Spider Man: Far From Home ရဲ့နောက်ဆုံးရအချက်အလက်များ

Avengers ချစ်သူတွေအတွက် Avengers 4 ရုပ်ရှင်ပြီးတဲ့နောက်ပရိသတ်တွေရှေ့မှောက်ကိုထပ်မံရောက်ရှိလာမယ့် ရုပ်ရှင်က Spider Man: Far from Home ဆိုတဲ့ ရုပ်ရှင်ဘဲ ဖြစ်ပါတယ်။ ဟိုတလောက Spidey လေး Tom Holland တယောက် မတော်တဆလိုလိုနဲ့ ပရိသတ်ကိုချပြခဲ့တာကစလို့ Spider Man ရုပ်ရှင်အသစ်ရဲ့နာမည် Far From Home ဖြစ်တယ်ဆိုတာကို ပရိသတ်ကြီးသိခဲ့ပြီးပြီပေါ့နော်။ အခုထပ်မံရရှိတဲ့ သတင်းအချက်အလက်တွေကိုစုစည်းပြီး Spider Man: Far From Home ရုပ်ရှင်ကားသစ်အကြောင်းကို ပြောပြရမယ်ဆိုရင်တော့….

 

၂၀၁၇ကထွက်ရှိခဲ့တဲ့ Read More

Guardian of the Galaxy မှာ James ရဲ့ ဇာတ်ညွှန်းကိုမသုံးရင် မပါဝင်တော့ကြောင်း ပြောလာတဲ့ Dave Bautista

Guardian of the Galaxy ဇာတ်ကားတွေထဲမှာ Drax- the destroyer အနေနဲ့သရုပ်ဆောင်တဲ့ မင်းသား Dave Bautista ဟာ နောက်ထွက်မယ့် Guardian of the Galaxy မှာ ထုတ်ပယ်ခံလိုက်ရတဲ့ ဒါရိုက်တာ James Gunn ရဲ့ ဇာတ်ညွှန်းကိုမသုံးဘူးဆိုရင် သူလည်းပါဝင်စရာအကြောင်းမရှိနိုင်တော့ဘူးလို့ August လ ၅ ရက်နေ့မှာ Short List ကိုပြောကြားခဲ့ပါတယ်။

Grammy ဆုလျာထားစာရင်းဝင် ၅၂ နှစ်အရွယ် ဒါရိုက်တာ James Gunn ဟာ Guardian of the Galaxy ဇာတ်ကားတွေရဲ့ အဓိကဒါရိုက်တာဖြစ်ခဲ့ပြီး မကြာသေးခင်မှာပဲ Read More

Home Alone ရုပ်ရှင်ကို Stoned Alone ဆိုပြီးပြန်လည်ရိုက်ကူးသွားမယ့် Ryan Reynolds

20th Century Fox ကုမ္ပဏီနဲ့ Deadpool မင်းသားချော Ryan Reynolds ပိုင်ရုပ်ရှင်ကုမ္ပဏီဖြစ်တဲ့ Maximum Effort production company တို့ပူးပေါင်းကာ “Stoned Alone” ဆိုတဲ့ကားကို ရိုက်ကူးထုတ်လုပ်သွားဖို့ရှိပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာ Ryan Reynolds ပါဝင်သရုပ်ဆောင်ဖို့အတွက် အတည်မပြုရသေးပေမယ့် သူပါဝင်သရုပ်ဆောင်မယ့်အလားအလာတွေလည်းရှိနေပါတယ်။

 

ကနဦးလျာထားတဲ့ ဇာတ်လမ်းအကျဉ်းကတော့ …..အမျိုးသားတစ်ဦးဟာ ဟောလီးဒေးမှာ အပန်းဖြေခရီးထွက်ဖို့ လေယာဉ်မမီလိုက်ရာက အိမ်မှာနေရင်းတစ်ယောက်ထဲ Weed သုံးကာ High နေပါတယ်။ သူတစ်ယောက်ထဲ သာယာနေစဉ်မှာပဲ သူ့ရဲ့အိမ်ကိုသူခိုးတွေဝင်ခိုးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ High နေသူတစ်ယောက် Read More

