Trailer ထွက်ရှိလာပြီဖြစ်တဲ့ အမီးလ်ခန် ရဲ့ Thugs of Hindostan

ပရိသတ်တွေရင်ထဲအထိရောက်မယ့် ရုပ်ရှင်ကားတွေကိုအမြဲရိုက်ကူးလေ့ရှိသူ အမီးလ်ခမ်းဟာ သူ့ရဲ့ ရုပ်ရှင်သစ်တစ်ခုကို ၂၀၁၈ ထဲမှာပဲ မိတ်ဆက်လိုက်ပါတယ်။ စက်တင်လာလ ၂၇ ရက်နေ့မှာပဲ သူ့ရဲ့ ရုပ်ရှင်ကားသစ် Thugs of Hindostan ရဲ့ Tralier ကို မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းဟာ ဆယ့်ကိုးရာစုမှာ အင်္ဂလိပ်တွေကို ဒုက္ခပေးခဲ့တဲ့ Read More

ပေါ့ပေါ့ပါးပါး ဝိညာဉ်ဟာသကား နှစ်ခြိုက်သူများအတွက် Stree

Stree ဆိုတဲ့ အိန္ဒိယရုပ်ရှင်ဟာ အိန္ဒိယရိုးရာကျေးလက်တစ္ဆေပုံပြင်တစ်ခုကိုအခြေခံကာရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို အိန္ဒိယနိုင်ငံရှိ Bhopal နဲ့ Mumbai ဒေသတွေမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလမှာစတင်ရိုက်ကူးခဲ့ကာ ၂၀၁၈ မေလမှာအပြီးသတ်နိုင်ခဲ့ပါတယ်။

 

Stree ကို ၂၀၁၈ သြဂုတ်လ ၃၁ရက်နေ့မှာရုံတင်ခဲ့ပြီး ဝေဖန်သူများဆီက ချီးကြူးသံတွေရခဲ့တဲ့ Comedy Horror ရုပ်ရှင်ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ် Read More

အိန္ဒိယအက်ရှင်ကားကောင်းနှစ်သက်သူများအတွက် Vishwaroopam 2

RAW (Research & Analysis Wing) လို့အဓိပ္ပာယ်ရတဲ့ အဖွဲ့အစည်းက အေးဂျင့်တစ်ဦးဖြစ်တဲ့ Wisam နဲ့ သူ့အဖွဲ့ဟာ အယ်လ်ကိုင်းဒါးအဖွဲ့ခေါင်းဆောင် အိုမာ ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို တားဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။ အိုမာဟာ New York ကကြီးမားတဲ့တိုက်ခိုက်မှုကြီးရဲ့အဓိကတရားခံဖြစ်တဲ့ သောင်းကြမ်းသူတစ်ဦးပါ။ ဒီလိုတားဆီးခဲ့တာကြောင့် အိုမာတို့ အကြမ်းဖက်အဖွဲ့အစည်းက Wisam နဲ့ သူ့အဖွဲ့သားတွေကို ကလဲ့စားချေဖို့ ကြိုးစားတာနဲ့ Read More

အကျင့်ပျက်ရဲတွေအကြောင်း ရိုက်ကူးထားတဲ့ အိန္ဒိယရုပ်ရှင်

ဒီတစ်ခါတော့ အက်ရှင်အကြမ်းစားတွေ၊ နိုင်ငံရေးတွေပါတဲ့ အိန္ဒိယကားကောင်းကောင်းတွေနှစ်သက်ကြသူတွေ သဘောတွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနာ်။ ဒီဇာတ်ကားကတော့ Satyameva Jayate လို့အမည်ရပြီး မင်းသားချော John Abraham က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

 

ရုပ်ရှင်ကိုစိတ်ဝင်စားတယ်ဆိုသူတွေအတွက် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ….  Read More

အယူဆအမှားတွေကို တွန်းလှန်သွားမယ့် Padman

အခုတခါ မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကတော့ Pad Man လို့အမည်ရတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဘဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား Akshay Kumar ကပါဝင် သရုပ်ဆောင်ထားပြီး IMDb ရဲ့ rating 8.1 ထိတောင် ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Drama ဇာတ်ကားတကားလည်း ဖြစ်တာမို့ ပရိသတ်တော်တော်များများ အကြိုက်တွေ့ကြတဲ့ ဇာတ်ကားတကားပါ။

 

