ဒါရိုက်တာ Ryan Coogler က ‘Black Panther’ ရုပ်ရှင်ထဲက အက်ရှင်ခန်းတစ်ခုကို အသေးစိတ်ရှင်းပြ

ယခုလက်ရှိ Box Office မှာ အောင်ပွဲခံနေတဲ့အပြင် Rotten Tomatoes Rating အမြင့်ဆုံး Superhero ဇာတ်ကားအဖြစ် စံချိန်တင်သွားတဲ့ Black Panther ဇာတ်ကားရဲ့ဒါရိုက်တာ Ryan Coogler က ဒီရုပ်ရှင်ထဲက အလန်းဆုံးအက်ရှင်ခန်းတစ်ခုလို့ပြောလို့ရတဲ့ ကာစီနိုထဲမှာချတဲ့အခန်းကို အသေးစိတ် ရှင်းလင်းပြောပြသွားခဲ့ပါတယ်။ ရုပ်ရှင်ကြည့်တုန်းက မျက်စိတစ်မှိတ်အတွင်းမှာပြီးသွားခဲ့တဲ့ အခန်းလေးတွေကို ဘယ်လောက်တောင် ဂရုတစိုက်ဖန်တီးယူထားတယ်ဆိုတာတွေသိရတော့ တော်တော်လေးကို အားရမိပါတယ်။ ပြီးတော့ ရုပ်ရှင်သာကြည့်လိုက်ပြီး သတိမထားမိခဲ့တဲ့အချက်လေးတွေကိုပါ ရှင်းလင်းပြောပြသွားတာဆိုတော့ တကယ်ကိုအနှစ်ပါပဲ။ Black Panther ကို ကြည့်ပြီးသွားပြီဆိုရင်တော့ ဒီ breakdown လေးက ကြည့်ကိုကြည့်သင့်ပါတယ်။

 

Read More

‘Transformers’ ရုပ်ရှင် Series ကို Reboot လုပ်လိုက်တော့မယ်လို့ Hasbro ပြောကြား

အရုပ်ထုတ်လုပ်သူ Hasbro က သူ့ရဲ့ Transformers Movie Franchise ကို Reboot လုပ်လိုက်တော့မယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်ဒီဇင်ဘာ ၂၁ မှာပြသမယ့် Bumblebee: The Movie ကနေစပြီးတော့ Reboot လုပ်လိုက်တော့မှာဖြစ်တယ်လို့ သူ့ရဲ့ Toy Fair 2018 Hasbro Investor Preview မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီတော့ နဂိုကကြေညာထားခဲ့တဲ့ ၂၀၁၉ မှာထွက်မယ့် Transformers 6 Project က အလိုအလျှောက် ပျက်သွားခဲ့ပြီဖြစ်ပါတယ်။

Read More

#MeToo လှုပ်ရှားမှုအနေနဲ့ Red Carpet ကို Black Carpet သို့ ပြောင်းခိုင်းတာကို ငြင်းဆိုလိုက်တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်

နိုင်ငံတကာ ရုပ်ရှင်သတင်းတွေကို ပုံမှန်လေး follow လုပ်သူတွေအဖို့ #MeToo နဲ့ #TimesUp movement တွေနဲ့ပတ်သက်တဲ့ သတင်းတွေဆိုတာ မမြင်ချင်မှအဆုံးပါ။ ဒီနေ့တော့ အဲဒီပလူပျံနေတဲ့သတင်းအပုံကြီးထဲက တကယ့်အဆန်းလေးတစ်ခုကိုမြင်မိလို့ မျှဝေပေးပါရစေ။

Read More

Comic ဆရာကြီး Mark Miller ပြောတဲ့ လက်ရှိ DC ရုပ်ရှင်တွေ မအောင်မြင်ရတဲ့ အကြောင်းရင်း