ရုံတင်ရက်နီးကပ်လာတဲ့ VENOM 

ဒီ VENOM ရုပ်ရှင်အတွက်ကိုတော့ လွန်ခဲ့တဲ့ ၆လလောက်ကတည်းက teaser trailer လေးနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ ရုံတင်ရက်ဟာ တဖြေးဖြေးချင်းနီးကပ်လို့လာပါပြီ။ ပရိသတ်တော်တော်များများလည်း Official trailer ထွက်လာတာကို ကြည့်ပြီးကြမယ်လို့ မျှော်လင့်ပါတယ်။

 

VENOM ဆိုတော့ superhero ပရိသတ်တွေနဲ့ Marvel ရဲ့ Spiderman fan အုပ်စုကြီးကိုဘဲ ပြေးမြင်မိလိုက်ပါတယ်။ VENOM ကိုတော့ အရင် ထွက်ရှိခဲ့တဲ့ spider man မင်းသားဟောင်းရဲ့ Read More

Marvel ရဲ့ Superhero တစ်ယောက်ဖြစ်ဖို့ နီးစပ်ဖူးခဲ့တယ်ဆိုတဲ့ Jason Momoa

ဒီနှစ်ကုန်ပိုင်းလောက်မှာ စတင်ပြသသွားတော့မယ့် DC ရဲ့ Superhero ရုပ်ရှင်ဇာတ်ကား Aquaman ထဲမှာ Aquaman အဖြစ် ပီပြင်စွာ ပါဝင်သရုပ်ဆောင်ထားတဲ့ Hollywood မင်းသား Jason Momoa က DC ရဲ့ မဟာပြိုင်ဘက် Marvel Cinematic Universe ( MCU ) နဲ့ အလုပ်တွဲလုပ်ဖို့ နီးစပ်ခဲ့တဲ့ အခြေအနေတစ်ခုကို ရောက်ရှိဖူးခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုလို့သွားခဲ့ပါတယ်။

 

နာမည်ကျော် Games of Throne ဇာတ်လမ်းတွဲထဲမှာ Khal အဖြစ် Read More

Outstanding Achievement Award ရရှိခဲ့တဲ့ Benedict Cumberbatch

South Bank Sky Awards ဆုပေးပွဲကိုတော့ ဇူလိုင်လ ၁ ရက်နေ့ London မှာကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အနုပညာနယ်ပယ်အသီးသီးက ထူးချွန်သူတွေကို ဂုဏ်ပြုဆုတွေချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခံရတဲ့အထဲမှာ Rapper ဖြစ်တဲ့ Stormzy, Paddington ဇာတ်ကား နဲ့ Dr. Strange မင်းသား Benedict Cumberbatch တို့လည်းပါဝင်ခဲ့ပါတယ်။ Benedict ဟာ ဒီပွဲမှာတော့ ရုပ်ရှင်ဇာတ်ဆောင်ဆုရခဲ့တာမဟုတ်ပဲ Outstanding Achievement ဆုကိုရရှိခဲ့တာပါ။ ဆုချီးမြှင့်ပေးတဲ့သူကလည်း အခြားသူမဟုတ်ပဲ Benedict ရဲ့သူငယ်ချင်း Tom Hiddleston (Loki) ကပေးခဲ့တာဖြစ်ပါတယ်။ ဆုရရှိခဲ့တာနဲ့ပတ်သတ်ပြီး Tom က

“ He can do anything; he has done almost everything. He’s a great actor, a great man and I’m glad to call him my friend ”

” သူက အရာအားလုံးကိုစွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ပါ။ Read More

ရုံတင်တော့မယ့် ‘Ant-Man and The Wasp’

အခုလာမယ့် အပတ်ကတော့ Superhero fan တွေစောင့်မျှော်နေတဲ့ နေ့ရက်အသစ်လေးဖြစ်ပါတယ်။ အဓိက Marvel fan တွေရဲ့ နေ့ဆိုလည်း မမှားဘူးပေါ့။ Avengers-Infinity War ပြီးဆုံးသွားချိန်မှာတော့ Marvel fan တွေ အားလုံးဟာ ၂၀၁၉ မှာပြသမယ့် Avengers 4 ကိုစောင့်မျှော်နေကြပြီး infinity War နဲ့ Avengers 4 ကို တိုက်ရိုက်ချိတ်ဆက်ပေးမယ့် Ant Man ဇာတ်လမ်းကိုလည်း စောင့်မျှော်နေကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ Avengers-Infinity War ပြီးသွားတာ ၃လ နီးပါးကြာသွားချိန်မှာတော့ Marvel Studio ကနေ Ant Man and the Wasp ဆိုတဲ့ ဇာတ်ကားကြီးကို ပရိသတ်လက်ထဲ အရောက်ပို့လိုက်ပါပြီ။

