လျှို့ဝှက်မှုတွေ ကြားထဲက A Simple Favor

လူဦးရေ သိပ်မထူထပ်လှတဲ့ မြို့ငယ်လေးတစ်မြို့မှာ Stephnie ဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက် ရှိခဲ့ပါတယ်။ သူမမှာ Miles ဆိုတဲ့ သားလေးတစ်ယောက်ရှိပြီး၊ Single mother တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ အလုပ်နဲ့ ဝါသနာကတော့ Online ပေါ်မှာ Blog ရေးတဲ့ Blogger တစ်ယောက်ပဲ ဖြစ်ပါတယ်။ Stephnie ဟာ သူမရဲ့ Blog စာမျက်နှာလေးပေါ်မှာ ကိုယ်ပိုင်အတွေးအမြင် စာလေးတွေ၊ လက်မှုပညာရပ် အကြောင်းလေးတွေကို ရေးသားလေ့ရှိပါတယ်။

 

တစ်နေ့မှာတော့ Stephnie ဟာ Read More

Gothic Horror ဇာတ်ကားကြိုက်သူတွေအတွက် Crimson Peak

ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်မှာထွက်ရှိတဲ့ အမေရိကန် gothic romance ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါရိုက်တာ Guillermo del Toro ကရိုက်ကူးထားပြီး Legendary နဲ့ DDY production တို့က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Universal Pictures ကဖြန့်ချိခဲ့ပြီး ပြသချိန် ၁၁၉ မိနစ်ကြာမြင့်ပါတယ်။ IMDb 6.6 နဲ့ Rotten Tomatoes 72% ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Edith Cushing ဆိုတဲ့ စာရေးဆရာမပေါက်စလေးတစ်ယောက်ဟာ Read More

အိမ်နီးနားက လူသတ်သမားကြီး (သို့) Summer of 84

လူတွေက သူတို့သရုပ်အမှန်ကို မဖော်ပြတတ်ပဲ တခြားသူတွေရဲ့ကြားမှာ အဆင်ပြေအောင် နေထိုင်တတ်ကြတယ်ဆိုတဲ့ စကားလေးနဲ့ Summer of 84 ဆိုတဲ့ လူသတ်ကားလေးကို ပုံဖော်ထားပါတယ်။ ဒီစကားကမှန်ပါတယ်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ဆိုတာ တော်ရုံနဲ့ မသိနိုင်တဲ့အရာဆိုတော့ ခဏတဖြုတ်လောက် ပေါင်းသင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ဒီအကြောင်းအရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဇာတ်ကားအကြောင်းကို ဆက်လက်ပြောပြပေးသွားချင်ပါတယ်။

 

Summer of 84 ဆိုတာ တကယ်တော့ Read More

ဝါရင့်သရုပ်ဆောင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Let Me Introduce Her

ဒီရက်ပိုင်းမှာတော့ အရမ်းကြည့်လို့ကောင်းတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေ ဆက်တိုက်ပြသဖြစ်နေတာမို့ ကိုရီးယားဇာတ်လမ်းတွဲတွေကို အမုန်းအားပေးသူတွေတောင် ဘယ်ဟာကို ရွေးပြီးကြည့်ရမလဲ မသိလောက်အောင် ဖြစ်နေရပါတယ်။ ဒီလို ဘယ်ဟာကို ရွေးကြည့်ရမလဲဆိုပြီး အခက်တွေ့နေတဲ့သူအတွက် Let Me Introduce Her ဇာတ်လမ်းတွဲနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

 

Let Me Introduce Her ဇာတ်လမ်းတွဲကတော့ Romance Drama ပုံစံမျိုးဖြစ်ပေမယ့် Mystery Thriller ပိုင်းတွေကိုလည်း ထည့်သွင်းထားပါတယ်။ SBS ရုပ်သံလိုင်းကနေ တင်ဆက်ပြနေဆဲဖြစ်တဲ့ ဒီဇာတ်လမ်းတွဲထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Read More