Batman Vs Superman: Dawn of Justice, Suicide Squad, Justice League, Wonder Woman… ဒါတွေက လောလောလတ်လတ် ဒီနှစ်ပိုင်းတွေထဲ ထွက်ရှိထားတဲ့ DCEU ရုပ်ရှင်တွေပါ။ အဲဒီအထဲကမှ Wonder Woman တစ်ကားတည်းပဲ ကောင်းကောင်းကန်းကန်း ချီးကျူးခံရပြီး ကျန်တဲ့ဇာတ်ကားတွေအကုန်လုံး critic တွေရဲ့ ပယ်ပယ်နယ်နယ် အမဲဖျက်ခြင်းကိုခံခဲ့ရပါတယ်။

 

အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး comic writer ကြီး Mark Miller ကို DCEU ရုပ်ရှင်တွေ ဘာပြဿနာရှိနေလို့လည်းဆိုပြီး Yahoo ကမေးမြန်းခဲ့ပါတယ်။ Mark Miller ဆိုတာကတော့ Marvel ဖက်မှာ Fantastic Four, X-Men, Civil War စတာတွေ၊ DC ဖက်မှာဆိုရင် Superman, The Flash, Justice League of America စတဲ့ comic တွေမှာ ပါဝင်ရေးဆွဲခဲ့တဲ့ comic writer ကြီးတစ်ယောက်ဖြစ်ပါတယ်။

 

ဒီမေးခွန်းကို Mark Miller က အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပါတယ် ~

 

“ကျွန်တော်ဟာ DC ဇာတ်ကောင်တွေကို Marvel ထက်ပိုပြီးနှစ်သက်သူတစ်ယောက်ပါ.. ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပဲပြောမယ်.. DC ဇာတ်ကောင်တွေက ရုပ်ရှင်နဲ့မလိုက်ဖက်ဘူးဗျ။ ဥပမာပေးမယ်ဗျာ.. Superman, Batman နဲ့ Wonder Woman တို့က ကျွန်တော်အနှစ်သက်ဆုံး character တွေထဲမှာပါဝင်ပါတယ်။ အဲဒီ hero တွေထဲမှာ Batman ကလွဲပြီး ကျန်တဲ့သူတွေအားလုံးရဲ့ဇာတ်ရုပ်က သူတို့ရဲ့ superpower ကိုအခြေခံထားကြတယ်။ Marvel ရဲ့ hero တွေကိုကြည့်လိုက်.. သူတို့တွေဟာ personality ကိုအခြေခံထားကြတယ်.. Peter Parker (Spider-Man) နဲ့ X-Men တွေကိုပဲကြည့်.. သူတို့တွေမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေ ကိုယ်တိုင်ဝင်ရောက်ခံစားလို့ရတဲ့ personality တွေရှိကြတယ်။”

 

“DC မှာဆိုရင် အဲဒီလို character မျိုးဆိုလို့ Batman တစ်ယောက်ပဲရှိတယ်။ Green Lantern ကိုကြည့်လိုက်.. သူ့မှာ စိတ်ကူးလိုက်တဲ့အရာတွေကို အရာဝတ္ထုအဖြစ်ပြောင်းပေးနိုင်တဲ့ လက်စွပ်တစ်ကွင်းရှိပြီး သူက အဝါရောင်နဲ့မတည့်ဘူး။ အဲဒါလေးနဲ့ ဘယ်လိုလုပ်ပြီး ရုပ်ရှင်တစ်ကားဖန်တီးလို့ရမှာလဲ.. ဒါတွေကိုစတင်ရေးဆွဲခဲ့တဲ့ ၁၉၅၂ ခုနှစ်တုန်းကဆိုရင်တော့ ဒါတွေကအိုကေပေမယ့် ဒီခေတ်ပရိသတ်တွေအတွက်ကတော့ လုံးဝအဆင်မပြေတော့ဘူး။”

 

