Season 2 ထွက်ရှိလာတော့မည့် နေရယ် လရယ် အမှန်တရားရယ် မြန်မာဇာတ်လမ်းတွဲ

ဒီကမ္ဘာလောကကြီးမှာ ဖုံးကွယ်ထားလို့မရတဲ့အရာနှစ်မျိုးရှိပါတယ်။ အဲ့ဒါတွေက နေရယ်၊ လရယ်၊ အမှန်တရားရယ်ပါတဲ့။ ဒါကတော့ရှေးဟောင်းစကားပုံတစ်ခုဖြစ်ပါတယ်။ ဒီစကားပုံထဲကအတိုင်းပဲ ဖုံးကွယ်ထားလို့မရတဲ့ အမှန်တရားကိုအများပြည်သူသိစေဖို့ ရဲရဲဝင့်ဝင့်ထုတ်ဖော်ပြသပေးတဲ့ ဥပဒေလောကသားတွေအကြောင်းရိုက်ကူးပုံဖော်ထားတဲ့ မြန်မာဇာတ်လမ်းတွဲကောင်းတစ်ခုကို ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်။

 

ဒီဇာတ်လမ်းတွဲအမည်က နေရယ်၊ လရယ်၊ အမှန်တရားရယ် Read More

ပေါကားမကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါဆိုတဲ့ မိုးပန်းပွင့်ရဲ့ သင်္ကေတ

အခု ၂၀၁၈ စက်တင်ဘာလအတွင်းမှာရုံတင်မယ့် မြန်မာကားတွေထဲမှာ ထူးခြားတဲ့ကားလေးတစ်ကားလည်းပါဝင်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကားကတော့ မိုးပန်းပွင့်ရဲ့သင်္ကေတ ဆိုတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ပထမဆုံးထူးခြားချက်က လက်ရှိမြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားမင်းသမီးတွေမပါဝင်တာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကပါဝင်သရုပ်ဆောင်ထားသူတွေက ပရိသတ်တွေနဲ့မစိမ်းတဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ဝါရင့်မင်းသားမင်းသမီးကြီးတွေဖြစ်ကြတဲ့ ရန်အောင်၊ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္စာဦး၊ ဝါဝါအောင် အစရှိသူတွေအပြင် Read More

တသောသော ရယ်မောသွားရမယ့် အဆိုတော်တွေနေတဲ့ရွာ

လာမယ့် သောကြာနေ့မှာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားသစ်တွေ ဝင်ရောက်ပြသသွားတော့မှာဖြစ်ပြီး ဒီလိုဇာတ်ကားသစ်တွေထဲမှာ ဟာသ Senses တွေ အပြည့်အဝပါဝင်ထားတဲ့ ဟာသဇာတ်ကားတစ်ကားလည်း ပါဝင်နေပါတယ်။ ဒီဇာတ်ကားကတော့ သရုပ်ဆောင်တွေများစွာ ပါဝင်အားဖြည့်ပါဝင်ထားတဲ့ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။

 

ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးထားတဲ့ အဆိုတော်တွေနေတဲ့ရွှာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ မင်းမော်ကွန်း ၊ ဇေရဲထက် ၊ မို့မို့မြင့်အောင် ၊ ရွှေမှုံရတီ ၊ ခင်လှိုင် ၊ ဒိန်းဒေါင် ၊ ဝါဝါအောင် ၊ ကေညီ ၊ မျိုးမျိုးခိုင်တို့အပြင် နိုင်ငံကျော်တေးသံရှင်ကြီးတစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်နဲ့ ဇနီးသည် ဒေါက်တာ နုနန္ဒာသန်း တို့ကလည်း ပါဝင်ထားပါတယ်။ ဝါရင့်မင်းသားချော Read More

မကြာခင်ထုတ်လွှင့်တော့မယ့် မနေ့ကဖြစ်သည် ၂

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က MRTV-4 Channel မှာ ပြသခဲ့ဖူးတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲ မနေ့ကဖြစ်သည် ဆိုတဲ့ ဇာတ်လမ်းလေးကိုမှတ်မိကြသေးလားဟင်….။ မြန်မာရုပ်ရှင်လောကမှာ ရှားရှားပါးပါးဖြစ်တဲ့ မှုခင်းသည်းထိပ်ရင်ဖိုအမျိုးအစားဇာတ်လမ်းလည်း ဖြစ်သလို စိတ်ဝင်စားစရာလဲကောင်းလို့ မြန်မာပရိသတ်တွေနှစ်ခြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ပါ။ ဒါတင်မကပဲ ပြည်သူ့အချစ်တော် မင်းသမီး အေးမြတ်သူ က အမျိုးသမီးရဲအရာရှိအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

 

အဲ့ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာဇာတ်လမ်းတွဲကောင်းကောင်းကို နှစ်သက်သူတွေအတွက် Read More