Drama ဇာတ်ကားကောင်း ကြိုက်သူများအတွက် Dark River

Action , Horror ပုံစံမျိုးတွေထက် Drama ဘက်ကို ပိုပြီးနှစ်သက်ကြပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရည်ရွှယ်ပြီးတော့ ဒီတစ်ခေါက်မှာ Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်။ ဒီဇာတ်ကားရဲ့ နာမည်ကတော့ Dark River ဖြစ်ပါတယ်။ ဗြိတိန်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Dark River ဟာဆိုရင်တော့ Drama ကို Mystery လေးပါ ထည့်သွင်းထားတဲ့ ဇာတ်ကားပုံစံမျိုးလေးပါ။  ဇာတ်လမ်းက တော်တော်လေးအေးတာကြောင့် တော်ရုံတန်ရုံ ရုပ်ရှင်မကြည့်တတ်သူတွေဆိုရင် ၁၀မိနစ်လောက်ကြည့်ပြီး ထပ်ကြည့်ချင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် Drama ဇာတ်ကားကြိုက်သူတွေအတွက်ကတော့ Read More

Superhero ဇာတ်ကောင်ကို ပျောက်ကွယ်သွားစေမယ့် Bad Times at the El Royale

Marvel ရဲ့ Superhero ဇာတ်ကားများနဲ့ လူသိများခဲ့တဲ့ Thor ကိုတော့ ကလေးလူကြီးမရွေးသိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Chris Hemsworth ဟာ Superhero ဇာတ်ကားများနဲ့လည်း ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ Superhero တစ်ယောက်ဖြစ်သလို 12 Strong ရုပ်ရှင်မှာလည်း စစ်သားတစ်ယောက်အနေနဲ့ ဖမ်းစားနိုင်ခဲ့ပါသေးတယ်။ ဒီတခါတော့ Chris ဟာအရင်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားတွေလိုမျိုးမဟုတ်တဲ့ ဇာတ်ကောင်နေရာကနေပါဝင်သရုပ်ဆောင်ပြီး ပရိသတ်ကိုဖမ်းစားအုံးမှာ သေချာပါတယ်။ Read More

London မှာ တရားဝင်တွေ့ရတော့မယ့် Sherlock-Themed Escape Room

sherlock escape room

Sherlock Holmes တစ်ယောက် အလုပ်ကိစ္စနဲ့ နိုင်ငံခြားရောက်နေတယ်။
England မှာ နာမည်ကြီးနေရာတွေ ဖောက်ထွင်းခံနေရတယ်။
Mycroft Holmes ကလည်း သူ့ရဲ့ လှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ The Network မှာ လူအင်အားလိုနေလို့ လူစုနေတယ်။

 

ကဲ… ဘာစဉ်းစားနေကြသလဲ။ အခုဆို သင်တို့ကိုယ်တိုင် Sherlock Holmes ဖြစ်ဖို့ အချိန်ကျပြီလေ။

 

ရုပ်ရှင်တွေလည်း ကြည့်ထားတာပဲ။ စာအုပ်တွေလည်းဖတ်ထားတယ်။ သင့်အတွက် Sherlock Holmes ဖြစ်ဖို့ဆိုတာ လုံးဝခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။

 

ကဲ… ဒါကတော့ Sherlock-Themed Escape Room ပဲဖြစ်ပါတယ်။
Read More

၂၀၁၉ မှာ Season 3 ကိုထပ်မံထုတ်လွှင့်ဦးမယ့် ’13 Reasons Why’

13 reasons why season 3

လူငယ်ပရိသတ်တွေကြားမှာ အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ ’13 Reasons Why’ ဆိုတဲ့ Netflix ဇာတ်လမ်းတွဲကို သိကြမယ်ထင်ပါတယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်မှုတွေ ခံစားခဲ့ရတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးတစ်ဦးဟာ သူမကိုယ့်ကိုယ်ကိုသတ်မသေခင် ဘာကြောင့်သူမဒီလိုသတ်သေခဲ့ရလဲဆိုတာကို ကတ်ဆတ်နဲ့အသံသွင်းထားခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။

Read More

ရယ်လည်းရယ်ရမယ် ရင်ဖိုစွာလည်းကြည့်ရမယ့် ‘Game Night’ ရဲ့ Trailer အသစ်

လျှို့ဝှက်သည်းဖို.. ဟာသ.. အက်ရှင်.. ဒီဇာတ်ကားရဲ့အမျိုးအစားကိုဖတ်ကြည့်လိုက်ရုံနဲ့တင် တော်တော်လေးစိတ်ဝင်စားမိသွားပါတယ်။ အထူးသဖြင့် Thriller Comedy ကားကောင်းကောင်းက မကြည့်ရတာကြာပြီဆိုတော့လေ။

 