“ကျွန်တော်ဒီလိုပြောလို့ ဝိုင်းဝေဖန်ကြမယ့်လူတွေရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောတာ မှန်တယ်မမှန်ဘူးဆိုတာအတွက် သက်သေတွေရှိပြီးသားပါ။ အရမ်းတော်တဲ့ ဒါရိုက်တာတွေ၊ စာရေးဆရာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ လက်တွဲပြီး ပိုက်ဆံသန်းပေါင်းများစွာအကုန်ခံလို့ ရိုက်ကူးခဲ့ကြပေမယ့် ဒီရုပ်ရှင်တွေက ကောင်းကောင်းကန်းကန်းကို ဖြစ်မလာဘူးလေ။ အပေါ်မှာပြောခဲ့သလိုပဲ ဒီ character တွေဟာ သူတို့ကိုဖန်တီးခဲ့တဲ့အချိန်တုန်းကအိုကေပေမယ့် အခုခေတ်မှာ မအိုကေတော့ဘူးလို့မြင်တယ်။ အခုဆိုရင် ဒီ character တွေကို ကလေးတွေတောင် အရမ်းမိုက်တာပဲ လို့ သိပ်မထင်ကြတော့ဘူး။ ကျွန်တော် Superman ကိုအရမ်းကြိုက်ပါတယ်.. ဒါပေမယ့် သူဟာ သမိုင်းထဲက အမေရိကကိုပဲ ကိုယ်စားပြုတော့တယ်.. သူဟာ ၂၀ ရာစုနှစ်ကိုပဲကိုယ်စားပြုပါတယ်။”

 

မိတ်ဆွေတို့ရော Mark Miller ပြောသွားတာလေးကို ဘယ်လိုမြင်ပါသလဲ.. သူပြောသွားသလိုပဲ DC character တွေကိုယ်တိုင်ကိုက ပြဿနာတက်နေတာလား.. ဒီ character တွေကို ပြန်ပြင်သင့်တန် ပြန်ပြင်ရမှာလား… Warner Bros အနေနဲ့ရော DCEU ရဲ့အနာဂတ်ကို ဘယ်လိုပုံဖော်သွားသင့်သလဲ..

 

သေချာတာတစ်ခုကတော့ Warner Bros/DC အနေနဲ့ ဒီနံရံကြီးကိုပဲ မရမကဆက်တိုးနေရင် Marvel ရဲ့ MCU ဇာတ်ကားတွေက လေချွန်ပြီး ရှေ့ကဆက်လက်ဦးဆောင်နေဦးမှာပဲဖြစ်ပါတယ်။

 

Ref: Yahoo

Zack Snyder က ‘Justice League’ project ကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာလား

ဒါရိုက်တာကြီး Zack Snyder တစ်ယောက် Justice League project ထဲကနေ မိမိသဘောအလျှောက်ထွက်သွားခဲ့တာမဟုတ်ပဲ DC နဲ့ Warner Bros တို့က ကန်ထုတ်ခဲ့တာလား…

 

Justice League ရုပ်ရှင်က Zack Snyder တစ်ဝက်၊ Joss Whedon တစ်ဝက်ဆိုတာက DC fan တော်တော်များများသိကြတဲ့အချက်တစ်ခုပါ။ ၂၀၁၇ မတ်လတုန်းက Zack Snyder ရဲ့သမီး Autumn Snyder က မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ပါတယ်။ အဲဒါကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုကိုအချိန်ပေးချင်လို့ဆိုပြီး မေလမှာ Justic League project ထဲကနေထွက်ခွာသွားခဲ့ပါတယ်။ အဲဒါကြောင့် DC နဲ့ Warner Bros တို့က MCU ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joss Whedon ကိုခေါ်ယူပြီး project ကိုဆက်လက်ဦးဆောင်စေခဲ့ပါတယ်။ ဒါတွေကတော့ အဲဒီအချိန်တုန်းက သတင်းဌာနပေါင်းစုံက သတင်းထုတ်ပြန်ခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားခဲ့တာတွေက တကယ်အမှန်ရောဟုတ်ရဲ့လား…