ဒီဇာတ်ကားလေးအကြောင်း ပြောရမယ်ဆိုရင်တော့ Read More

လူတစ်ကိုယ်စိတ်နှစ်မျိုးနဲ့ အမျိုးသမီးလေး မိုဟီနီ

မိုဟီနီဆိုတာ ဟိန္ဒူဘာသာဝင်တို့ကိုးကွယ်တဲ့ နတ်ဘုရားမတစ်ပါးရဲ့ နာမတော် ။  ဒီ နတ်ဘုရားမက ကလဲ့စားခြေဖို့အတွက် အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ ကိုယ်ထဲဝင်ပူးခဲ့လေသလား? ဒါမှမဟုတ် ကလဲ့စားခြေလိုစိတ်ပြင်းပြလွန်းတဲ့ Vaishnavi ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ စိတ်ဝေဒနာပုံရိပ်သက်သက်ပဲလား? ဒါကိုတော့ တမီးလ်ရုပ်ရှင်ကားဖြစ်တဲ့ ချောက်ချားဖွယ်နဲ့ ကလဲ့စားတို့ကိုရောယှက်ဖန်တီးထားတဲ့ရုပ်ရှင်ကား “Mohini” ဆိုတဲ့ဇာတ်ကားမှာကြည့်ရှူအဖြေရှာနိုင်ပါတယ်။ တမီးလ်စကားပြော အိန္ဒိယရုပ်ရှင်ကားဖြစ်တဲ့ Mohini ရုပ်ရှင်ကို တမီးလ်ရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Read More

ရန်ကုန်မြို့ရောက် ရွှေမှောင်ခိုသမားတွေကို မြင်တွေ့ရမယ့် အိန္ဒိယရုပ်ရှင် Rangoon

ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် အခုတခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နာမည်ကြီးလူကြိုက်များခဲ့ရပြီး IMDb ရဲ့ rating 7.1 ထိရရှိထားတဲ့ Rangoon လို့အမည်ရ အိန္ဒိယဇာတ်ကားလေး တစ်ကားဘဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rangoon ဆိုတဲ့အတိုင်း ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေကိုပါ ရိုက်ကူးပြသထားတာကို မြင်တွေ့ရမှာဖြစ်ပြီး ရန်ကုန်မြို့ကိုရောက်လာကြတဲ့ ရွှေမှောင်ခိုသမားတွေရဲ့ အကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။

 

ဒါဆို ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးမယ်နော်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ Read More

စရီးဒေဗီရဲ့ သမီးဖြစ်သူပါဝင်သရုပ်ဆောင်ထားတဲ့ Dhadak

ရိုးရာယုံကြည်မှုတွေမှာစွဲလမ်းမှုပြင်းထန်တဲ့ အိန္ဒိယမှာ လူတန်းစားခွဲခြားမှု၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုဟာလည်း တိုးတက်တဲ့ ဒီနေ့ခေတ်မှာရှိနေဆဲပါ။ Honour Killing လို့ခေါ်တဲ့ ကိုယ့်မိသားစုဂုဏ်သိက္ခာကိုဖျက်တဲ့သမီးကို မိဘမောင်ဖွားတွေကိုယ်တိုင်က သတ်ဖြတ်တဲ့ စနစ်ကလည်း အိန္ဒိယနိုင်ငံတွေမှာကျင့်သုံးဆဲပါ။ အထူးသဖြင့် မိဘမျိုးရိုးထက်နိမ့်ကျသူတွေကို ချစ်ခင်လက်ထပ်တဲ့ သမီးမိန်းကလေးတွေကို သတ်တာမျိုးပေါ့။ ဒီလိုအဖြစ်တွေက အိန္ဒိယမှာ ယနေ့အထိရှိသေးသလို အဲ့ဒီအဖြစ်အပျက်တွေအကြောင်းပညာပေးထားတဲ့ ရုပ်ရှင်တွေလည်း အိန္ဒိယမှာ အများအပြားရိုက်ကူးထားပါတယ်။ ၂၀၁၈ မှာရုံတင်တဲ့ Read More

အံ့မခန်းလှည့်ကွက်များစွာနဲ့ ပရိသတ်ကို ဆွဲခေါ်သွားမယ့် မှုခင်းရုပ်ရှင် Deception

လွန်ခဲ့တဲ့နှစ်တွေမှာ ထွက်ရှိခဲ့တဲ့ Now You See Me ရုပ်ရှင်တွေကိုမှတ်မိဦးမှာပါ။ မျက်လှည့်ပညာစွမ်းကိုအသုံးချပြီး ရာဇဝတ်မှုတွေနဲ့ရောမွှေဖန်တီးပြခဲ့တဲ့ Now You See Me ရုပ်ရှင်ကိုနှစ်သက်သူတွေအတွက် အလားတူဇာတ်လမ်းတွဲကောင်းတစ်ခုကို ညွှန်းပေးချင်ပါတယ်နော်။ Deception (ခရစ်တီးနာခီရဲ့ ဥပယ်တံမျဉ်မဟုတ်နော် 😛) လို့ အမည်ရတဲ့ ဒီဇာတ်လမ်းဟာမျက်လှည့် လက်လှည့်ပညာရပ်တွေနဲ့ မှုခင်းတွေကိုရောမွှေကာ အံမခန်းလှည့်ကွက်တွေနဲ့ ပရိသတ်ကို မငြီးငွေ့အောင် စွဲဆောင်နိုင်စွမ်းရှိတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

 

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ Read More