ဒီကားမှာ အချင်းချင်းပြိုင်ဆိုင်ရတာဝါသနာပါတဲ့ သူငယ်ချင်းတစ်စုက တစ်ညမှာတော့ Murder Mystery တစ်ခုဆော့ကစားဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီဂိမ်းမှာ လူဆိုးအတုတွေရော ရဲအတုတွေတွေပါ အစုံအလင်ပါဝင်ပါတယ်။ ဒီလိုနဲ့ ညကလည်းတဖြည်းဖြည်းနက်လာသလို သူတို့ရဲ့ Murder Mystery ဂိမ်းလေးကလည်း အပျော်သဘောကနေ တဖြည်းဖြည်းလက်တွေ့ဆန်လာပါတယ်။ နာရီလက်တံ တစ်ထစ်ချင်းရွှေ့သွားတာနဲ့အမျှ သူတို့မထင်မှတ်ထားတာတွေကို ရှာဖွေသိရှိလာရပါတော့တယ်။ ဒီဂိမ်းလေးပြီးဆုံးသွားချိန်မှာ ဘာတွေဖြစ်သွားမှာလဲ.. သူတို့တွေ အမှန်အကန်ပျော်ရမှာလား.. ဒါမှမဟုတ် အဆိုးဆုံးအခြေအနေတစ်ခုနဲ့ရင်ဆိုင်ရမှာလား။

 

ဒီရုပ်ရှင်ကို Jason Bateman (Horrible Bossess) နဲ့ Rachel McAdams (Spotlight, Sherlock Holmes) တို့က ဦးဆောင်ပါဝင်ထားကြပြီး John Francis Daley နဲ့ Jonathan Goldstein (Vacation ဇာတ်ကားဒါရိုက်တာနဲ့ Horrible Bosses ဇာတ်ညွှန်းရေးသားခဲ့သူ) တို့က ဦးစီးရိုက်ကူးထားတာဖြစ်ပါတယ်။

 

Game Night ဟာ ဟာသကားကောင်းကောင်း စောင့်မျှော်နေသူတွေအတွက်ကတော့ စောင့်ကြည့်စာရင်းထဲထည့်ထားသင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဝမ်းသာစရာသတင်းကတော့ ဒီဇာတ်ကားကြည့်ရဖို့ အကြာကြီးစောင့်စရာမလိုတော့ပါဘူး.. ဖေဖော်ဝါရီ ၂၃ ရက်နေ့ဆိုရင် စတင်ပြသွားသွားတော့မှာဖြစ်တဲ့အတွက်ပါ။

 

ကဲ.. လောလောဆယ်တော့ အောက်မှာဖော်ပြထားတဲ့ Traielr လေးကိုကြည့်ပြီး ကြိုတင်ရင်ခုန်ထားလိုက်ကြရအောင်လား…

 

Sherlock Holmes ရဲ့ညီမအဖြစ်သရုပ်ဆောင်မယ့် ‘Stranger Things’ ကမင်းသမီးလေး Millie Bobby Brown

‘Stranger Things’ ရုပ်သံဇာတ်လမ်းတွဲမှာ Eleven အဖြစ်သရုပ်ဆောင်နေတဲ့ Millie Bobby Brown ဟာ စာရေးဆရာမ Nancy Springer ရဲ့ စုံထောက်ဝတ္ထုကိုမှီငြမ်းရိုက်ကူးမယ့် ‘Enola Holmes’ ရုပ်သံဇာတ်လမ်းတွဲမှာ Sherlock Holmes ရဲ့ညီမဖြစ်သူ Enola Holmes နေရာကနေ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။

Legendary Entertainment ကတော့ Brown ကိုတော်တော်သဘောကျနေတဲ့သဘောရှိပါတယ်။ Brown ဟာ Legendary Entertainment ရဲ့ ၂၀၁၉ ထဲပြသမယ့် “Godzilla: King of the Monsters” ရုပ်ရှင်မှာ ပါဝင်ရိုက်ကူးပြီးပြီးချင်းမှာပဲ အခုရုပ်သံဇာတ်လမ်းတွဲအတွက်ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Brown သရုပ်ဆောင်ရမယ့်ဇာတ်ကောင် Enola Holmes ဟာ အစ်ကိုဖြစ်သူ Sherlock Holmes ထက် အသက် ၂၀ ခန့်ငယ်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ထူးချွန်ပြောင်မြောက်တဲ့ စုံထောက်တစ်ဦးဖြစ်ပါတယ်။ မူရင်းဝတ္ထုတွဲမှာ စာအုပ်ပေါင်း ၆ အုပ် ထွက်ရှိထားပြီး ပထမနဲ့ပဉ္စမစာအုပ်တွေဟာ Edgar Award အတွက် လျှာထားခြင်းခံခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။