ဟောလိဝုဒ်ဇာတ်ကားတွေထဲက အူကြောင်ကြောင်အနိုင်ဆုံး CGI ပြင်ဆင်ချက် ၅ ခု

justice-league_superman

CGI ဖန်တီးချက်တွေကတော့ ဒီနောက်ပိုင်းထွက်တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းနီးပါးမှာလိုလို လှိုင်လှိုင်ကြီးကိုအသုံးပြုလာကြပါတယ်။ Superhero ဇာတ်ကားတွေရဲ့ Behind the Scenes တွေသွားကြည့်မယ်ဆိုရင် ဇာတ်ဝင်ခန်းတော်တော်များများကို Green Screen တွေရှေ့မှာပဲ Motion Capture သုံးပြီးရိုက်ထားကြတယ်ဆိုတာ တွေ့ရမှာပါ။ Transformers နဲ့ Pacific Rim တို့လို့ဇာတ်ကားတွေက စက်ရုပ်တွေ၊ အကောင်တွေကို CGI နဲ့ဖန်တီးတာက သိပ်မဆန်းလှပေမယ့် တစ်ချို့ဇာတ်ကားတွေရဲ့ post prodution မှာ CGI အသုံးပြုပြီး ပြင်ဆင်တည်းဖြတ်ခဲ့ရတဲ့အခန်းတွေဟာ တကယ့်ကိုအခွီတစ်လိုင်းပါပဲ။ Blockbuster ရုပ်ရှင်တွေထဲမှာ အင်မတန်မှ ကြီးကျယ်ခမ်းနားတဲ့ CGI ပြကွက်တွေရှိပေမယ့်လည်း ဒီဆောင်းပါးမှာ အူကြောင်ကြောင်နိုင်လှတဲ့ CGI ပြင်ဆင်ချက်တွေကိုပဲ စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 
Read More

Single ကိုကိုမမတို့အတွက် Valentine’s Day မှာကြည့်ဖို့ ရုပ်ရှင် ၁၀ ကား

ဖေဖော်ဝါရီ ၁၄ ဆိုတာဘာကြီးတုန်း.. မသိဖူး လာမမေးနဲ့” လို့ရောချတတ်တဲ့ မမတွေ ညီမလေးတွေ..

 

ကိုယ်တွေကတော့ ဘာဘာညာညာမရှိတော့ Valentine’s Day မှာ ပိုက်ဆံမကုန်ဖူးပေါ့” လို့ ရူးချင်ယောင်ဆောင်တဲ့ ကိုကိုတွေ ညီလေးတွေ..

 

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ဖေဖော်ဝါရီ ၁၄ မှာ လက်ချင်းချိတ်ပြီး အပြင်အတူထွက်ဖို့ အတွဲလေးမရှိဖူးဆိုရင် အိမ်ထဲမှာနေတာက စိတ်ချမ်းသာ လူကျန်းမာပြီး မျက်စိနောက်သက်သာတယ်ဆိုတာ ဝါရင့် FA တွေက လက်ဆင့်ကမ်းခဲ့တဲ့ အကြံပေးစကားလေးဖြစ်ပါတယ်။ အဲဒီတော့ အိမ်မှာနေရင်း ဘာလုပ်မလဲဆိုတဲ့မေးခွန်းလေးပေါ်လာပါတယ်။

 

အဲဒါလေးနဲ့ပတ်သက်ပြီး အရမ်းကြီးခေါင်းစားခံမနေပါနဲ့လို့.. MoviesFan ကနေပြီးတော့ ရောင်းရင်း FA တွေအတွက် Valentine’s Day မှာ အိမ်တွင်းအောင်းပြီး ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေး ၁၀ ခုကို ရွေးချယ်ပေးလိုက်ပါတယ်။ Happy FA Da… Happy Valentine’s Day ပါ !