 

အနုပညာရေးရာ ဂျာနယ်လစ်တစ်ဦးဖြစ်သူ Josh L. Dickey က ဒီအလုပ်ကနေ အနားယူတော့မှာဖြစ်လို့ သူစိတ်အချဉ်ပေါက်နေတာတွေ အားလုံးကို ထုတ်ဖော်ပြောကြားသွားခဲ့ရာမှာ အထက်ပါ Zack Snyder ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ tweet ထဲမှာ Zack Snyder ဟာ DCEU ထဲကနေ လွန်ခဲ့တဲ့တစ်နှစ်ကတည်း ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီကိစ္စတွေဖြစ်ပျက်နေတုန်းက သူ့အနေနဲ့ အဖြစ်မှန်ကိုထုတ်ဖော်ရေးသားဖို့ မဖြစ်နိုင်ခဲ့တဲ့အတွက် အရိပ်အမြွက်လောက်သာ ဖော်ပြနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီအချိန်တုန်းက Dickey ရေးသားခဲ့တဲ့ဆောင်းပါးမှာ DCEU ရဲ့အနာဂတ်မှာ Snyder အနေနဲ့ အရင်လိုလွှမ်းမိုးနိုင်ခြင်း ရှိတော့မှာမဟုတ်ဘူးလို့ ဖော်ပြထားခဲ့တာကို တွေ့နိုင်ပါတယ်။

 

 

Dickey ပြောကြားသွားပုံအရဆိုရင် Snyder ဟာ Justic League ထဲကနေ သူ့သမီးမကွယ်လွန်မီကတည်းက ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။ အကြောင်းရင်းကဘာများဖြစ်မလည်း.. အများစုကတော့ DC နဲ့ Warner Bros တို့ဟာ နောက်လာမယ့် DCEU ရုပ်ရှင်တွေကို Snyder ရဲ့ ခပ်မှောင်မှောင်နဲ့ serious ဖြစ်တဲ့ ပုံစံမျိုးကနေ ခွဲထွက်ပြီးဖန်တီးချင်လို့ ဒီလိုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တကယ့်အကြောင်းရင်းမှန်ကိုတော့ ကာယကံရှင်တွေဖြစ်တဲ့ Zack Snyder ကိုယ်တိုင်နဲ့ DC/Warner Bros တို့က ထုတ်ဖော်ပြောကြားမှ သိရှိနိုင်မှာပါ။

 

Dickey က DGAF ပုံစံမျိုးနဲ့ပြောသွားတာဆိုတော့ ဒီသတင်းက ယုံကြည်နိုင်ဖွယ်ရှိပေမယ့် ပါဝင်ပတ်သက်သူတွေ ဘာမှမပြောလာခင်အထိကတော့ ဒါဟာ ကောလဟာလ အဆင့်မှာသာ ရှိနေမှာပါ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ နောက်လာမယ့် DCEU ရုပ်ရှင်တွေအားလုံးမှာ Snyder က အရေးကြီးတဲ့ကဏ္ဍကနေ မပါဝင်ပါဘူး။ BvS မှာတုန်းက Snyder ရဲ့လက်ရာကို အသေကြိုက်တဲ့ကျွန်တော့်လို fan တွေအတွက်ကတော့ စိတ်မကောင်းစရာသတင်းတစ်ခုပဲ ဖြစ်ပါတယ်။

 

Ref: Collider

Mark Wahlberg က သူ့အနုပညာကြေး ဒေါ်လာ ၁ သန်းခွဲကိုလှူလိုက်တာနဲ့ အဆုံးသတ်သွားခဲ့တဲ့ ‘All The Money In The World’ Drama

