မိသားစုသံယောဇဉ်ကို ဖော်ကြူးထားတဲ့ When Marnie Was There

တစ်ခါတစ်လေကျရင် ခရီးသွားနေတုန်း တစ်ခါမှမရောက်ဘူးတဲ့နေရာဖြစ်ပေမဲ့ ဒီနေရာကို ရောက်ဖူးတယ် ဒါမှမဟုတ် ဒီနေရာကို မြင်ဖူးတယ် ဆိုပြီး ခံစားဖူးတာမျိုး ရှိကြလားမသိဘူး။ အိမ်မက်မက်တုန်းက မြင်ဖူးတာလို့ပဲ စဉ်းစားကြတာလား ဒါမှမဟုတ် အဲ့ဒီနေရာက ကိုယ်နဲ့တစ်နေရာမှာ ပတ်သတ်မှုရှိတယ်ဆိုရင်ရော……???

 

အခုပြောပြပေးမဲ့ကားလေးကတော့ အပေါ်မှာပြောပြထားတဲ့အတိုင်း Read More

Motivation ကောင်းကောင်းပေးနိုင်တဲ့ Flying Colors

လူတိုင်းမှာ စိတ်ဓာတ်ကျတာတွေကတော့ ရှိတတ်ကြတာပါပဲ။ ဒါကတော့ လူ့သဘာဝပါ။ ဒါပေမဲ့ ဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ပြန်ပြီး Motivation ပေးနိုင်တဲ့ စာအုပ်ပဲ ဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် သီချင်းပဲဖြစ်ဖြစ် တစ်ခုခုတော့ လိုအပ်တာအမှန်ပါ။ အခုကတော့ စာမေးပွဲတွေလည်းနီး စာတွေနဲ့ လုံးပန်းနေရလို့ အရှုံးပေးချင်စိတ်တွေပေါက်လာပြီဆို ကြည့်သင့်တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Flying Colors ပါ။ ဂျပန်ကားကောင်းလေးတစ်ခုဖြစ်ပြီးတော့ IMDb rating မှာလည်း 7.5 အထိရထားတာဆိုတော့ ကားကောင်းတစ်ကားဆိုတာ အသေအချာပဲနော်။

 

ငယ်ငယ်လေးထဲက Read More

Reviews

,

No Comments

Anime ချစ်သူတွေလက်လွှတ်မခံသင့်တဲ့ Tada Never Falls in Love

Anime ချစ်သူတွေ 2018 မှာမဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလာပါပြီ။ ဒါကတော့ Tada Never Falls in Love ပဲဖြစ်ပါတယ်။ ဘာကြောင့်ဒီလောက်ညွှန်းနေရသလဲဆိုတော့ ဒီကားလေးဟာ အခု 2018 ကမှထွက်ရှိထားပြီး IMDb မှာ Rating 7.7 နဲ့ My Anime List မှာ 7.6 အထိရရှိထားတဲ့ Anime ဇာတ်ကားကောင်းလေးဖြစ်လို့ပါပဲ။ ဒီကားလေးဟာ 2018 May ကနေ June အထိ မကြာသေးခင်ကမှ ဂျပန်ရုပ်သံလိုင်းတွေမှာထုတ်လွှင့်ပြသခဲ့တဲ့ TV series လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးက Romatic Comedy အမျိုးအစားလေးဖြစ်ပြီး အပိုင်း ၁၃ ပိုင်းပါဝင်ပါတယ်။ အဓိကဇာတ်ဆောင်လေးတွေရဲ့ နာမည်တွေက Mitsuyoshi Tada, Teressa Wagner, Kaoru Ijuin, Alexandra Magritte နဲ့ Hajime Sugimoto စတာတွေပဲဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ Read More