 

 

27 Dresses (2008)

 

မင်္ဂလာဝတ်စုံလှလှလေး ဝတ်ခွင့်ရမယ့်အချိန်ကို အမျှော်လင့်ကြီး မျှော်လင့်နေပေမယ့် အခုချိန်ထိ ရေးရေးလေးတောင် အကောင်အထည်မပေါ်လာသေးလို့ စိတ်ညစ်နေပါသလား.. 27 Dresses ရဲ့မင်းသမီး Jane လောက်တော့ အဖြစ်မဆိုးသေးပါဘူး။ သူ့ခမျာ သူတို့သမီးအရံ ၂၇ ကြိမ်တိုင်အောင်လုပ်ဖူးပေမယ့် သူကိုယ်တိုင် စင်မြင့်ထက်မှာ လက်စွပ်လဲလှယ်ခွင့်မကြုံရသေးပါဘူး။ ဒါပေမယ့် ကံကြမ္မာကြီးက တစ်ချိန်ချိန်မှာတော့ သင့်ကိုမျက်နှာသာပေးမယ်ဆိုတာကို ဒီပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးက သက်သေပြသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ပြီး မင်္ဂလာဆောင်ဖို့ စိတ်ကူးယဉ်နေတဲ့ FA မမ တွေ ခွန်အားယူလို့ရပါတယ်.. အားမငယ်ကြပါနဲ့လို့.. 😉

 

 

My Sassy Girl (2001)

 

FA ကိုကိုတို့ရေ.. အော့ကြောလန်ရလောက်အောင် အမှန်အကန်ဆိုးတဲ့ကောင်မလေးတွေကလည်း သူ့ဟာနဲ့သူချစ်ဖို့ကောင်းကြပါတယ်။ သူတို့လေးတွေက ကိုယ့်ရဲ့ အသည်းတစ်ခြမ်းမဖြစ်လာဖူးလို့ မပြောနိုင်ပါဘူး။ အဲဒီတော့ ဆိုးတာကိုသည်းမခံနိုင်လို့ သင်္ကြန်မကျခင်ကတည်းက ရေကုန်မနေပါနဲ့လို့.. အချစ်ဆိုတာကို မထင်မှတ်ထားတဲ့နေရာမှာ မထင်မှတ်ထားတဲ့ပုံစံနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်ဆိုတာကို ဒီ classic romcom ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာကြည့်နိုင်ပါတယ်။

 

 

Frozen (2013)

 

ရည်းစားမရနိုင်လို့ စိတ်ညစ်နေတဲ့ Single မမတွေ.. ရှာတတ်ရင် အချစ်ဆိုတာကို ကိုယ့်အိမ်ထဲမှာကို တွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့ ညီမလေးတွေ၊ အစ်မကြီးတွေနဲ့ အချိန်လေးပေးပြီး နေထိုင်လိုက်ရင် သင့်ရင်ထဲက အားငယ်မှုတွေ ယူပစ်သလိုပျောက်သွားပါလိမ့်မယ်။ မယုံဘူးလား.. Frozen ထဲက Elsa ကတော့ သူညီမလေး Anna ကို ပုံအောချစ်ပြီး ပျော်ရွှင်နေလေရဲ့။ ဒီကားကြည့်ရင်း FA ဘဝရဲ့ ပူပင်သောကတွေကို သင့်ခေါင်းထဲကနေ Let It Go ပလိုက်ပါလို့..

 

 

Ted (2012)

 

ဒီတစ်ခုကတော့ ဘဒိုတွေအတွက်ပါ။ မေးခွန်းလေးတစ်ခုမေးချင်ပါတယ်.. စကားပြောတတ်တဲ့ Teddy Bear အရုပ်လေးနဲ့ အမှန်အကန်လန်းတဲ့ ကောင်မလေးတစ်ယောက်.. ဘယ်သူ့ကိုရွေးမလဲ။

 

