မြန်မာအမျိုးသမီးများအတွက် ပညာပေးရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “ရွှေကြာ”

မကြာခင်ရုံတင်ပြသတော့မယ့် ပြည်တွင်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မြန်မာအမျိုးသမီးအများစုအတွက် ပညာပေးဇာတ်ကားတစ်ကားဖြစ်တာကြောင့် ဇာတ်လမ်းပုံစံကို စိတ်ဝင်စားရင်တော့ March လ ၁၆ရက်နေ့ မှာ ရုံတင်တော့မယ့်အကြောင်းကို အသိပေးလိုက်ပါတယ်နော်။

ဒီဇာတ်လမ်းမှာ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကတော့ အလင်းရောင်၊ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော် တို့ဘဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဝတ္ထု ပုညခင်ရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့သော “ အရှေ့တံခါးအဝင် ” ဆိုတဲ့ ဝတ္ထုကို

Read More

ပိုက်ဆံပေးရင် Review အဆိုးမရေးပေးတော့ဘူးဆိုပြီး ငွေညစ်ခံရပါတယ်လို့ ဆိုလာတဲ့ ‘ကောလိပ်ဂျပိုး’

လက်ရှိရုံတင်နေတဲ့ ‘ကောလိပ်ဂျပိုး’ ရုပ်ရှင်ဟာ သူတို့အနေနဲ့ ပိုက်ဆံပေးမယ်ဆိုရင် ရုပ်ရှင်ကိုမကောင်းဝေဖန်တဲ့ review တွေမရေးပေးတော့ဘူး ဆိုပြီး အကြပ်ကိုင်ငွေညစ်ခံခဲ့ရတယ်လို့ ပြောကြားလာပါတယ်။ အဲဒီအကြောင်းကို ကောလိပ်ဂျပိုး Facebook စာမျက်နှာကနေတစ်ဆင့် “ငွေညှစ်ခံရတဲ့ ကောလိပ်ဂျပိုး” ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

 

အဲဒီ post မှာ ကောလိပ်ဂျပိုးရုပ်ရှင်အနေနဲ့ အဲဒီလိုကမ်းလှမ်းလာခြင်းခံရတဲ့အတွက် တုန်လှုပ်ခြောက်ခြားမိတယ်ဆိုပေမယ့် သူတို့အနေနဲ့ အဲဒီကမ်းလှမ်းချက်ကို လက်ခံမှာမဟုတ်ပါဘူးလို့ ဖော်ပြထားခဲ့ပါတယ်။ Comment section ထဲမှာဆိုရင်လည်း ရုပ်ရှင်ကိုနှစ်သက်သူတွေရဲ့ comment တွေ၊ ဒီကြေညာချက်အပေါ် သံသယရှိသူတို့ရဲ့ comment တွေနဲ့ ပြည့်နှက်နေတာကို တွေ့မြင်နိုင်ပါတယ်။

 

‘ကောလိပ်ဂျပိုး’ ရုပ်ရှင်အကြောင်း review ရေးသားဖူးတဲ့ အဖွဲ့အစည်းတွေကလည်း ဒီကြေညာချက်နဲ့ပတ်သက်ပြီး တာဝန်ယူဖို့နဲ့ အထောက်အထားနဲ့တကွ တိကျခိုင်မာတဲ့ ဖြေရှင်းချက်တစ်ခုထုတ်ပေးဖို့ လပ်ကီးဆဲဗင်း (Lucky Seven) ရုပ်ရှင်ထုတ်လုပ်ရေးကို တောင်းဆိုနေကြပါတယ်။

 

 

ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံနေရပေမယ့် ‘ကောလိပ်ဂျပိုး’ ရုပ်ရှင်ဟာ ဒုတိယရက်သတ္တပတ် ထပ်တိုးပြသခွင့်ရရှိသွားတယ်လို့ သိရပါတယ်။ ယနေ့ ၁၆.၂.၂၀၁၈ ကနေ ၂၂.၂.၂၀၁၈ အထိ ထပ်တိုးပြသသွားမှာဖြစ်ပြီး လက်ရှိပြသနေတဲ့ မြန်မာနိုင်ငံအနှံ့ကရုပ်ရှင်ရုံတွေမှာ ဆက်လက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

 

အသစ်အသစ်သော ခံစားမှုတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားသစ် Dimensions!!