အဝင်းပါတဲ့ My Country My Home – ဇာတိမြေ ဇာတ်ကားကြီး ရုံတင်တော့မယ်တဲ့နော်…

ပျိုမေတွေရဲ့ အသဲစွဲ မိုရီဆာကီဝင်း ခေါ် အဝင်း နဲ့ ရိုက်ကူးထားတဲ့ My Country My Home ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မည်ဖြစ်ကြောင်း JCGV မှ ကြေငြာလိုက်ပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့် မြန်မာနိုင်ငံတွင်သာမက ဂျပန်နိုင်ငံမှာပါ သွားရောက်ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ အဝင်း ကတော့ ဂျပန်ပြည်မှာ နေထိုင်တဲ့ အနုပညာရှင် မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရိုက်ကူးရတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာရုပ်ရှင်တွေသာမက Hollywood ရဲ့နာမည်ကျော်ကြား Read More

ဆောင်းဦးရာသီမှာပြသမယ်လို့ ကြေညာလိုက်တဲ့ Anime Movie – ‘Let Me Eat Your Pancreas’

“ရှေးရှေးတုန်းကလူတွေက သူတို့နေမကောင်းရင် တိရစ္ဆာန်အစိတ်အပိုင်းတွေကိုစားလေ့ရှိကြတယ်”

“အစာအိမ်မကောင်းရင် အစာအိမ်ကိုစားကြတယ်.. အဲဒါဟာသူတို့ကို ခွန်အားပြန်ပြည့်စေတယ်လို့ယုံကြည်ကြတယ်”

“အဲဒါကြောင့် ငါနင့်ရဲ့ ပန်ကရိယကိုစားချင်တယ်”

ဒါက ‘Let Me Eat Your Pancreas’ (Kimi no Suizou wo Tabetai) ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ အထက်တန်းကျောင်းသူလေး Yamauchi Sakura ရဲ့စကားဖြစ်ပါတယ်။ သူမဟာ ပန်ကရိယရောဂါကြောင့် မကြာမီအချိန်အတွင်းမှာသေဆုံးရတော့မယ့်သူတစ်ယောက်ဖြစ်ပါတယ်။

စာရေးဆရာ Sumino Yoru ရဲ့ ဝတ္ထုကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဒီ anime movie ကို ဆောင်းဦးရာသီအစောပိုင်းမှာ စတင်ပြသသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဇာတ်ကားရဲ့ official website ကနေတစ်ဆင့် ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်နဲ့အတူ ဒီဇာတ်ကားအတွက် tagline အသစ်နဲ့ key visual တို့ကိုပါ တစ်ပါတည်းထုတ်ဖော်ပြသခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ –

တစ်ရက်မှာ ကောင်လေးတစ်ယောက်ဟာ ဆေးရုံသွားရင်း အမှတ်မထင်နဲ့ စာအုပ်တစ်အုပ်ကောက်ရခဲ့ပါတယ်။ အဲဒီစာအုပ်ကိုဖတ်ကြည့်တော့ ပန်ကရိယရောဂါကြောင့် မကြာမီသေဆုံးရတော့မယ့်လူနာတစ်ယောက်ရဲ့နေ့စဉ်မှတ်တမ်းဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ သူ့ကိုအံ့အားသင့်သွားစေတာကော့ အဲဒီစာအုပ်ပိုင်ရှင်ဟာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ့ရဲ့အတန်းဖော် Yamauchi Sakura ဖြစ်နေတယ်ဆိုတာပါ။ သူမအဲဒီရောဂါရှိနေတယ်ဆိုတာကို သူမရဲ့မိသားစုနဲ့ ကောင်လေးကလွဲပြီး ဘယ်သူမှမသိရှိကြပါဘူး။ အဲဒါကြောင့် ဒီကိစ္စကိုဘယ်သူ့ကိုမှမပြောပြပဲ လျှို့ဝှက်ထားပေးဖို့ ကတိပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ Sakura ရဲ့ကျန်ရှိသေးတဲ့နေ့ရက်လေးတွေကို သူမဘေးမှာနေပြီးအားပေးရင်းနဲ့ အတူတကွကုန်ဆုံးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဇာတ်ကားမှာ မတူညီတဲ့ အကျင့်စရိုက်ရှိကြတဲ့လူနှစ်ယောက်ကြားက relationship ကို ကြည့်ရှုခံစားရမှာပါ။ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေတတ်ပြီး လူတကာရဲ့ချစ်ခင်ခြင်းကိုခံရတဲ့ Sakura နဲ့ လူတွေနဲ့ရောရောနှောနှောမနေတတ်တဲ့ကောင်လေးတို့နှစ်ယောက် သူမရဲ့နောက်ဆုံးအချိန်လေးတွေကို ဘယ်လိုများဖြတ်ကျော်ကြမလဲဆိုတာဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဝတ္ထုကိုဖတ်ဖူးသူတွေကတော့ ဒီဇာတ်လမ်းကို Koe no Katachi နဲ့ Kimi no na wa တွေထက်ပိုမကောင်းဘူးဆိုရင်တောင် မလျှော့ဘူးလို့ဆိုနေကြပါတယ်။

