စတင်ရိုက်ကူးနေပြီဖြစ်တဲ့ Mulan ရုပ်ရှင်ဇာတ်ကား

ရုပ်ရှင်ချစ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေရတာ အချိန်တစ်ခုအထိ ကြာမြင့်လို့နေပြီဖြစ်တဲ့ Live-Action ဇာတ်ကား Mulan ကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း ဇာတ်ကားကို Produce လုပ်နေတဲ့ Disney ကနေ သူတို့ရဲ့ တရားဝင် Twitter စာမျက်နှာပေါ်ကနေတစ်ဆင့် အသိပေးကြေညာသွားခဲ့ပါတယ်။

 

Mulan ဇာတ်ကားကတော့ ၁၉၉၈ခုနှစ်က ထွက်ရှိလာခဲ့တဲ့ Mulan ကာတွန်းဇာတ်ကားကို Live-Action အဖြစ် ပြန်လည်အသက်သွင်းသွားမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရဲစွမ်းသတ္တိ အပြည့်ရှိတဲ့ Read More

Christopher Robin (သို့မဟုတ်) ငယ်ဘဝရဲ့ အချစ်တော်

Christopher Robin ဆိုတာနဲ့ မင်မင်တို့ငယ်ငယ်ကစွဲစွဲလမ်းလမ်းကြည့်ခဲ့၊ ကြိုက်ခဲ့ဖူးတဲ့ Winnie the Pooh ဇာတ်ကားတွေထဲက Pooh ရဲ့အချစ်တော် ကောင်လေးကိုသွားသတိရကြမှာပါ။ အရင်က ကာတွန်းကားထဲမှာပဲမြင်ဖူးတဲ့ ကောင်လေးငယ်ငယ်လေးကို အခု Live action ထဲမှာ လူကြီးအနေနဲ့ မြင်ရတော့မှာပါ။ ဒီဇာတ်ကားလေးကိုတော့ Christopher Robin လို့ပဲနာမည်ပေးထားပြီး သြဂုတ်လ ၃ ရက်မှာ တစ်ကမ္ဘာလုံးကိုဖြန့်ချိမယ်လို့သိရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pooh ကားတွေထဲက Read More

Amazon ဝဘ်ဆိုက်နဲ့ပူးပေါင်းကာ ရုပ်ရှင်အကြိုပွဲစဉ်များပြသသွားမည့်  Hotel Transylvania 3: Summer Vacation

အွန်လိုင်းရှော့ပင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ အမေဇွန်ဟာ သူ့ရဲ့ Prime Member များကို Sony ရဲ့ animation ရုပ်ရှင်တစ်ခုဖြစ်တဲ့ Hotel Transylvania 3 ရုပ်ရှင် အကြိုပွဲစဉ်လက်မှတ်များရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒါဟာ Hotel Transylvania 3 ရဲ့ ပုံမှန်ရုံတင်ချိန်ထက် နှစ်ပတ်ထက်စောကာ ပြသသွားမယ့်ပွဲစဉ်ဖြစ်ပြီး အမေရိကန်နိုင်ငံနဲ့အဝှမ်းက ရုံပေါင်း တစ်ထောင်မှာ ပြသပေးမှာဖြစ်ပါတယ်။ ပြသပေးမယ့် ရက်စွဲကတော့ ဇွန်လ ၃၀ရက် ဒေသစံတော်ချိန် ညနေသုံးနာရီပွဲစဉ်တွေမှာ ပြသပေးမှာဖြစ်ပါတယ်။ အမေဇွန်ရဲ့ Prime Member တစ်ဦးကို Read More