ရည်းစားဆိုရင် Valentine လက်ဆောင်စီစဉ်ပေးရမယ်၊ လျှောက်လည်ဖို့ပိုက်ဆံက ကုန်ဦးမယ်၊ ဒီကြားထဲ Shopping Center တွေမှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေထဲပြေးဝင်သွားရင် ရင်တမမနဲ့ menu စာရွက်တွေလှန်ရဦးမယ်။ Teddy Bear ဆိုရင်အဝတ်အစားဖိုးလည်းမကုန်၊ အပြင်ထွက်စရာလည်းမလို၊ စားစရာသောက်စရာဖိုးလည်း ကုန်စရာမရှိ၊ ဖက်ထားရင်လည်း အမွေးပွပွလေးနဲ့မို့ရှယ်ကောင်း။

 

ဒီ Buddy Comedy ဇာတ်ကားလေးကို Valentine’s Day မှာ သင့်ရဲ့ Best Bro တွေနဲ့အတူကြည့်ရှုပြီး အပေါ်မှာမေးထားတာလေးကို အဖြေရှာကြည့်လိုက်ပါ.. အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်သွားပါလိမ့်မယ်။ ကဲ.. ဘဒိုတို့ အရွေးမမှားကြပါနဲ့နော်.. Bromance FTW ! 🤜 🤛

 

 

Horrible Bosses (2011)

 

FA တွေထုံးစံအတိုင်း Valentine’s Day ဆိုရင် အလိုအလျှောက် သောကတွေများရတဲ့အထဲ အလုပ်ကကိုယ့်ရဲ့အထက်လူကြီးက ပူညံပူညံနဲ့ပွားနေလို့ စိတ်ရှုပ်နေရပါသလား.. သင့်ရင်ထဲကအလုံးကြီးတွေကို Horrible Bosses ကြည့်ရင်း ဖြေဖျောက်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ ဒီဇာတ်ကားထဲက ပယ်ပယ်နယ်နယ် အဗျင်းခံနေရတဲ့ အလုပ်ရှင်တွေနေရာမှာ ကိုယ်ကြည့်မရတဲ့လူကြီးကို အစားထိုးကြည့်လိုက်ရင် သင့်ရဲ့သောကတွေ ခဏတာပြေပျောက်သွားမှာအမှန်ပါပဲ။ အပြင်မှာတော့ ဘာမှသွားမလုပ်နဲ့ပေါ့နော်.. နေရင်းထိုင်ရင်း အမှုပတ်နေမှာစိုးလို့ပါ။ 😆

 

 

Star Wars

 

ဟာ.. Valentine မှာ အချစ်အကြောင်းကိုမစဉ်းစားချင်တာပါကွာ ဆိုတဲ့ FA ကိုကိုညီညီတွေအတွက် Lightsaber တဝီတီ၊ လေဆာသေနတ် တပြူးပြူးနဲ့ Jedi တို့ကမ္ဘာထဲမှာ စီးမြောကြည့်လိုက်ဖို့ အကြံပေးပါရစေ။ Original Trilogy ၃ ကား၊ Prequel Trilogy ၃ ကား၊ Sequel Trilogy ၂ ကား၊ Spin-off ၁ ကား.. မနက်မိုးလင်းကတည်းက ထိုင်ကြည့်ရင်တောင် တစ်နေကုန်ကြည့်ဖို့အတွက် ကောင်းကောင်းကြီးလုံလောက်ပါတယ်။ ဟာ. အများကြီးပဲ.. ဘယ်ဟာကြည့်ရမလဲ နည်းနည်းရွေးပေးပါဆိုရင် Prequel ၃ ကားကလွဲပြီး ကျန်တာတွေကို ကြည့်ပါလို့ပြောချင်ပါတယ်။ ‘The Force’ အကြောင်းကိုလေ့လာချင်တဲ့ ရောင်းရင်းတွေကိုပါခေါ်ပြီး အတူတူကြည့်ရင် ပိုလို့တောင်ပျော်ဖို့ကောင်းပါလိမ့်မယ်။

 

 

500 Days of Summer (2009)

 