Sumino Yoru ရဲ့ဒီဝတ္ထုဟာ အုပ်ရေပေါင်း ၂ သန်းကျော်ရောင်းချရတဲ့အထိအောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီဝတ္ထုကိုမှီငြမ်းပြီး ရုပ်ရှင်ဇာတ်ကားပါရိုက်ကူးခဲ့ကြပါတယ်။ ဒါ့အပြင် ဝတ္ထုရဲ့နာမည်နဲ့ပဲ Manga ပါရေးဆွဲထားပါသေးတယ်။ စိတ်ဝင်စားသူတွေကတော့ ဒီ anime movie မထွက်ရှိမှီ အဲဒါတွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။

Ref: ANN

Miyazaki Hayao ရဲ့နောက်ဆုံးလက်ရာ Anime – March လထဲပြသမည်

ဂန္ဓဝင် Anime ဖန်တီးရှင်ကြီး Miyazaki Hayao ရဲ့နောက်ဆုံးထွက်လက်ရာ Anime ကို ၂၀၁၈ မတ်လ ၂၁ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်တယ်လို့ Ghibli Museum ရဲ့ Official Website ကနေတစ်ဆင့်ကြေညာလိုက်ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Wind Rises ပြီးတဲ့နောက် ပထမဦးဆုံးထွက်ရှိလာတဲ့ Miyazaki ရဲ့လက်ရာဖြစ်ပါတယ်။

တစ်ခုရှိတာက ဒီ anime လေးဟာ ရုပ်ရှင်ကားကြီးမဟုတ်ပဲ ကြာမြင့်ချိန် ၁၄ မိနစ်နဲ့ စက္ကန့် ၂၀ သာရှိမယ့် ဇာတ်လမ်းတိုလေးဖြစ်ပါတယ်။ “Boro the Caterpillar” (Kemushi no Boro) လို့အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုလေးဟာ Boro လို့အမည်ရတဲ့ အကောင်ပေါက်စပိုးကောင်လေးနဲ့ သူ့ပတ်ဝန်းကျင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Laputa: Castle in the Sky, My Neighbor Totoro, Kiki’s Delivery Service, Princess Mononoke, Spirited Away, Howl’s Moving Castle အစရှိတဲ့ ဂန္ဓဝင် anime တွေကိုဖန်တီးခဲ့တဲ့ Miyazaki ဟာ anime တွေဆက်မထုတ်တော့ဘူးဆိုပြီး အနားယူသွားပေမယ့် ဗီဇပိုးကိုမထိန်းနိုင်ရှာတော့ သူနှစ်သက်တဲ့ anime ရုပ်ရှင်တွေကို ဆက်လက်ဖန်တီးဖြစ်နေတာပဲဖြစ်ပါတယ်။ Miyazaki ဟာ မကြာမီပြသမယ့် “Boro the Caterpillar” အပြင် “Kimitachi wa Dou Ikiru ka” လို့အမည်ရတဲ့ ရုပ်ရှင်ကားကြီးတစ်ကားကိုလည်း ဖန်တီးနေပါသေးတယ်။ လူကသာနေမယ် ဗီဇကတော့မနေနိုင်ဘူးဆိုသလိုပါပဲ.. ဘာပဲဖြစ်ဖြစ် Ghibili ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Ref: ANN
Featured image is the courtesy of Studio Ghibili