Trailer အသစ်ထပ်ထွက်လာတဲ့ The Grinch

2000 ပြည့်နှစ်လောက်က မင်းသားကြီး Jim Carrey သရုပ်ဆောင်ခဲ့တဲ့ How the Grinch stole Christmas ဆိုတဲ့ ဟာသရုပ်ရှင်ကိုအတော်များများသိကြမှာပါ။ ဒီဇာတ်ကားကို ပြန်အသက်သွင်းထားတဲ့ The Grinch ဆိုတဲ့ Animation ဇာတ်ကားကိုတော့ နိုဝင်ဘာလမှာ ရုံတင်တော့မှာဖြစ်ပါတယ်။ အစိမ်းရောင်သတ္တဝါကြီး The Grinch ဟာ နှစ်တွေသာပြောင်းသွားပေမယ့် Christmas ကို မုန်းတုန်းပါပဲ။ ဒါကြောင့် ထုံးစံအတိုင်း သူနဲ့သူ့ခွေးလေး Max တို့နှစ်ယောက်ပေါင်းပြီး Christmas ကို ဖျက်ဆီးဖို့ ကြိုးစားနေတုန်း Santa Claus ကို ကျေးဇူးတင်စကားပြောဖို့ လိုက်ရှာနေတဲ့ Cindy Lou ဆိုတဲ့ ကလေးမလေးနဲ့တွေ့တဲ့အခါ သူတို့အကြံတွေ Read More

လူသားသရုပ်ဆောင်များနဲ့ (Live Version)  မြင်တွေ့ရမယ့် Disney ရဲ့ နာမည်ကျော်ဇာတ်ကားများ

သင်ဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာဒေသမှာ မွေးဖွားသည်ဖြစ်စေ ဒစ်စနေရဲ့ ကာတွန်းကားတွေနဲ့ သင့်ကလေးဘဝကို ဖြတ်သန်းခဲ့ရမယ်ဆိုတာ သေချာပါတယ်။ ၈၀,၉၀,၂ဝဝဝ မှာမွေးဖွားသူတွေ (80,90,2000’s Kids) အတွက်ကံကောင်းတာက ကြီးပြင်းလာချိန်မှာ ဒစ်စနေးဟာ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တွေကို လူသားသရုပ်ဆောင်တွေနဲ့ပြန်လည်ရိုက်ကူးတဲ့ (Live Version) ကိုကြည့်ရှူခံစားခွင့်ရတာပါ။

လွန်ခဲ့တဲ့နှစ်တွေမှာSnow White, Cindrella, Maleficent, Beauty and the Beast အစရှိတဲ့ Read More

OASIS အတွင်းမှာ ဝှက်ထားသောဘဏ္ဍာတွေကို ရှာဖွေမယ့် Ready Player One

READY PLAYER ONE

March လထဲရုံတင်ပြသတော့မယ့် Hollywood ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ Ready Player One ကို live-action/animation ပေါင်းစပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ထုတ်လုပ်သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်တဲ့ Steven Spielberg က Ernest Cline ရဲ့ 2011 science fiction novel story ကိုအခြေခံပြီး အဓိကဇာတ်ကောင် ၆ယောက်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အသေးစိတ်ကတော့ အနီးစပ်ဆုံးအနာဂတ်ရဲ့ ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ လူဦးရေများပြားခြင်းအပေါ် ဆက်နွယ်ခြင်းရဲ့ virtual space ကို OASIS လို့ခေါ်ပါတယ်။ OASIS ရဲ့ founder သေဆုံးသွားတဲ့အချိန်မှာတော့ နောက်ထပ် OASIS အမွေဆက်ခံမယ့်သူဟာ game ကစားရင်း၊ ပဟေဠိတွေ အဖြေရှာရင်း OASIS အတွင်းမှာ ဝှက်ထားသောဘဏ္ဍာတွေကို တွေအောင်ရှာနိုင်တဲ့ First person က  အမွေဆက်ခံခွင့်ရတဲ့သူဖြစ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဇာတ်ကားဟာ စွန့်စားခန်းတွေပါဝင်သလို ပဟေဠိဆန်ဆန်ကစားနည်းတွေလည်း ပါဝင်မှာဖြစ်လို့ 2018 ရဲ့ မကြည့်မဖြစ်ဇာတ်ကားစာရင်းထဲမှာ ပါဝင်လာမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ 2045 မှာ လူဉီးရေထူထပ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညစ်စေခြင်း၊ အကျင့်ပျက်ခြစားခြင်းနဲ့ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဆင်းရဲသားရပ်ကွက်ကဲ့သို့သောမြို့ကြီးအများပြားဖြစ်ပေါ်လာပြီး Earth’s population centers အများကြီးရှိလာနိုင်တယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။