သင်ဟာ ကိုယ့်ချစ်သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားပြီး ဘယ်လိုမှ ပြန်ဆက်ဖို့လမ်းစမရှိတော့လို့ ကြေကွဲဝမ်းနည်းနေရပါသလား.. သူ/သူမ ကို ဘယ်လိုမှမေ့လို့မရဖြစ်နေပါသလား.. ဖေဖော်ဝါရီ ၁၄ ရောက်ရင် အရင်နှစ် Valentine နေ့တွေကို သူလေးနဲ့ဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်အောက်မေ့တမ်းတမိမှာ စိုးရိမ်နေပါသလား…

 

မိုးရွာပြီးရင် နေသာပါတယ်.. ပူလောင်တဲ့ နွေရာသီကုန်ဆုံးပြီးသွားရင် အေးမြတဲ့ဆောင်းရာသီက သင့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာပါ။ 500 Days of Summer ကိုကြည့်ပြီး Tom တစ်ယောက် ဒီအခြေအနေကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာကို နမူနာယူကြည့်လိုက်ပါလား.. သင်ခံစားနေရတာတွေကို ဖြေဖျောက်ဖို့ လမ်းစတွေ့ကောင်းတွေ့နိုင်မှာပါ။ 😉

 

 

Forgetting Sarah Marshall (2008)

 

ကိုယ့်ကိုထားခဲ့တဲ့ ex ကို မေ့ချင်ပါတယ်ဆိုမှ နေရာတကာမှာ ပြန်ပြန်တွေ့နေရတာကြီးက တကယ်ဖီးလ်ကြဲပါတယ်.. အဆိုးဆုံးကတော့ ကိုယ့် ex က နောက်တစ်ယောက်နဲ့ ပျော်ပါးနေတာပါ။ အဲတော့ကာ ဘယ်လိုလုပ်ရင် သူ့ကိုလုံးလုံးကြီးမေ့နိုင်မှာလဲ။ ဒီဇာတ်ကားထဲက Peter တစ်ယောက်ကတော့ သူ့ကိုထားသွားခဲ့တဲ့ ရုပ်ရှင်မင်းသမီး Sarah Marshall ကိုမေ့နိုင်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပြမှာဖြစ်ပါတယ်။ ဒီကားလေးက ချစ်သူများနေ့ကိုရင်မဆိုင်ချင်တဲ့ FA အမည်ခံ အသည်းကွဲ single တို့အတွက် ကွက်တိပဲဖြစ်မှာပါ။

 

 

How to Lose a Guy in 10 Days (2003)

 

သူမရဲ့ မဂ္ဂဇင်းတိုက်က တာဝန်ပေးလို့ ယောကျာ်းလေးတစ်ယောက်ကို ၁၀ ရက်အတွင်းဖြတ်နည်း ဆိုတဲ့ဆောင်းပါးကိုရေးရမယ့် Andie Anderson ၊ သူ့ရဲ့အလုပ်ရှင်နဲ့ အလောင်းအစားလုပ်ရာကနေ မိန်းကလေးတစ်ယောက်ကို ၁၀ ရက်အတွင်းရအောင်လိုက်ပြရမယ့် Benjamin Barry.. ရည်ရွယ်ချက်ကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက် ချဉ်းကပ်ကြရာကနေ ဘာတွေဖြစ်ကုန်မလဲ…

 

ခေါင်းစဉ်ကိုသာကြည့်လိုက်ပါ.. ယူတတ်ရင် ပညာအများကြီးရမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ် 😝

 

 

The 40-Year-Old Virgin (2005)

 

Well… ခေါင်းစဉ်မှာပြောထားတဲ့အတိုင်းပါပဲ။ Andy Stitzer ဟာ အသက် ၄၀ အရွယ် လူပျိုကြီးတစ်ယောက်ပါ။ သူအသက် ၄၀ အရွယ်အထိ ဘာဆိုဘာမှ မဘာရသေးတာကို သူ့သူငယ်ချင်းတွေကသိသွားတော့ သူ့ကိုနည်းမျိုးစုံနဲ့ အစွံထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ပြောချင်တာကတော့ ကိုကြီးတို့ အားမငယ်ကြပါနဲ့လို့.. ဘော်ဒါတွေကောင်းရင် ဖြစ်နိုင်ပါသေးတယ်။ 😝