‘Kakegurui – Compulsive Gambler’ Live Action ရဲ့ အဓိကသရုပ်ဆောင်တွေကို ကြေညာလိုက်ပြီ

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက Kakegurui live action မှာပါဝင်မယ့် သရုပ်ဆောင်တွေကို တစ်ယောက်ချင်းကြေညာလာတာ ဒီနေ့ကြေညာလိုက်တဲ့ Saotome Mary ဇာတ်ကောင်ရဲ့ cast အပြီးမှာတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်သုံးယောက်လုံး ပြည့်စုံသွားပြီဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Jabami Yumeko ကို Anohana ရုပ်ရှင်ထဲမှာ Menma အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Hamabe Minami ကသရုပ်ဆောင်မှာဖြစ်ပါတယ်။ Jabami Yumeko ရဲ့ partner ဖြစ်တဲ့ Saotome Mary ဇာတ်ကောင်ကိုတော့ Prison School ဇာတ်လမ်းတွဲမှာ Midorikawa Hana အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Morikawa Aoi က သရုပ်ဆောင်မှာပါ။ နောက်ဆုံးကျန်တဲ့ဇာတ်ကောင်ဖြစ်တဲ့ Suzui Ryouta ကို Takasugi Mahiro ကသရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

Jabami Yumeko အဖြစ် Hamabe Minami

.             .         

 

Saotome Mary အဖြစ် Morikawa Aoi

.                .        

 

Suzui Ryouta အဖြစ် Takasugi Mahiro

.                  .         

 

Kakegurui ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ – Hyakkaou ဟာ လူကုံထံသားသမီးတွေပဲတက်ရောက်ခွင့်ရတဲ့ private ကျောင်းတစ်ခုဖြစ်ပါတယ်။ ဒီကျောင်းမှာတက်ရောက်ကြသူတွေဟာ စာတော်စရာမလိုပါဘူး၊ အားကစားမှာထူးချွန်စရာမလိုပါဘူး၊ လိုအပ်ချက်ကတစ်ခုတည်းရှိပါတယ်၊ အဲဒါကတော့ လောင်းကစားလုပ်တာတော်ရမှာဖြစ်ပါတယ်။ ဒီကျောင်းမှာ အရာရာတိုင်းကို လောင်းကစားလုပ်ပြီးပဲ ဆုံးဖြတ်ရပါတယ်။ Hyakkaou Academy ဟာ လောင်းကစားထူးချွန်သူတွေက ဘုရင်လိုနေပြီး ညံ့တဲ့သူတွေက ကျွန်တွေလိုနေရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တစ်နေ့မှာတော့ Jabami Yumeko ဟာ Real Gambling ဆိုတာဘာလဲဆိုတာကို တစ်ကျောင်းလုံးကိုသင်ခန်းစာပေးဖို့ ဒီကျောင်းတော်ကြီးကိုရောက်ရှိလာခဲ့ပါတယ်။

Kakegurui live action ကို ဂျပန်နိုင်ငံမှာ ၂၀၁၈ ဇန်နဝါရီ ၁၄ ရက်နေ့ကစပြီး ထုတ်လွင့်ပြသသွားမှာဖြစ်ပါတယ်။

