အာရှဒေသတလွှားက ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ့် Lee Joon Gi

ကိုရီးယားမင်းသားချောလေး Lee Joon Gi ကတော့ လက်ရှိမှာ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပေမယ့်လည်း အခုထိ သူရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်အားလုံးမှာ ရူးသွပ်သူဖြစ်တဲ့ Lee Joon Gi ဟာ ဇာတ်လမ်းတွဲသစ်တွေ ရိုက်ကူးတိုင်းမှာလည်း ပိုပိုပြီး အောင်မြင်လာသလို သူရဲ့ သရုပ်ဆောင်မှုတွေဟာလည်း ဒီထက်မက ပိုကောင်းလာတတ်ပါတယ်။ သိပ်မကြာခင်မှာတော့ Lee Joon Gi ဟာ သူရဲ့အချစ်တော်တွေဆီကို အရောက်လာတော့မှာဖြစ်ပါတယ်။

 

မင်းသားချော Lee Joon Gi ဟာ Read More

ကိုရီးယားမှာ လူကြိုက်များအောင်မြင်နေတဲ့ Intimate Strangers

အောက်တိုဘာလကုန်လောက်ကတည်းက ထွက်ရှိလာခဲ့တဲ့ တောင်ကိုရီးယား ဟာသရုပ်ရှင်ဇာတ်ကား Intimate Strangers ကတော့ အခုတလော ကိုရီးယားနိုင်ငံအတွင်းမှာ အရမ်းကို လူကြိုက်များအောင်မြင်လို့နေပြီး ဒီနှစ် ၂၀၁၈ ခုနှစ်ရဲ့ ရုပ်ရှင်လက်မှတ်စောင်ရေ လေးသန်းကျော်လောက်အထိ ရောင်းချနိုင်ခဲ့တဲ့ တစ်ကားတည်းသော ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Intimate Strangers ဇာတ်ကားဟာ Read More

အကျဉ်းထောင် အခန်းနံပါတ်၉ မှ စိတ်ဝင်စားစရာ အပြောင်းအလဲကြီး

ဒီတစ်နှစ်တာအတွင်း ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ဝိညာဉ်ချင်း အပြောင်းအလဲဖြစ်တာတို့ ခန္ဓာကိုယ်ချင်း အပြောင်းအလဲဖြစ်တာတို့ကို အခြေခံထားတာတွေ အရမ်းများပြားခဲ့ပါတယ်။ ဒါပေမယ့် အခြေခံထားတာချင်းတော့ တူချင်တူပါလိမ့်မယ် ဇာတ်လမ်းကျောရိုးနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်မှုတွေကတော့ ခြားနားပါတယ်။

 

ဒါကြောင့်လည်း ဇာတ်လမ်းတွဲတိုင်းက လူကြိုက်များအောင်မြင်နေတာပါ။ အခု ကျွန်တော်ပြောပြပေးသွားချင်တဲ့ ဇာတ်လမ်းတွဲကလည်း ဒီလိုပါပဲ။ ခန္ဓာကိုယ်ချင်း Read More

ချစ်ဦးသူရဲ့ မင်္ဂလာဆောင် On Your Wedding Day

လူတစ်ယောက်နဲ့တစ်ယောက် တစ်ဘဝလုံး ပေါင်းစပ်သွားဖို့ဆိုတာ မလွယ်ပါဘူး။ အတိတ်ကံတွေရော အခြားအခြားသော အကြောင်းအရာတွေ တိုက်ဆိုင်နေမှသာ ပေါင်းစပ်နိုင်ကြတာပါ။ ရည်းစားဦး အချစ်ဦးနဲ့ တစ်ဘဝလုံး ပေါင်းစပ်ဖို့ဆိုရင် ပိုလို့တောင်ခက်ပါသေးတယ်။ တကယ်လို့များပေါ့နော် ကိုယ်လုံးဝမေ့မရနိုင်အောင် ဖြစ်နေရတဲ့ ကိုယ်ရဲ့ အချစ်ဦးက ကိုယ်မဟုတ်တဲ့ အခြားသူတစ်ယောက်နဲ့ မင်္ဂလာဆောင်သွားမယ်ဆိုရင် အချစ်ဉီးရဲ့ မင်္ဂလာပွဲကို ဘယ်လိုအင်အားတွေနဲ့ တတ်ရောက်နိုင်မလဲ? အဲ့လိုမျိုး ဇာတ်လမ်းပုံစံလေးကို ကြည့်ချင်ရင်တော့ On Your Wedding Day ကို ကြည့်ရှုသင့်ပါတယ်။

 

ကိုရီးယားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်သူတိုင်း Read More

Reviews

, ,

No Comments

ဇာတ်လမ်းတွဲသစ် ရိုက်ကူးသွားဖို့ နီးစပ်နေတဲ့ မင်းသမီးချောလေး Park Han Byul

လွန်ခဲ့တဲ့နှစ်က ပြသသွားခဲ့တဲ့ Borg Mom ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားပြီးနောက်ပိုင်းကတည်းက အနုပညာလှုပ်ရှားမှုတွေနဲ့ ကင်းကွာသွားခဲ့တဲ့ ကိုရီးယားမင်းသမီးချောလေး Park Han Byul ကတော့ မကြာခင်မှာ ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုနဲ့ ပရိသတ်ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