ဒါရိုက်တာကြီး Ridley Scott ရဲ့ All The Money In The World ဇာတ်ကားကတော့ ဒီလပိုင်းအတွင်းမှာ real-life drama ပေါင်းများစွာနဲ့ တစ်ကမ္ဘာလုံးကိုဖျော်ဖြေနေတယ်လို့ပြောရင် ပိုမယ်လို့မထင်ပါဘူး။ အခုတော့ အဲဒီ drama တွေဟာ Mark Wahlberg က သူ့ရဲ့ reshoot fees ဒေါ်လာ ၁ သန်းခွဲကို လှူပလိုက်တာနဲ့အတူ ဆုံးခန်းတိုင်သွားပြီလို့ ယူဆလို့ရလောက်ပြီဖြစ်ပါတယ်။ ဘာတွေဖြစ်ပျက်သွားခဲ့တာလဲမသိတဲ့သူတွေကတော့ အောက်မှာသာဆက်ဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုပါတယ်။

 

ဇာတ်လမ်းအားလုံးရဲ့အစက House of Cards မင်းသားကြီး Kevin Spacey လို့ပြောရမှာပါ။ သူဟာ Weinstein Effect လို့ခေါ်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေကို လိင်ပိုင်းဆိုင်ရာမတော်မတရားပြုလုပ်မှုတွေနဲ့စွပ်စွဲကြတဲ့ trend ရဲ့ အထင်ရှားဆုံးသားကောင်တစ်ယောက်ဖြစ်ပါတယ်။ Spacey ဟာ ၂၀၁၇ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး အမှုပေါင်းမြောက်မြားစွာနဲ့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Spacey ဟာ House of Cards ထဲကနေကန်ထုတ်ခံလိုက်ရသလို Netflix က သူနဲ့လုံးဝအဆက်ဖြတ်သွားခဲ့ပါတယ်။ ထိုနည်းတူပဲ သူအဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ All The Money In The World ဇာတ်ကားထဲကနေလည်း ပထုတ်ခြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မှာဆိုရင် All The Money In The World ဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ Premiere Show ပြသဖို့တောင်စီစဉ်ပြီးနေပြီဖြစ်ပါတယ်။

 

အဓိကဇာတ်ကောင်တစ်ယောက်ထွက်သွားတော့ ဒါရိုက်တာ Ridley Scott အနေနဲ့ Kevin Spacey ပါဝင်ထားတဲ့အခန်းအားလုံးကို အစကနေပြန်လည်ရိုက်ကူးရပါတော့တယ်။ Kevin Spacey သရုပ်ဆောင်ထားခဲ့တဲ့ J. Paul Getty ဇာတ်ကောင်ကို Christopher Plummer နဲ့အစားထိုးပြီး နိုဝင်ဘာ ၂၀ ကနေ ၂၉ ရက်အတွင်းမှာ အပြီးအစီးရိုက်ကူးခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ reshoot အတွက် ရုပ်ရှင်မှာပါဝင်သူတွေအားလုံးက အခမဲ့ပါဝင်ပေးခဲ့တယ်လို့ပဲဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်က USA Today ကထုတ်ပြန်ခဲ့တဲ့သတင်းမှာ အဓိကအမျိုးသမီးဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Michelle Williams က reshoot အတွက် တစ်ရက်ကို ဒေါ်လာ ၈၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၈၀၀ ခန့်သာရရှိခဲ့ချိန်မှာ အဓိကအမျိုးသားဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Mark Wahlberg က ပြန်လည်ရိုက်ကူးကြေး ဒေါ်လာ ၁ သန်းခွဲရရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

 