Winter 2017-2018 ရာသီအတွက် စောင့်ကြည့်သင့်တဲ့ Anime ၁၀ ခု

Anime ချစ်သူတွေလှုပ်လှုပ်ရွရွဖြစ်ရမယ့်အချိန်ကိုရောက်ရှိလာပြန်ပါပြီ။ ကျွန်တော်တို့မှာလည်း ၃ လတစ်ကြိမ် နောက် season မှာ ဘယ် anime seires တွေကိုကြည့်မယ်လို့ရွေးချယ်ရတာဟာ အလုပ်ကြီးတစ်ခုပါပဲ။ ကျွန်တော်ကတော့ အဲဒီအတွက်ပြင်ဆင်သင့်သလောက်ပြင်ဆင်ပြီးသွားပါပြီ။ ဒီဆောင်းပါးမှာ Winter 2018 အတွက် ကျွန်တော်ရွေးချယ်ထားတဲ့ Anime series ၁၀ ခုနဲ့ ဘာကြောင့်အဲဒီလိုရွေးချယ်ရတာလဲဆိုတာကို ဝေမျှပေးသွားမှာပါ။

ဒီ list ဟာ ကျွန်တော့်စိတ်တိုင်းကျရွေးချယ်ထားတာတွေဖြစ်တဲ့အတွက် objective ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အများစုက anime ချစ်သူတွေအကြိုက်နဲ့ကိုက်မယ်လို့မျှော်လင့်ပါတယ်။ ဒီ list ကို အောက်ပါ criteria တွေအရပြင်ဆင်ထားတာပဲဖြစ်ပါတယ်-

  • Source Material: Anime အများစုက Manga, Light Novel, Game အစရှိတာတွေကို မှီငြမ်းထားကြတဲ့အတွက် anime တစ်ခုကောင်းနိုင်မကောင်းနိုင်ဆိုတာကို သူ့ရဲ့ source material ရဲ့ အရည်အသွေးကိုသွားကြည့်ပြီးခန့်မှန်းနိုင်ပါတယ်။
  • Studio: Anime တွေကိုအသက်သွင်းရေးဆွဲတဲ့ studio တွေဟာကလည်း source material တွေနဲ့တန်းတူအရေးကြီးပါတယ်။ Studio တွေရဲ့ animation quality နဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုရအဆင်ပြေအောင်တည်းဖြတ်နိုင်စွမ်းက anime series တစ်ခုအောင်မြင်မအောင်မြင်ကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပါတယ်။
  • Genre: ဒါကတော့ personal taste နဲ့ဆိုင်သွားပါပြီ။ ကျွန်တော့်ရဲ့ list ဆိုတော့ ကျွန်တော်ကြိုက်တဲ့ anime အမျိုးအစားတွေက အနည်းနဲ့အများ priority မြင့်မှာဖြစ်ပါတယ်။

List ကိုမဖော်ပြခင် special mention အနေနဲ့ Cardcaptor Sakura: Clear Card-hen နဲ့ Dakashi Kashi season 2 တို့ကိုဖော်ပြလိုပါတယ်။ အဲဒီ series တွေဟာလည်း အလွန်နာမည်ကြီးတဲ့အထဲမှာပါဝင်ကြပေမယ့် list ကို sequel တွေနဲ့ချည်းမပြည့်သွားစေချင်လို့ ဒီနေရာကနေ သီးသန့်ဖော်ပြပေးလိုက်ပါတယ်။

10. Zoku Touken Ranbu: Hanamaru

Genre: Action, Comedy, Drama, Fantasy, Historical, Slice of Life

Source: Game

ကျွန်တော် Touken Ranbu ဂိမ်းကိုလည်းမဆော့ဖူးပါဘူး။ ဒါကြီးစဖြစ်သွားတာက Touken Ranbu ကို ဂါထာမန်းသလို တဖွဖွရွတ်နေကြတဲ့ သူငယ်ချင်းမိန်းကလေးတွေရဲ့ကျေးဇူးနဲ့ပါ။ ဒီအကြောင်းအခုမှကြားဖူးတဲ့သူတွေအတွက်ကတော့ Touken Ranbu ဆိုတာက ဒီနောက်ပိုင်းခေတ်စားနေတဲ့စတိုင်ဖြစ်တဲ့ အရာဝတ္ထုပစ္စည်းတွေကို လူအသွင်ပြောင်းထားတဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ ဒီ series မှာသမိုင်းထဲကနာမည်ကြီးဓားတွေကို ကောင်လေးချောချောလေးတွေအသွင်နဲ့မြင်တွေ့ရမှာပါ။ အခုလာမှာကတော့ season 2 ဖြစ်တဲ့အတွက် season 1 ကြည့်ဖူးသူတွေအတွက်ကတော့ ထွေထွေထူးထူးညွှန်းနေစရာမလိုပါဘူး။ အပျော်အနေနဲ့ကြည့်လို့ကောင်းတဲ့ series တစ်ခုဖြစ်ပါတယ်။

