ခပ်ဆိုးဆိုးမင်းသားနဲ့ တောသူမလေးတို့ရဲ့ အချစ်ဇာတ်လမ်း Top Star Yoo Baek

၂၀၁၈ခုနှစ်ရဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့ကတော့ ကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေအတွင် အိပ်ရေးပျက်စေ ဖုန်းဘေလ်တွေကုန်စေနိုင်မယ့် လတစ်လလို့တောင် သတ်မှတ်ရမလို ဖြစ်နေပါပြီ။ ထွက်လိုက်သမျှ ကိုရီးယားကားတိုင်းကလည်း ကြည့်ချင်စရာလေးတွေဆိုတော့ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာတောင် တော်တော်အကြပ်ရိုက်စေပါတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်မိတ်ဆက်ပေးသွားချင်တဲ့ ဇာတ်လမ်းတွဲကိုတော့ ပရိသတ်တွေ သိပ်သိလောက်မယ် မထင်ဘူး။ ဒီဇာတ်လမ်းလေးရဲ့နာမည်ကတော့ Top Star Yoo Baek ပါ။

 

ဒီဇာတ်လမ်းတွဲကို လူသိနည်းရတဲ့ Read More

ဖြစ်ရပ်မှန်ကပ်ဘေးတစ်ခုနဲ့ နန်းတော်ကြီးအကြောင်းကို ပုံဖော်ထားတဲ့ Monstrum

ဒီဇာတ်လမ်းကတော့ တကယ့်ကိုစိုးထိတ်မှုတွေနဲ့ သာမာန်ကိုရီးယားနန်းတွင်းကားတစ်ကားနဲ့ မတူညီတဲ့ရသကိုပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဖြစ်ရပ်မှန်ဖြစ်တဲ့ ၁၉၂၇ ခုနှစ်တုန်းက နန်းတော်တွင်းအခြေအနေကို အခြေခံရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီကားထဲမှာ ကပ်ဘေးဆိုးတွေ၊ ကြောက်မက်ဖွယ်နန်းတော်ကြီးနဲ့ ဝန်ကြီးတစ်ယောက်ရဲ့လှည့်ကွက်တွေကို ရှုစားကြရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည် Monstrum ရဲ့ အဓိပ္ပါယ်ကိုက ထူးဆန်းအံ့သြဖွယ်အရာလို့ ဆိုပါတယ်။

 

ဒါရိုက်တာ Huh Jong Ho ရဲ့ လက်ရာဖြစ်တဲ့ ဒီ Monstrum ဇာတ်လမ်းတွဲကို Read More

စည်းမျဉ်းခံဘုရင်စနစ်နဲ့ အချစ်စစ်တို့ကြားက The Last Empress (Empress Dignity)

တောင်ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်နဲ့ ယနေ့ခေတ်တို့ကို ပူးတွဲရှုစားရမယ့် အသစ်အဆန်းဇာတ်ကားလေးကတော့ The Last Empress (Empress Dignity) ဖြစ်ပါတယ်။ ဒီကားလေးဟာ မကြာသေးမီကမှ တောင်ကိုရီးယားမှာထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး လူကြိုက်များနေဆဲ Rating မြင့် ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။

 

MyDramaList Rating 7.7 အထိရရှိထားတဲ့ ဒီကားလေးကို Read More

ဒီလထဲမှာ ပရိသတ် စိတ်ဝင်စားဆုံးဖြစ်နေရတဲ့ Encounter ဇာတ်လမ်းတွဲ

ဒီနိုဝင်ဘာလထဲမှာတော့ အကောင်းတကာ့ အကောင်းဆုံး ကိုရီးယားဇာတ်လမ်းတွဲသစ်တွေ တစ်ပုံကြီး ထွက်ရှိလာမှာဖြစ်လို့ ဒီလက ကိုရီးယားပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ လတစ်လလို့ ပြောလို့ရနိုင်ပါတယ်။ ဒီစီးရီးတွေထဲမှာမှ ပရိသတ်တွေရဲ့ စိတ်အာရုံကို အဖမ်းစားနိုင်ဆုံး ဇာတ်လမ်းတွဲတစ်ခု ရှိလို့နေပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Encounter လို့အမည်ရပါတယ်။

 

Encounter ဇာတ်လမ်းတွဲ အရမ်းနာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ Read More

ကိုရီးယားရုပ်သံဆုပေးပွဲမှာ ဆုပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ Marry Me Now?

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ရက်နေ့က Gyeongnam Culture & Art Center မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ၁၁ ကြိမ်မြောက် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ဆုပေးပွဲအခမ်းအနားကြီးမှာ နာမည်ကျော် ဇာတ်လမ်းတွဲရှည်ကြီးတစ်ခုဖြစ်တဲ့ Marry Me Now? ရုပ်သံဇာတ်လမ်းတွဲက ဆုပေါင်းများစွာကို သိမ်းကြုံးရယူသွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

 

နာမည်ကျော် တောင်ကိုရီးယား ရုပ်သံဌာနကြီးတစ်ခုဖြစ်သော KBS ရဲ့ Read More

သမီးလေးကို အရမ်းသတိရနေတဲ့ Ji Sung

လက်ရှိ ထုတ်လွှင့်ပြသနေဆဲဖြစ်သော Familiar Wife ဇာတ်လမ်းတွဲထဲမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်နေတဲ့ ဝါရင့်ကိုရီးယားမင်းသားချော Ji Sung က သူရဲ့ အလုပ်ကိစ္စတွေကြောင့် အချိန်မပေးဖြစ်တဲ့ သူ့သမီးလေးကို အရမ်းသတိရလွမ်းဆွတ်နေကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ရရက်နေ့မှာ Ji Sung က သူရဲ့ ကိုယ်ပိုင် Instagram ပေါ်မှာ သူ့သမီးလေးနဲ့ Read More

ဇာတ်လမ်းတွဲအသစ် ရိုက်ကူးသွားဖို့ ပြင်ဆင်နေတဲ့ Yoo In Na

အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပနေတဲ့ ကိုရီးယားမင်းသမီးချောလေး Yoo In Na ကတော့ tvN ရုပ်သံလိုင်းကနေ ရိုက်ကူးတင်ဆက်သွားမယ့် It Feels Sincere ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားဖို့အတွက် ဆွေးနွေးနေပြီလို့ သိရပါတယ်။

 

အသက် ၃၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးချော Yoo In Na အနေနဲ့ It Feels Sincere ဇာတ်လမ်းတွဲကို ဝင်ရောက်ရိုက်ကူးသွားဖို့ စဉ်းစားနေပြီဖြစ်တယ်လို့ Read More