 

နောက်ထပ် ကျေနပ်စရာကောင်းတာတစ်ခုက မြန်မာနိုင်ငံမှာလည်း Marvel ရဲ့ official released date Read More

Chris Pratt ဟာ အချစ်သစ်နဲ့ တွေ့နေခဲ့ပြန်ပြီလား…?

ဇနီးဟောင်းဖြစ်တဲ့ ဟောလီးဝုဒ်က သရုပ်ဆောင်မင်းသမီး Anna Faris နဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလတုန်းကမှ ကွာရှင်းပြတ်စဲထားခဲ့တဲ့ မင်းသား Chris Pratt ဟာ အခုတော့ အချစ်သစ်နဲ့ တွေ့နေခဲ့လေပြီလား…။ အဲဒီမေးခွန်းဟာ အွန်လိုင်းပေါ်က မီဒီယာ စာမျက်နှာတွေထက်မှာ အခုတလော ရေပန်းစားနေခဲ့ပါတယ်။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အဖေများနေ့တုန်းက Chris Pratt ကို မိန်းကလေး တစ်ယောက်နဲ့ အတူတွဲပြီး တွေ့ခဲ့ကြရတာကြောင့်ပါပဲ။ သူတို့နှစ်ယောက်ကို တွေ့တဲ့နေရာက Read More

Seattle Ace Comic Con မှာ ရှိ​နေမယ့် Avengers အဖွဲ့

ဒီနှစ်​က​တော့ ထူးခြားတဲ့နှစ်​လို့​ပြောရမှာပါ။ ဘာလို့လဲဆို​တော့ Marvel ဟာ San Diego Comic Con ရဲ့ Hall H ကို ဝင်​မှာမဟုတ်​​တော့လို့ပါပဲ။ ဒါကလည်း Marvel ရဲ့လုပ်​ရိုးလုပ်​စဉ်​တစ်​ခုပါပဲ။ Marvel ဟာ ၃၊၄ နှစ်​ခြားတစ်​ခါဆိုသလို Hall H ကို မဝင်​တတ်​တာထုံးစံလိုကို ဖြစ်​​နေပါပြီ။ ဒါ​ပေမယ့် ဒီ​လောက်​အ​ရေးကြီးတဲ့ Avenger 4 ကို SDCC မှာ teaser မချပြဘူးဆိုတာက​တော့ အသည်းယားစရာ​ကောင်း လှပါတယ်​။

Hall H ကိုမ​ရောက်​ကြ​တော့​ပေမယ့် Marvel က ငြိမ်​​နေတာလားဆို​တော့လည်း မဟုတ်​ပြန်​ပါဘူး။ June လ ၂၂ ရက်​က​နေ ၂၄ ရက်​ထိ Read More

Spider Man ရုပ်ရှင်ကားသစ်အမည်ကိုအမှတ်မထင်ထုတ်ဖော်လိုက်မိတဲ့ Tom Holland

MCU က အငယ်ဆုံး စူပါဟီးရိုးလေး Tom Holland ဟာ လျှို့ဝှက်ချက်တွေကို မြဲမြဲထိန်းသိမ်းရမယ်ဆိုတဲ့ စူပါဟီးရိုးတို့ရဲ့ကျင့်ဝတ်ကိုမစောင့်ထိန်းနိုင်သေးဘူးနဲ့ တူပါရဲ့နော် ။ သူဟာ မကြာသေးခင်ကပဲ Instagram ရဲ့ video post တစ်ခုမှာ အသစ်ထွက်လာမယ့် Spider Man ကားသစ်အကြောင်းကို ထုတ်ဖော်လိုက်မိလို့ ဝေဖန်ခံနေရပါတယ်။ (ဘာပဲဖြစ်ဖြစ် မထုတ်ပြန်သေးတဲ့ သတင်းတစ်ပုဒ်ကို Read More