9. A Place Further Than The Universe (Sora Yori mo Tooi Basho)

Genre: Adventure

Source: Original

Ah… How I love Original shows! Original series တွေကိုစောင့်ကြည့်ရတာကတော့ ကျွန်တော့ရဲ့ဝါသနာတစ်ခုလိုပါပဲ။ ဇာတ်လမ်းကိုဘယ်လိုနည်းနဲ့မှ ကြိုတင်မသိရှိနိုင်တဲ့အတွက် နောက်တစ်ပတ်ဘာများဖြစ်သွားမလဲဆိုပြီး အပတ်စဉ်စောင့်မျှော်ကြည့်ရှုရတာက ဘာနဲ့မှလဲလို့မရတဲ့ အရသာတစ်ခုပါပဲ။ ပြီးတော့ ဒီ anime ကိုရေးဆွဲတဲ့ studio က Madhouse ဆိုတော့ အများကြီးစဉ်းစားနေစရာမလိုပဲ ကျွန်တော့်ရဲ့ To Watch List ထဲရောက်သွားပါတယ်။ ဒီ anime ဟာ အန္တာတိကတိုက်ကိုခရီးဆန့်မယ့် ကောင်မလေး ၄ ယောက်အကြောင်းကိုသရုပ်ဖော်ထားတာဖြစ်ပါတယ်။

8. Yowamushi Pedal: Glory Line

Genre: Comedy, Drama, Shounen, Sports

Source: Manga

Yowamushi Pedal ရဲ့ စတုတ္တမြောက် season ဖြစ်ပါတယ်။ စက်ဘီးပြိုင်တာတွေနဲ့ အဓိကဇာတ်အိမ်တည်ထားတဲ့ Yowamushi Pedal ဟာ Sports anime တွေနှစ်သက်သူတွေကြည့်သင့်တဲ့ series တစ်ခုဖြစ်ပါတယ်။

7. Love is Like after the Rain (Koi wa Ameagari no You ni)

Genre: Romance, Seinen

Source: Manga

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီ anime ကိုစိတ်ဝင်စားသွားရတာက သူ့ရဲ့ trailer မှာပါဝင်တဲ့ Aimer သီချင်းကြောင့်ပါ။ အဲဒီနောက်မှာမှ ဒီ anime က ဘယ်လိုအမျိုးအစားလဲဆိုတာကို လိုက်လေ့လာကြည့်မိပါတယ်။ ဇာတ်လမ်းက Tachibana Akira လို့အမည်ရတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်အကြောင်းပါ။ သူမဟာ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းဝင်လုပ်နေတုန်းမှာ အချစ်ဆိုတာကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ သူမ ရင်ထဲအသည်းထဲကနေ နှစ်သက်ရသူကတော့ အဲဒီဆိုင်ရဲ့မန်နေဂျာ အသက် ၄၅ နှစ်အရွယ် တစ်ခုလပ်မုဆိုးဖိုပါ။ သူတို့ ၂ ယောက်ကြားက ကြီးမားလှတဲ့အသက်အရွယ်ကွာခြားမှုကြီးကို ဘယ်လိုများကျော်ဖြတ်ကြမလဲဆိုတာကို ဒီ anime လေးကသရုပ်ဖော်သွားမှာဖြစ်ပါတယ်။ အဲဒီတော့… Warning, Feels Ahead! ပါပဲ၊ Seinen အမျိုးအစားဆိုတော့ ဇာတ်လမ်းက တော်တော်လေးလက်တွေ့ဆန်ပြီး လေးနက်မှာဖြစ်တဲ့အတွက်ပါ။