 

အသက် ၃၃နှစ်အရွယ်ရှိ မင်းသမီးချောလေး Park Han Byul ဟာ Read More

ရှေ့ဆက်ဖို့ သေချာသွားပြီဖြစ်တဲ့ Partners For Justice

ဒီနှစ် ၂၀၁၈ ခုနှစ် ကုန်ဆုံးခါနီးလောက်အထိ ထွက်ရှိထားခဲ့သမျှ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ Partners For Justice လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲကတော့ အကောင်းဆုံးစာရင်းဝင်ခဲ့ရပါတယ်။ မှုခင်းအက်ရှင် ဇာတ်လမ်းမျိုးဖြစ်တဲ့ Partners For Justice ထဲမှာ Jung Jae Young နဲ့ Jung Yu Mi တို့က ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပြီးတော့ ဇူလိုင်လကမှ ဇာတ်သိမ်းသွားခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့် ဒီဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားချိန်မှာတော့ Read More

စတင်ပြသမယ့်ရက်ကို ထုတ်ပြန်လိုက်တဲ့ Lee Jong Suk ရဲ့ ဇာတ်လမ်းတွဲသစ် Death Song

While You Were Sleeping ဇာတ်လမ်းတွဲ ပြီးဆုံးသွားကတည်းက ကျွန်တော်တို့အားလုံး Lee Jong Suk ကို လွမ်းဆွတ်နေကြရတာ တော်တော်ကြာပါပြီ။ သူကလည်း ဒီဇာတ်လမ်းတွဲနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့တာ အခုဆိုရင် ၂၀၁၈ခုနှစ်တောင် ကုန်ဆုံးလုနီးပါး အထိပါပဲ။

 

ဒါပေမယ့် မကြာခင်မှာတော့ Lee Jong Suk ပရိသတ်တွေကို အလွမ်းပြေစေနိုင်တော့မယ့် သူရဲ့ ဇာတ်လမ်းတွဲသစ် Death Song ( Hymn of Death ) ကို SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားတော့မှာပါ။ ပြသသွားမယ့် နေ့ရက်ကတော့ Read More

ထူးထူးဆန်းဆန်းဇာတ်အိမ်လေးကြောင့် K-Drama ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေး…

ဒီတစ်ခါမှာတော့ ဇာတ်အိမ်ဆန်းဆန်းလေးကို ကြိုက်နှစ်သက်တဲ့ K-Drama ပရိသတ်လေးတွေ အကြိုက်တွေ့စေမယ့် နိုဝင်ဘာလထွက် K-Drama ဇာတ်ကားလေးတစ်ကားအကြောင်း ပြောပြပေးသွားပါမယ်။ ဒီကားလေးကတော့ တောင်ကိုရီးယားမှာ နိုဝင်ဘာလ ၅ ရက်နေ့ကမှ စတင်ထုတ်လွှင့်နေတဲ့ Mama Fairy and the Wood Cutter ပဲဖြစ်ပါတယ်။

 

Korean Webtoon တစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ခေါင်းစဉ်လေးကိုက အထူးအဆန်းလေးပါ…. နတ်သမီးလေးလည်း ပါပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Read More

သမီးငယ်က သူနဲ့မတူပါဘူးလို့ ငြင်းဆန်ခဲ့တဲ့ Yoo Jae Suk

တောင်ကိုရီးယားနိုင်ငံရဲ့ အတော်ဆုံး အထက်မြက်ဆုံးနဲ့ ပရိသတ်အချစ်ဆုံး အစီအစဉ်တင်ဆက်သူကို ပြောပါဆိုရင်တော့ Yoo Jae Suk ကို ရွေးချယ်ရမှာပါ။ သူရဲ့ ဟာသဉာဏ်ရွှင်မှုကြောင့် သူတင်ဆက်တဲ့ Show တိုင်းလိုလို အောင်မြင်မှုရရှိခဲ့သလို မန်ဘာဝင်များကပါ သူရဲ့ ဟာသပြက်လုံးတွေကို အရမ်းသဘောကျရပါတယ်။

 

ဒီလို အလုပ်မှာ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ Yoo Jae Suk ဟာ Read More

တရားဝင်ပိုစတာ ထွက်ရှိလာတဲ့ Clean With Passion For Now ဇာတ်လမ်းတွဲသစ်

နိုဝင်ဘာလထဲမှာ ပရိသတ်တွေ စောင့်ကြည့်သွားရမယ့် ကိုရီးယားဇာတ်လမ်းတွဲကောင်းလေးတစ်ခု ရှိနေပါတယ်ဗျ။ ဒါကတော့ Clean With Passion For Now ပါ။ မင်းသားချော Yoon Kyun Sang နဲ့ မင်းသမီးငယ်လေး Kim Yoo Jung တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ အခုဆိုရင် ဒီဇာတ်လမ်းတွဲရဲ့ တရားဝင်ပိုစတာဟာလည်း ထွက်ရှိလို့လာခဲ့ပါပြီ။ အရမ်းကို ချစ်စရာကောင်းတဲ့ ပိုစတာလေးပါပဲခင်ဗျာ။

 

ဒီပိုစတာလေးထဲမှာတော့ Read More