drama ဆန်ဆန်ဖြစ်နေတာကြောင့် ကြောက်နေရင်းတောင်ဇာတ်လမ်းကို ခန့်မှန်းရတာ အရသာရှိနေတာပါပဲ။ တစ်ချက်တစ်ချက်ဗုံးပေါက်ကွဲသလို ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုးကို Read More

ထိတ်လန့်စရာတွေ ပြည့်နှက်နေတဲ့ စိတ္တဇဆေးရုံဟောင်းကြီး Gonjiam: Haunted Asylum

Horror ပရိသတ်တွေအနေနဲ့ ကိုရီးယားသရဲကားတွေရဲ့ တမူထူးခြားပြီး ကြောက်စရာကောင်းတာကိုတော့ သိကြမှာပါ။ ဒါကြောင့် ကိုရီးယားသရဲကားနှစ်သက်သူတွေအတွက် ကိုရီးယားသရဲကားတစ်ကားကို မြန်မာပြည်မှာရုံတင်တော့မယ်ဆိုတဲ့ သတင်းကို ပြောပြပါရစေ။ Gonjiam: Haunted Asylum လို့အမည်ရပြီး  ဒီဇာတ်ကားကို ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးစိတ္တဇဆေးရုံဟောင်းကြီး တစ်ခုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Gonjiam လို့ခေါ်တဲ့ စိတ္တဇဆေးရုံဟောင်းကြီးဟာ ကိုရီးယားနိုင်ငံမှာ တကယ်တည်ရှိပြီး 1996 ခုနှစ်မှာ ပိတ်သိမ်းခဲ့ ရပါတယ်။ ဒီဆေးရုံကြီးကို ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံး နေရာအဖြစ် Read More

ထိတ်လန့်ဖွယ်အန္တရာယ်တွေကို ရင်သပ်ရှု့မောဖွယ်ကြည့်ရမယ့် Truth or Dare

Truth or Dare ဆိုတဲ့ကစားနည်းကို လူတိုင်းကစားဘူးကြမယ်ထင်ပါတယ်။ အမှန်ကိုဖွင့်ပြောမလား? လုပ်ခိုင်းတာကို လုပ်မလား? ဆိုတဲ့ကစားနည်းပါ။ အမှန်ကို ဖွင့်ပြောရတယ် လုပ်ခိုင်းတာကိုလုပ်ရတယ် ဆိုပေမယ့် အပျော်သက်သက်ကစားကြတဲ့ ကစားနည်းမို့ ဘယ်သူမှ ထိခိုက်နစ်နာမှုမရှိတဲ့ အပြောင်အပျက်တွေပဲများပါတယ်။

ဒါပေမယ့် ကံဆိုးတဲ့သူငယ်ချင်းတစ်စုကတော့ အပြောင်အပျက်သက်သက်ရယ်လို့ ထင်မှတ်ပြီး Truth or Dare ကစားမိရာက အသက်ပါပေးလိုက်ရတဲ့ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ Read More

သည်းထိတ်ရင်ဖိုဇာတ်လမ်းကြိုက်သူတွေ သဘောတွေ့စေမယ့် Mercury ရုပ်ရှင်

ဒီနှစ်ထဲမှာ ထွက်ရှိလာတဲ့ ထူးခြားတဲ့ အိန္ဒိယရုပ်ရှင်တစ်ကားကတော့ Mercury ဆိုတဲ့ သည်းထိတ်ရင်ဖို (Thriller) အမျိုးအစားရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားပုံကတော့ Silent Thirller လို့ခေါ်တဲ့ ဇာတ်ကောင်တွေအချီအချ အပြန်အလှန်စကားပြောဆိုတဲ့ ဒိုင်ယာလောခ့်တွေ လုံးဝမပါဝင်သော အသံတိတ် သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတစ်ခုပါ။

ဇာတ်လမ်းအကျဉ်းကို ပြောရရင် တစ်ခါက အိန္ဒိယနိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာရှိတဲ့ သာမိုမီတာစက်ရုံရဲ့ ချို့ယွင်းမှုကြောင်း တစ်မြို့လုံး ပြဒါး (mercury) ဆိပ်သင့်ကာ တော်တော်များများသေဆုံးခဲ့ကြသလို အသက်ရှင်ကျန်ရစ်သူတွေဟာလည်း လူစဉ်မမီပဲ ဒုက္ခိတဘဝနဲ့ ကျန်ရစ်ပါတယ်။ အဲ့ဒီမြို့ကလေးမှာ ပြဒါးဆိပ်သင့်ကာ Read More

Conjuring ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ The Nun ရုပ်ရှင်ထွက်ရှိလာတော့မည်…

2013 ခုနှစ်မှာ The Conjuring ရုပ်ရှင် Hit ဖြစ်ပြီးနဲ့နောက် အဆက်ဖြစ်တဲ့ The Conjuring-2 ကို 2016 မှာပြသခဲ့သလို The Conjuring Universe ထဲကတစ်ခြား ဇာတ်ကောင်ဖြစ်တဲ့ အရုပ်သရဲ Annabelle ဇာတ်ကောင်ကို The Annabelle (2014)  နဲ့ Annabelle: Creation(2017) ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲကာ ရိုက်ကူးထုတ်လုပ်ခဲ့ပြီးအောင်မြင်ခဲ့ပါတယ်။ The Conjuring-2 ကိုကြည့်ပြီးသူတိုင်း အဲ့ဒီရုပ်ရှင်ထဲက ဒုက္ခပေးနေတဲ့ သီလရှင်သရဲကို စိတ်ဝင်စားခဲ့ကြပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာတော့ အဲ့ဒီသီလရှင် Read More

လက်တွေ့ကမ္ဘာထဲကိုရောက်လာတော့မယ့် Stranger Things

Netflix အတွက်ဝင်ငွေအများဆုံးစံချိန်ကိုချိုးပေးခဲ့တဲ့ Stranger Things ထဲက Hawkins ဓာတ်ခွဲခန်းကြီးထဲကို ဝင်ကြည့်ချင်တဲ့ဘော်ဘော်တွေကို လက်တို့လိုက်ကြပါဦး!!! ဒီနှစ် Halloween မှာ Stranger Things ဟာ Universal Studio ဆီကို အရောက်လာတော့မှာတဲ့။

စိတ်ကူးယဉ်ဆန်လွန်းတဲ့ မှော်ဆန်တဲ့ဇာတ်လမ်းတွေဖြစ်တဲ့ Harry Potter လိုမျိုးဇာတ်ကားတွေဟာ Universal Studio တွေကို အပိုဝင်ငွေသောက်သောက်လဲပေးနိုင်တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။ အခုဒီတစ်ခေါက်လဲ အကွက်မြင်လွန်းတဲ့ Universal Studio ကတော့ Stranger Things ကို Studio လောကထဲကို Read More