6. Overlord II

Genre: Action, Fantasy, Game, Magic

Source: Light Novel

Ainz Ooal Gown!!!… ဘာရယ်မဟုတ်ပါဘူး.. မင်းသားရဲ့နာမည်ကိုခေါ်လို့ကောင်းလို့ခေါ်ကြည့်တာပါ။ Overlord ဟာ Trapped-in-a-Video-Game အမျိုးအစားဇာတ်လမ်းတွေထဲက တော်တော်ကောင်းတယ်ပြောလို့ရတဲ့ series တစ်ခုဖြစ်ပါတယ်။ ပထမ season ကိုကြည့်ဖူးရင်တော့ ဒီ season 2 ကိုမကြည့်စရာအကြောင်းမရှိပါဘူး။ သူ့ရဲ့အလန်းစား character design တွေက anime ချစ်သူတွေကို အကြိုက်တွေ့စေမှာပါ။

5. The Ryuo’s Work is Never Done! (Ryuuou no Oshigoto!)

Genre: Comedy, Game

Source: Light Novel

ကျွန်တော် lolicon တစ်ယောက်မဟုတ်ပါ… အစကတည်းကမပြောထားရင် အထင်လွဲခံရမှာစိုးလို့ကြိုပြောထားတာပါ။ ဒီ anime ကို Shogi Master တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့မင်းသားနဲ့ သူ့ရဲ့တပည့်ဖြစ်ချင်တဲ့ ၉ နှစ်အရွယ်ကောင်မလေးတို့ကြားကအဖြစ်အပျက်တွေနဲ့ဇာတ်လမ်းဆင်ထားပါတယ်။ သူ့ရဲ့ Synopsis ရယ် Trailer ရယ်ကနေခန့်မှန်းလို့ရတာကတော့ ဒီ anime ဟာ Moe factor တွေနဲ့ပြည့်နေတဲ့ ဟာသဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အပန်းပြေရယ်ချင်မောချင်ရင်တော့ ဒီ series ကို သင့်ရဲ့စောင့်ကြည့်စာရင်းထဲ ထည့်ထားသင့်ပါတယ်။

4. The Disastrous Life of Saiki K. (Saiki Kusuo no Psi Nan)

Genre: Comedy, School, Shounen, Supernatural

Source: Manga

ဒီနောက်ပိုင်းမှာ episode တစ်ခု ၅ မိနစ် anime series တွေကို လူတွေတော်တော်သတိထားမိလာကြပါတယ်။ ဒီ series ဟာဆိုရင်လည်း အဲဒီလိုမျိုးထဲကတစ်ခုဖြစ်ပါတယ်။ ဒီ anime မှာ Supernatural စွမ်းအင်မျိုးစုံကိုပိုင်ဆိုင်တဲ့ Saiki Kusuo ဆိုတဲ့ကောင်လေးရဲ့ နေ့စဉ်အဖြစ်အပျက်တွေကို ဟာသဆန်ဆန်သရုပ်ဖော်ထားပါတယ်။ သေချာတာကတော့ ဒီ anime ကိုကြည့်ရင် သေချာပေါက်ရယ်ရမှာပဲဖြစ်ပါတယ်။