ဒီနေ့မှာတော့ သိပ်မကြာခင်ရက်အတွင်းမှာ ရုံတင်ပြသတော့မယ့် ရုပ်ရှင်ဇာတ်ကားသစ် Dimensions (မျက်နှာပြင်များ) ဆိုတဲ့ ဇာတ်ကားလေးအကြောင်း သတင်းပေးချင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပါတ်သုံးပါတ်လောက်မှာ သိပ်ကိုလူပြောများခဲ့တဲ့ Deception (ဉပါယ်တံမျဉ်) ဆိုတဲ့ ကားနဲ့ အပြိုင်ဖြစ်လာနိုင်တဲ့ ဒီ dimensions ဇာတ်ကားဟာလဲ ဒါရိုက်တာအသစ်က သရုပ်ဆောင်အသစ်တွေကို ပွဲထုတ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် Dimensions ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ ခါရာကတော့ မြန်မာပရိသတ်နဲ့ သိပ်မစိမ်းတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်တစ်ဦးပါ။ သူ့ပရိသတ်ကရော သူ့ကို ဝန်းရံကြပါ့မလားဆိုတာစောင့်ကြည့်ရမှာပါ။


Dimension ဇာတ်ကားအတွက် press show ကိုတော့ ဒီနေ့ (၅.၂.၂၀၁၈) Mega Ace Cineplex (Capital Hypermarket/သာကေတ) မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ရက်နေ့မှာတော့ Dimensions ရဲ့ Premiere Screening၊ Red Carpet Show ပြုလုပ်မယ့်အစီအစဉ်ရှိပါတယ်။ Dimensions ရဲ့ official facebook page မှာလဲ ပရိသတ်တွေ ဒီ Red Carpet Show တက်ရောက်နိုင်မယ့်အခွင့်အရေးအနေနဲ့ #DimensionsTrailerReact campaign လေးတစ်ခုလုပ်ထားပါတယ်။ Dimensions trailer ကြည့်ပြီး ကိုယ်ဘယ်လိုရင်ခုန်ခံစားရတယ်ဆိုတာကိုရိုက်ကူးထားတဲ့  #DimensionsTrailerReact ဆိုတဲ့ hashtag လေးနဲ့ post တင်ပေးရုံနဲ့ Red Carpet Show ကိုတက်ဖို့ လက်မှတ်၂စောင်ကိုပေးအပ်သွားမှာဖြစ်ပြီး ကံထူးသူ ၅ယောက်ထိရွေးချယ်မှာဖြစ်ကြောင်း ကြေညာထားပါတယ်။ Trailer react video တင်ချင်တဲ့သူတွေကတော့ ၆ရက် နေ့ထိတင်လို့ရမှာဖြစ်ပါတယ်နော်။

ဒီအက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးကို Mega Ace Cineplex နဲ့ JCGV တို့မှာ ၉ရက်နေ့ကစပြီး ပြသသွားမှာဖြစ်ပြီး ရိုက်ကူးပုံဖော်ထားတာကတော့ လူငယ်ဒါရိုက်တာဉာဏ်ထင် ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ခါရာ၊ မင်းမြတ်စိုးစံ၊ဂျာဆိုင်းအိန်နဲ့ Alice Ong တို့ပါဝင်ပြီး သီဟ၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ ဦးဝင်းမြိုင်နဲ့ ရဲမွန်တို့လဲပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Bonanza Production နဲ့ Shutter Production တို့ ပူးပေါင်းတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို အချိန် ၂နှစ်နီးပါးယူပြီးရိုက်ကူးထားတာပါ။ လူငယ်မျိုးဆက်သစ်တွေကို အားပေးတဲ့အနေနဲ့ရော၊ သူတို့ရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဝေဖန်ပေးနိုင်ဖို့ရယ် ရုံတင်တဲ့ချိန်မှာ သွားပြီးကြည့်သင့်တဲ့ မြန်မာ့ရုပ်ရှင်ကားတစ်ခုဖြစ်တာမို့ အချိန်မှီ သတင်းပေးလိုက်တယ်နော်။

ကဲ သူဘာကြောင့် လူတွေလိုက်သတ်နေရတာလဲ???? သိချင်ကြပြီလား??? နောက်သုံးလေးရက်ဆို သိရပြီနော်။

 

Source : www.facebook.com/DimensionsMovie