ဒီသတင်းကိုသိရှိရချိန်မှာ အမျိုးသားနဲ့အမျိုးသမီးတွေကြား လိင်ခွဲခြားပြီး လုပ်အားကြေးတွေခွဲခြားသတ်မှတ်တယ်လို့ဆိုပြီး Hollywood တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ပါတယ်။ ဘယ်အရာမှ ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ဒီလိုအချိန်မှာဖြစ်တာဆိုတော့ ပြဿနာကပုံမှန်ထက်ကိုအများကြီး ပိုမိုကြီးမားသွားခဲ့ပါတယ်။ နောက်မှသိရှိလာရတာက Williams ရဲ့စာချုပ်မှာ reshoot တွေရှိခဲ့ရင်ပါဝင်ရမယ်ဆိုတဲ့အကြောင်းအရာပါဝင်ပြီး Wahlberg ရဲ့စာချုပ်မှာအဲဒါမပါဝင်ဘူးဆိုတာပါပဲ။ ပြီးတော့ Wahlberg ဟာ စာချုပ်အရ သူနဲ့တွဲဖက်သရုပ်ဆောင်ရမယ့်သူကို ရွေးချယ်ဆုံးဖြတ်ပေးနိုင်တဲ့အတွက် Plummer ကို Spacey အစားသရုပ်ဆောင်စေချင်ရင် သူ့ကိုအနည်းဆုံး ဒေါ်လာ ၁ သန်းအပိုထပ်ပေးရမယ်ဆိုပြီး ဆိုခဲ့တယ်လို့ ထပ်မံသတင်းထွက်လာပြန်ပါတယ် (USA Today)။ အဲဒီတော့ ဒီရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းကလူတွေက Wahlberg ကိုဘယ်လောက်တောင်ဝိုင်းပြောကြမလည်းဆိုတာ မြင်ယောင်ကြည့်လိုက်ပါတယ်။

 

အဲဒီလိုဝိုင်းပြောကြတာ မခံနိုင်တော့လို့ထင်ပါတယ် နောက်ဆုံးမှာတော့ Mark Wahlberg က ပြန်လည်ရိုက်ကူးရာကရရှိခဲ့တဲ့ ဒေါ်လာ ၁ သန်းခွဲလုံးကို Michelle Williams နာမည်နဲ့ Time’s Up Campaign ကိုလှူပလိုက်ပါတယ်။ အဲဒီလိုလှူရာမှာ Wahlberg ရဲ့ Agency ဖြစ်တဲ့ WME က ထပ်ဆောင်းပြီး ဒေါ်လာ ၅ သိန်းထည့်ဝင်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Williams က သူနဲ့အတူရပ်တည်ပေးခဲ့ကြတဲ့ ရုပ်ရှင်မင်းသမီးတွေရော ဒီလိုလှူတန်းပေးခဲ့တဲ့ Wahlberg ကိုပါကျေးဇူးတင်ကြောင်း Hollywood Reporter ကိုပြောကြားခဲ့ပါတယ်။

 

All The Money In The World နဲ့ပတ်သက်တဲ့ Drama ကတော့ ဒီနေရာမှာတင်ပြီးဆုံးလောက်ပြီလို့ ယူဆရပါတယ်.. ဒါ့ထက်အပြင် ထပ်ဖြစ်နိုင်စရာကိစ္စတွေကလည်း မကျန်တော့သလောက်ပါပဲ။ Wahlberg နဲ့ သူ့ Agency ကတော့ အဆုံးမှာ သူ့တို့နာမည်ကောင်းကျန်ခဲ့အောင် လှလှပပ PR လုပ်ပြသွားပါတယ်.. ဒေါ်လာ ၂ သန်းကုန်သွားခဲ့တယ်ဆိုပေမယ့် ဒီ drama တွေထဲက ကောင်းကောင်းမွန်မွန်ပြန်ထွက်လာနိုင်တာကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဒီလောက် drama တွေပွေလိမ်ရိုက်နေခဲ့ပေမယ့် All The Money In The World ရဲ့ ရလဒ်ကတော့ မဆိုးလှဘူးပြောရမှာပါ.. လက်ရှိအချိန်မှာ Rotten Tomatoes မှာ 77% နဲ့ Metacritic မှာ 73 ရရှိထားပါတယ်။