ပရိသတ်ကို ဘယ်လိုပုံစံနဲ့ ကြွေအောင်လုပ်နိုင်မလဲဆိုတာကို မြင်တွေ့ရတော့မယ့် “ကြွေ”

ဒီရုပ်ရှင်ကားဟာ စရိုက်ပါပြီဆိုကတည်းက ပွက်လောညံနေခဲ့တာပါ။ မညံလို့မရအောင်ကလည်း ဇာတ်လမ်းက ဆရာမင်းလူရဲ့ နာမည်ကျော်ဝတ္ထု ဖြစ်နေပါတယ်။ မြန်မာပြည်မှာ နာမည်ကြီးစာရေးဆရာ ဆရာမတွေရဲ့ဝတ္ထုဇာတ်လမ်း (အပျော်ဖတ်ဝတ္ထုတွေကိုမဆိုလို) တွေကို ရုပ်ရှင်ရိုက်တိုင်း ဒီပြသနာကတက်နေကြပါ။

 

ဒါပေမဲ့ စာဖတ်ပရိသတ်တွေ ဘယ်လိုပဲဝေဖန်ပါစေ အချိန်တန်ရင်ရုပ်ရှင်က ထွက်လာစမြဲဆိုတာလို အခုလည်းဆရာမင်းလူရဲ့ “ပြောတိုင်းယုံတဲ့ပုတ်သင်ညို”  ဆိုတဲ့ ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားတယ်ဆိုတဲ့ Read More

အိုင်ဒီယာအဆန်းတွေနဲ့ ပရိသတ်ရှေ့ရောက်လာမယ့် Carbon Dioxide

စာဖတ်သူက အောက်လမ်းတွေ၊ အစီအရင်တွေ၊ အဖျက်အမှောင့်တွေကို ယုံကြည်တတ်သူလား။ ဒါဆိုရင်တော့ ဒါရိုက်တာ ဝိုင်းရဲ့ အသစ်ထွက်ရှိလာမယ့် နာမည်ဆန်းဆန်းနဲ့ Carbon Dioxide ဆိုတဲ့ ရုပ်ရှင်က စာဖတ်သူအတွက် စိတ်ဝင်စားစရာကောင်းမှာပါ။ ဒီဇာတ်လမ်းဟာ ရိုးရာယုံကြည်မှုအစွဲအလမ်းတွေဖြစ်တဲ့ အောက်လမ်းအစီအရင်တွေ၊ ဂမ္ဘီရအစီအမံတွေအကြောင်းကို ရိုက်ကူးထားတာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။

 

ဒီဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားသူက မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီးကားများစွာရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝိုင်းဖြစ်ပါတယ်။ ဒါရိုက်တာ ဝိုင်းရဲ့ပုံဖော်မှုမှာ ပါဝင်အားဖြည့်သရုပ်ဆောင်ထားသူတွေကတော့ ကျော်ထက်အောင်၊ အလင်းရောင်၊ ဖွေးဖွေး၊ ရတနာဗို စသူတို့ဖြစ်ကြပါတယ်။ဇာတ်လမ်းအရ Read More

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ တိမ်တိုက်တံတားရုပ်ရှင်

လာမယ့် ဇူလိုင်လ ဆယ့်သုံးရက်နေ့မှာရုံတင်မယ်လို့ကြေငြာထားတဲ့ တိမ်တိုက်တံတားရုပ်ရှင်ဟာ ပရိသတ်စိတ်ဝင်စားခံရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နာမည်ကျော်မင်းသားနေတိုး၊ ထွန်းထွန်းတို့နဲ့အတူ ယောက်ျားလေးပရိသတ်တွေအထူးအားပေးကြတဲ့ ဗီယက်နမ်အလှမယ် ငုယင်ထရန်မေနဲ့ မြန်မာအလှမယ် ခင်ဝင့်ဝါတို့ပါဝင်ထားကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရုံမတင်ခင်ကတည်းက မင်းသားနေတိုး နဲ့ မင်းသမီး ငုယင်ထရန်မေ တို့ရေကူးကန်ထဲမှာ ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းကိုပရိသတ်တွေ အထူးအားပေးခဲ့တာပါ။ အဲ့ဒီဇာတ်ဝင်ခန်းမှာ ဗီယက်နမ်မင်းသမီး ငုယင်ထရန်မေရဲ့ ခန္ဓာကိုယ်အလှကို ပရိသတ်တွေရှုစားအားပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းအတွက် ပရိသတ်တွေကိုယ်တိုင်ရိုက်ကူးထားတဲ့ ဇာတ်ဝင်တေးပြိုင်ပွဲကိုလည်း ကျင်းပပေးခဲ့ပါတယ်။

 

ဒီဇာတ်လမ်းဟာ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပြီး Read More