 

 

ကဲ.. ချစ်သူများနေ့ကို အတွဲမရှိပဲဖြတ်ကျော်ဖို့အတွက် လက်နက်တွေညွှန်းပေးလိုက်ပါပြီ။ ဒါတွေကိုအသုံးချပြီး ပျော်ရွှင်ဖွယ် ဖေဖော်ဝါရီ ၁၄ လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Reviews

No Comments

၂၀၁၈ မှာထွက်ရှိမယ့် စောင့်ကြည့်သင့်တဲ့ Horror ကား ၁၀ ကား

ကဲ.. ညကြီးသန်းခေါင် သရဲကားတွေ၊ Horror ကားတွေကြည့်ရမှ စားဝင်အိပ်ပျော်ပါတယ်ဆိုတဲ့ ကိုကိုမမတွေအတွက် ၂၀၁၈ အတွင်းမှာစောင့်ကြည့်သင့်တယ်လိုထင်ရတဲ့ Horror ဇာတ်ကား ၁၀ ကားကိုရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီ list ထဲမှာပါဝင်တဲ့ဇာတ်ကားတွေထဲမှာ အချို့ဇာတ်ကားတွေကလွဲပြီး အများစုကမထွက်ရှိသေးပါဘူး။ ဒါကြောင့် calendar မှာမှတ်ထားလို့ရအောင် ထွက်ရှိမယ့်ရက်တွေကိုပါ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုကြည့်ပြီး ဘယ်ဇာတ်ကားရုံတင်ရင် Horror ကားမကြိုက်တဲ့သူငယ်ချင်းတွေကို ဘယ်လိုညာခေါ်သွားမယ်ဆိုတာ ကြိုစဉ်းစားထားလိုက်ကြရအောင်လား.. 😉 😏 😆

 

Insidious: The Last Key

Release Date: ဇန်နဝါရီ ၅

Synopsis: ဒီဇာတ်ကားဟာ Horror ဇာတ်ကားပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Insidious ဇာတ်လမ်းတွဲထဲက စတုတ္ထမြောက်ဇာတ်ကားဖြစ်ပြီး story chronology အရဆိုရင် ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာ ဒေါက်တာ Elise Rainer တစ်ယောက် သူမရဲ့မိသားစုအိမ်မှာ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ မကောင်းဆိုးဝါးတွေနဲ့ တွေ့ဆုံရပုံကို ထိတ်လန့်ဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

 

Mom and Dad

Release Date: ဇန်နဝါရီ ၁၉

Synopsis: မင်းသားကြီး Nicolas Cage ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ positive review တွေရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မိဘတွေဟာ ဇစ်မြစ်မသိတဲ့အကြောင်းရင်းတစ်ခုကြောင့် စိတ်ရိုင်းတွေဝင်ပြီး မိမိတို့ရဲ့ရင်သွေးတွေကို လိုက်လံသတ်ဖြတ်ဖို့ကြိုးစားကြမှာဖြစ်ပါတယ်။

 

Winchester

Release Date: ဖေဖော်ဝါရီ ၂

Synopsis: San Francisco ရဲ့အပြင်ဖက် မိုင် ၅၀ အကွာမှာ တစ်ရက်ကို ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက်နှုန်းနဲ့ နှစ်ပေါင်းများစွာကြာအောင်ဆောက်နေတဲ့ စံအိမ်ကြီးတစ်ခုရှိပါတယ်။ အဲဒီစံအိမ်ကြီးကို Sarah Winchester ကပိုင်ဆိုင်တာဖြစ်ပြီး အထပ်ပေါင်း ၇ ထပ်ရှိကာ အခန်းပေါင်းရာနဲ့ချီပြီးပါဝင်ပါတယ်။ အပြင်ကလူတွေကတော့ ဒီအဖွားကြီးတစ်ယောက်ရူးပြီးလုပ်ချင်ရာလုပ်တယ်လို့မြင်ကြပါတယ်။ တကယ်တမ်းမှာကျတော့ သူ့ခင်ပွန်းရဲ့ကုမ္ပဏီကထုတ်လုပ်တဲ့သေနတ်တွေနဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားသူတွေရဲ့ ဝိဉာဏ်တွေကိုပိတ်လှောင်ထားဖို့ အကျဉ်းထောင်တစ်ခုတည်ဆောက်နေတာဖြစ်ပါတယ်။