ဒီအချက်ကိုသိပြီးသွားရင် သင့်ရဲ့ Game of Thrones ကြည့်ရတဲ့ခံစားချက်က အရင်နဲ့တူတော့မှာမဟုတ်ပါ

Game of Thrones ထဲက နဂါးကြီး Drogon၊ မြင်သူကျောချမ်းသွားရလောက်တဲ့ Drogon၊ အသံကြားလိုက်တာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်အောင် ကြောက်ဖို့ကောင်းတဲ့ Drogon.. အဲဒီ Drogon ရဲ့အသံကို ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာကို Game of Thrones ရဲ့ sound designer ဖြစ်သူ Paula Fairfield က WNYC ရဲ့ Radiolab အစီအစဉ်မှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Sound Designer တွေအနေနဲ့ ရုပ်ရှင်တွေထဲမှာပါဝင်တဲ့အသံတွေကို ပတ်ဝန်းကျင်မှာမြင်တွေ့နေကျအရာဝတ္ထုတွေကနေ ပေါင်းစပ်ပြီးဖန်တီးယူကြတယ်ဆိုတာ ရုပ်ရှင်နဲ့အလှမ်းမဝေးသူတိုင်းသိကြတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နဂါးကြီး Drogon ရဲ့ထိတ်လန့်ဖွယ်အသံကိုဖန်တီးရာမှာ Paula Fairfield က တော်ရုံလူ မစဉ်းစားမိတဲ့နေရာကနေ ရယူဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ သူမဟာ လိပ်ကြီး ၂ ကောင်မိတ်လိုက်နေစဉ်ထွက်တဲ့အသံကိုအခြေခံပြီး Drogon ရဲ့အသံကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ Game of Thrones ကြည့်နေစဉ် Drogon ရဲ့အသံကိုကြားရင် အဲဒါလိပ်ကြီးနှစ်ကောင် ဟိုဒင်းဟိုဝှာလုပ်နေကြတဲ့အသံပဲဖြစ်ပါတယ်။

ဘာလို့ဒီလိုပြုလုပ်ခဲ့ရတာလဲဆိုတာကို Paula Fairfield က အောက်ပါအတိုင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ် –
“ကျွန်မက ဇာတ်ကောင်တွေရဲ့စရိုက်ပေါ်မူတည်ပြီး သင့်တော်တဲ့အသံတွေကို အသုံးပြုပါတယ်။ Daenerys ဟာ Drogon ကို သူမရဲ့ကွယ်လွန်သွားတဲ့ယောင်္ကျား Khal Drogo ကိုရည်စူးပြီး အမည်ပေးထားတော့ အဲဒီနဂါးဟာ သူမရဲ့ချစ်သူသဘောမျိုးသက်ရောက်သွားပါတယ်။”

I have sounds I might choose simply by certain personality traits that I want to put forward. So in the case of Drogon—she named that dragon after Khal Drogo, her hot, late husband—and so Drogon is like her lover. He’s whistling at her all the time, he’s looking at her butt and going ‘ooh, baby.’Gizmodo

Paula Fairfield ဟာ Drogon နဲ့ Daenerys တို့ကြားက ရင်းနှီးမှု၊ ချစ်သူ ၂ ယောက်ကြားကရင်းနှီးမှုကိုဖော်ကျူးတဲ့အနေနဲ့ လိပ်ကြီး ၂ ကောင်မိတ်လိုက်နေတဲ့အသံကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲဒီကလိပ်အထီးကြီးရဲ့အသံကို studio ထဲမှာ ဟိုပြင်ဒီပြင်လုပ်ပြီးနောက် ထွက်ရှိလာတာကတော့ Game of Thrones ရုပ်ရှင်ကြည့်စဉ်ကြားရတဲ့ နဂါးကြီး Drogon ရဲ့အသံပဲဖြစ်ပါတယ်။