3. The Seven Deadly Sins: Revival of the Commandments (Nanatsu no Taizai: Imashime no Fukkatsu)

Genre: Action, Adventure, Fantasy, Shounen, Supernatural

Source: Manga

အပျံစားအက်ရှင်ခန်းတွေကိုကြည့်ချင်ရင်တော့ ဝေးဝေးလံလံရှာမနေပဲ Seven Deadly Sins ကိုသာပြေးကြည့်လိုက်ပါလို့ပြောရမှာပါ။ ဒီဟာကိုမကြည့်ခင် season 1 ကို အရင်ပြေးကြည့်လိုက်ဖို့အကြံပေးလိုက်ပါတယ်။ ဇာတ်လမ်းပိုင်း၊ animation ပိုင်းတွေ ဘာမှအပြစ်ပြောစရာမရှိတဲ့ series တစ်ခုဖြစ်ပါတယ်။ ကျွန်တော်က season 1 အပြီး နောက်ပိုင်းဇာတ်လမ်းတွေကို Manga ဖတ်ထားတာမို့ တစ်ခွန်းပဲပြောလိုက်ချင်ပါတယ်… It’s gonna be lit!

2. Violet Evergarden

Genre: Drama, Fantasy

Source: Light Novel

လူတွေရဲ့စိတ်ခံစားချက်တွေကို စကားလုံးအြဖစ်အသွင်ပြောင်းပေးတဲ့ Violet Evergarden လို့အမည်ရတဲ့ Auto Memories Doll နဲ့ သူမရဲ့ဘဝခရီးလမ်းကိုသရုပ်ဖော်ထားတဲ့ ဒီဇာတ်လမ်းလေးဟာ ဒီ season အတွက် လူတွေအမျှော်လင့်ထားဆုံး anime တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီ anime ကိုရေးဆွဲတဲ့ studio က animation frame တိုင်းကို အလှဆုံးဖြစ်အောင် ရှယ်ရေးဆွဲတတ်တဲ့ Kyoto Animation ဖြစ်တဲ့အတွက် ရုပ်ထွက်ပိုင်းကလန်ပျံထွက်နေမယ်ဆိုတာ 120% အာမခံပါတယ်။ Drama ကြိုက်တတ်သူတွေအတွက် Must Follow ဖြစ်ပါတယ်။ ဒီလောက်တောင်မိုက်နေရင် ဘာလို့နံပါတ် ၁ မဖြစ်တာလဲလို့မေးချင်စရာရှိပါတယ်၊ အဲဒါကတော့ နံပါတ် ၁ နေရာက anime က ကျွန်တော့်ရဲ့ personal favorite ဖြစ်နေလို့ပါ။

1. Fate/Extra: Last Encore

Genre: Action, Fantasy, Magic

Source: Game

Japanizing Beam ထိထားတဲ့ ကျွန်တော်တို့ရဲ့ ချစ်စဖွယ် Umu လေးကို anime series ထဲမှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ကျွန်တော်ဘာကိုပြောချင်တာလဲသိချင်ရင် Google မှာ Nero Claudius ဆိုပြီးရှာကြည့်လိုက်ပါ၊ ထိပ်ဆုံးမှာပေါ်လာတဲ့ Anime ကောင်မလေးကိုဆိုလိုတာဖြစ်ပါတယ်။ Fate/Extra: Last Encore ဟာ Grail War တွေ၊ Servant တွေနဲ့ဇာတ်အိမ်တည်တဲ့ Fate Franchise ရဲ့ နောက်ဆုံး entry တစ်ခုဖြစ်ပါတယ်။ ဒီ anime မှာ ရောမအင်ပါယာရဲ့ဘုရင်ကြီး Nero Claudius က Saber class, Knights of the Round Table ထဲက Gawain က Saber class, နာမည်ကျော်ပင်လယ်ဓားပြကြီး Francis Drake က Rider class, နာမည်ကျော်သူရဲကောင်း Robin Hood က Archer class, ကလေးကဗျာနဲ့သီချင်းဖြစ်တဲ့ Nursery Rhyme က Caster class, တရုတ်သိုင်းဆရာကြီး Li Shuwen က Berserker class အဖြစ်နဲ့ပါဝင်ကြမှာဖြစ်ပါတယ်။ သင်ဟာ Fate series ပရိသတ်တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီ anime ကို follow မလုပ်စရာအကြောင်းမရှိပါဘူး။

Cover Image Source: CLare@Pixiv

Movie News

,

No Comments