 

Annihilation

Release Date: ဖေဖော်ဝါရီ ၂၃

Synopsis: အမျိုးအမည်အသိတဲ့နေရာတစ်ခုကို စူးစမ်းလေ့လာဖို့အတွက် လူတွေလွှတ်ရာမှာ Lena ရဲ့ခင်ပွန်းဖြစ်သူ Oscar Isaac တစ်ယောက်တည်းသာ ဒဏ်ရာအပြည့်နဲ့ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီတော့ သူ့ခင်ပွန်းအဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ Lena ဟာ နောက်ထပ်စူးစမ်းလေ့လာရေးအဖွဲ့နဲ့အတူ အဲဒီနေရာကိုလိုက်ပါလာခဲ့ပါတယ်။

 

The Strangers: Prey at Night

Release Date: မတ် ၉

Synopsis: ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Strangers ရဲ့ sequel ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု အမျိုးတွေရှိတဲ့နေရာတစ်ခုမှာ ခရီးတစ်ထောက်နားမိရာကနေ မျက်နှာဖုံးစွပ်ထားတဲ့ psychopath ၃ ယောက်တို့ရဲ့ရန်ကို ရင်ဆိုင်ကြရပါတော့တယ်။

 

A Quiet Place

Release Date: ဧပြီ ၆

Synopsis: မိသားစုတစ်စုက လူတွေနဲ့ဝေးရာနေရာတစ်ခုမှာ သီးသီးသန့်သန့်နေထိုင်နေကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အသံထွက်ရာနောက်ကိုလိုက်လံတိုက်ခိုက်တတ်တဲ့ အမျိုးအမည်မသိအရာတစ်ခုကြောင့်ဖြစ်ပါတယ်။

သူတို့မိသားစု နေ့စဉ်ဘဝကို အသံမထွက်ပဲဘယ်လိုဖြတ်သန်းကြမလဲ၊ မတော်တဆထွက်သွားတဲ့အသံကြောင့် ဘေးအန္တရာယ်တွေဘယ်လိုကြုံကြရမလဲဆိုတာကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ဆန်းပြားတဲ့ဇာတ်အိမ်ကြောင့် ဒီတစ်ခုကိုတော့ အများကြီးမျှော်လင့်မိပါတယ်။

 

Truth or Dare

Release Date: ဧပြီ ၁၃

Synopsis: ကျောင်းသားတစ်စု သဘာဝလွန် Truth or Dare ကစားနည်းကိုကစားမိပြီး အသက်ဘေးရန်နဲ့ရင်ဆိုင်ရတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီကစားနည်းမှာ Truth မပြောရင်ဖြစ်စေ၊ Dare ကိုငြင်းခဲ့ရင်ပဲဖြစ်စေ အဲဒီလိုလုပ်တဲ့သူက အသေဆိုးနဲ့သေဆုံးရမှာဖြစ်ပါတယ်။ အဲဒီကျောင်းသားတစ်စုအနေနဲ့ ကျိန်စာကိုပြေပျောက်စေမယ့်နည်းလမ်းကို အသက်လုပြီးရှာဖွေကြရမှာဖြစ်ပါတယ်။

 

The Purge: The Island

Release Date: ဇူလိုင် ၄

Synopsis: ဒီဇာတ်ကားဟာ ပထမဆုံး The Purge ဇာတ်ကားမတိုင်မီက အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ prequel ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပထမဆုံး Purge event ဖြစ်ပေါ်လာစေတဲ့အကြောင်းအရာတွေကို ရိုက်ကူးဖော်ပြထားမှာဖြစ်ပါတယ်။ The Purge ဇာတ်လမ်းတွဲကိုနှစ်သက်သူတွေကို အထူးတလည်ညွှန်းစရာမလိုလောက်ပါဘူး။