Paula Fairfield ရဲ့ WNYC ရဲ့ အင်တာဗျူးကို ဒီနေရာ မှာ သွားရောက်နားထောင်နိုင်ပါတယ်။ Drogon ရယ် လိပ်တွေရယ်အကြောင်းကို မိနစ် ၂၀ အမှတ်လောက်မှာ သွားရောက်နားထောင်နိုင်ပါတယ်။

ကဲ.. သေချာတာကတော့ ဒီစာဖတ်ပြီးတဲ့နောက် Game of Thrones ကြည့်လို့ Drogon ရဲ့အသံကြားမိရင် အနည်းနဲ့အများတော့ ပြုံးမိကြမှာပါ။ အောက်မှာပြထားတဲ့ ဗီဒီယိုမှာ လိပ်ကြီး ၂ ကောင်ရဲ့အသံ.. oops.. Drogon ရဲ့အသံကို သွားနားထောင်ကြည့်လိုက်ကြပါဦး။ ✌️

၂၀၁၇ တစ်နှစ်တာရဲ့ Box Office မှာ ပထမနေရာရယူသွားပြန်တဲ့ Disney

Disney ကတော့ ၂၀၁၇ Box Office ရဲ့ ပထမနေရာကိုရယူသွားခဲ့ပါတယ်။ Disney ဟာ ၂၀၁၇ ခုနှစ်တစ်နှစ်တာအတွက် စျေးကွက်ဝေစု ၂၁.၂ % ရရှိခဲ့ပြီး ဝင်ငွေစုစုပေါင်း ဒေါ်လာ ၂.၂၄ ဘီလီယျံနဲ့ ပထမနေရာကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပမာဏဟာ ယမန်နှစ်ကရရှိခဲ့တဲ့ ဒေါ်လာ ၃ ဘီလီယျံကိုမမှီသေးပေမယ့် ၂၀၁၇ ရဲ့နောက်ဆုံးကျန်တဲ့ရက်သတ္တပတ်အတွင်းမှာ Star Wars: The Last Jedi ကရှာပေးဦးမယ့်ပမာဏမပါဝင်သေးပါဘူး။ အဲဒီတော့ နှစ်ကုန်လို့စာရင်းချုပ်ရင် ယခုဖော်ပြထားတဲ့ပမာဏထက်ပိုများနိုင်ပါတယ်။

Warner Bros က စျေးကွက်ဝေစု ၁၉.၁ % နဲ့ ဒုတိယနေရာမှာလိုက်နေပြီး ဝင်ငွေစုစုပေါင်း ၂.၀၂ ဘီလီယျံရရှိထားပါတယ်။ တတိယနေရာကိုတော့ ၁၅.၁ % ၊ ဒေါ်လာ ၁.၆ ဘီလီယျံတို့နဲ့ Universal ကရရှိထားပါတယ်။ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုက အဲဒီလောက်ဝင်ငွေရဖို့ Warner Bros က ရုပ်ရှင်ကားပေါင်း ၃၃ ကား၊ Universal က ၂၆ ကား အသီးသီးထုတ်လုပ်ခဲ့ရချိန်မှာ Disney က စုစုပေါင်းရုပ်ရှင် ၁၂ ကားတည်းနဲ့ ပထမနေရာကိုယူသွားတာပါ။ Disney ကို ဝင်ငွေအများဆုံးရှာပေးခဲ့တဲ့ဇာတ်ကားတွေကတော့ Beauty and the Beast ($504 million), Guardians of the Galaxy Vol.2 ($389.8 million), Thor: Ragnarok ($309.7 million) နဲ့ ယခုလက်ရှိရုံတင်နေတဲ့ Star Wars: The Last Jedi ($423.3 million) တို့ပဲဖြစ်ပါတယ်။

Ref: Box Office Mojo