 

The Nun

Release Date: ဇူလိုင် ၁၃

Synopsis: Conjuring ကမ္ဘာကြီးထဲမှာဇာတ်အိမ်တည်ထားပြီး Conjuring series ထဲက ပဉ္စမမြောက်ဇာတ်ကားဖြစ်ကာ ၁၉၅၂ အချိန်ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ ရိုမေးနီးယားနိုင်ငံက Cârța Monastery မှာ Nun တစ်ယောက် သေကြောင်းကြံစည်တဲ့အမှုကိုစုံစမ်းစစ်ဆေးဖို့အတွက် ဗာတီကန်က Priest တစ်ယောက်၊ Nun တစ်ယောက်နဲ့ Novitiate တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ အဲဒီမှာ သူတို့တွေဟာ Nun အသွင်ယူထားတဲ့ Valak လို့အမည်ရတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။

 

The Predator

Release Date: သြဂုတ် ၃

Synopsis: ၁၉၈၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမဆုံး Predator ဇာတ်ကားရဲ့ sequel ဖြစ်ပါတယ်။ Project စတင်တုန်းက reboot အဖြစ်စီစဉ်ထားခဲ့ပြီး နောက်မှ sequel အသွင်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားတစ်သိုက် တောအုပ်ထဲမှာ လမ်းပျောက်နေရာကနေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးသွားကြပါတယ်။ နောက်မှ အရိုးပြိုင်းပြိုင်းနဲ့ အလောင်းတွေကို ပြန်လည်ရှာတွေ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေတွေက မူမမှန်ဖူးဆိုတာကိုရိပ်မိလာချိန်မှာတော့ သူတို့အားလုံး ဒုက္ခအကြီးကြီးရောက်နေပြီဖြစ်ပါတယ်။

 

Slenderman

Release Date: သြဂုတ် ၂၄

Synopsis: အင်တာနက် meme ကနေပေါက်ဖွားလာတဲ့ Slenderman က နောက်ဆုံးတော့ သူကိုယ်ပိုင်ရုပ်ရှင်တောင်ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Slenderman ရှိကြောင်းကိုမယုံကြည်တဲ့ ကောင်မလေး ၄ ယောက်က အဲဒါမရှိဘူးဆိုတာကိုသက်သေပြတဲ့အနေနဲ့ ritual တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် များမကြာမီမှာ သူတို့ထဲကတစ်ယောက်က ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး Slenderman ရှိကြောင်းကို တဖြည်းဖြည်းနဲ့ယုံကြည်လာကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အရာရာတိုင်းကနောက်ကျသွားခဲ့ပါပြီ.. Slenderman က သူတို့တစ်ယောက်ချင်းစီနောက်ကို ထပ်ချပ်မခွာလိုက်လာနေပြီဖြစ်ပါတယ်။

 

The New Mutants

Release Date: ၂၀၁၉ ဖေဖော်ဝါရီ ၂၂

Synopsis: နဂိုက ၂၀၁၈ ဧပြီ ၁၃ မှာပြဖို့လျာထားခဲ့တဲ့ New Mutants ဟာ ကံဆိုးစွာပဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ၂၀၁၉ အထိအနောက်ဆုတ်ခြင်းခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများအရမ်းမျှော်လင့်နေကြတဲ့ဇာတ်ကားတစ်ခုဖြစ်လို့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ Superhero ဇာတ်လမ်းအမျိုးအစားထဲက ရှားရှားပါးပါး Horror ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ X-Men ရဲ့ mutant တွေရဲ့ universe မှာဇာတ်အိမ်တည်ထားပြီး X-Men series ထဲက ၁၃ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ mutant ၅ ယောက်ဟာ လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းချုပ်ခြင်းခံထားရပြီး အဲဒီနေရာကနေလွတ်မြောက်အောင် ကြိုးစားကြတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။

Movie News

No Comments

ခရစ်စမတ်ပိတ်ရက်မှာ မဖြစ်မနေကြည့်သင့်တဲ့ Movies ၅ခု

ကဲ ခရစ်စမတ်ကျောင်းပိတ်ရက် ရုံးပိတ်ရက်တွေစတော့မယ်ဆိုတော့ အားလုံးပျော်နေကြမှာပေါ့နော်။ ပိတ်ရက်မို့လို့ ခရီးသွားတဲ့သူတွေရှိသလို အိမ်မှာပဲ အေးဆေးနှပ်ကြမယ့် ဘော်ဒါတွေလဲ ရှိကြတယ်မလား? ဒီတစ်ခါတော့ ဘယ်မှမသွားပဲ ပိတ်ရက်မှာ အေးအေးဆေးဆေးနားကြမယ့် သူတွေအတွက် ခရစ်စမတ်ရာသီနဲ့လဲကိုက်ပြီး ကြည့်ဖို့သင့်တော်တဲ့ Christmas holidays Movies လေးငါးခုကို ပြောပြချင်ပါတယ်နော်။

ဇာတ်ကားတွေက တစ်ခုမှ အသစ်တော့မဟုတ်ပေမယ့် ကိုယ်မကြည့်ရသေးတဲ့ကားပါရင်တော့ ကိုယ့်အတွက် အသစ်ပဲလေနော့။ ကြည့်ဖူးပြီးသားတွေပါတယ်ဆိုရင်လဲ ပြန်ကြည့်ပြီး အရင်တုန်းက အမှတ်တရလေးတွေကို ပြန်တမ်းတလိုက်ကြရအောင်နော်။

တစ်ခုပြောစရာရှိတာကတော့ အားလုံးသိပြီးသား ကြည့်ပြီးသားဖြစ်နေမယ့် Home alone ကို ထိပ်ဆုံးမှာထည့်ထားမိတာကိုခွင့်လွှတ်ကြပါလို့။ ကိုယ်တွေဆို Home alone ကို ငယ်ကတည်းကနေ ခုအရွယ်ထိ ဒီဇင်ဘာရောက်တိုင်း ပြန်ပြန်ကြည့်နေမိတဲ့အပြင် ပြန်ကြည့်မိတိုင်းလည်း ပထမဆုံးစကြည့်ခဲ့ရတဲ့ feeling လေးကို သတိရအောက်မေ့မိလို့ပါ။ ကိုယ်တွေငယ်ငယ်တုန်းက အိမ်တိုင်းမှာ TV ဆိုတာကြီးမရှိပဲ အောက်စက်ဆိုတာပိုင်နိုင်သူခပ်ရှားရှားကိုး။ ဦးလေးအိမ်မှာ လူတွေစုပြီး TV ကြီးရှေ့မှာ နေရာလုထိုင်ပြီး ကြည့်ခဲ့ရတဲ့ အပျော်တွေဆိုတာ ခုထိကို မမေ့နိုင်စရာဖြစ်နေခဲ့တာပါ။ အဲ့ feeling လေးသိတဲ့သူတွေ ရှိတ်သွားကြပါဦး။ 

1 – Home Alone (1990)

 

2 – The Muppet Christmas Carol (1992)

 

3 – Dr. Seuss’ How the Grinch Stole Christmas (2000)

 

4 – Elf (2003)

 

5 – Arthur Christmas (2011)

 

ကဲ မကြည့်ရသေးတဲ့ကားတွေပါရင် ပိတ်ရက်မှာ အေးဆေးကြည့်လိုက်ကြပါဦးနော်။ ကြည့်ပြီးသားကားတွေဆိုရင်လဲ ငယ်ဘဝလေးတွေကိုပြန်အမှတ်ရစေမှာ အမှန်ပဲမို့ ထပ်ကြည့်လိုက်ပါဦးလို့ ……..

အားလုံးပဲ ပျော်ရွှင်တဲ့  ခရစ်စမတ်ဖြစ်ကြပါစေနော်…….