John Williams က Star Wars: Episode IX ရဲ့ နောက်ခံတီးလုံးများကို ဖန်တီးပေးဦးမည်

Star Wars နဲ့ John Williams.. နှစ်ဦးနှစ်ဖက် နှစ်ပေါင်း ၄၀ ကျော်ကြာတဲ့အထိ လက်တွဲလုပ်ကိုင်လာကြတာဆိုတော့ ဒီ epic space opera နဲ့ ဂီတပညာရှင်ကြီး John Williams တို့ကို ခွဲပြီးမြင်ကြည့်လို့ကိုမရတော့ပါဘူး။ Star Wars လို့ပြောလိုက်ရင် John Williams ဆိုတဲ့နာမည်က အနောက်ကနေ အလိုအလျှောက်ကပ်ပါလာတဲ့အထိပါပဲ။ Williams ကိုယ်တိုင်ကလည်း Star Wars အပေါ် သံယောဇဉ်ရှိရှာပါတယ်။ သူ့ရဲ့အသက် ၈၅ နှစ်ရှိနေပြီဖြစ်ပေမယ့် ယခုလက်ရှိပြသနေတဲ့ sequel trilogy ပြီးဆုံးတဲ့အထိ ပါဝင်အားဖြည့်ပေးသွားမယ်လို့ဆိုလာပါတယ်။ ပြီးတော့ ဒါရိုက်တာ J.J. Abrams ကိုလည်း Episode IX ရဲ့တီးလုံးတွေကို သူဖန်တီးပေးမယ့်အကြောင်း ပြောဆိုပြီးသွားပြီလို့လည်း ထပ်ဆောင်းပြောကြားထားပါတယ်။

ဒါ့အပြင် Williams က သူ့အနေနဲ့ သီချင်းရေးစပ်တာကို ရပ်နားသွားဖို့အစီအစဉ်မရှိကြောင်းကို –

“ကျွန်တော်ကံကောင်းတယ်လို့ပြောလို့ရတယ်.. ဘာကြောင့်လည်းဆိုတော့ အမြင်အာရုံရယ် လက်တွေရယ်ကောင်းသေးသရွှေ့ ကျွန်တော်အလုပ်ဆက်လုပ်လို့ရတယ်။ ပြီးတော့ ကျွန်တော့်လက်ရဲ့အရိုးအဆစ်တွေကလည်း စန္ဒယားကောင်းကောင်းတီးနိုင်သေးတဲ့အထိ ကောင်းနေသေးတယ်။ ဂီတနဲ့ပတ်သက်တဲ့အလုပ်လုပ်ရတာ အရမ်းစိတ်ချမ်းသာဖို့ကောင်းတဲ့အတွက် ရပ်နားသွားမှာမဟုတ်ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

လတ်တလောမှာတော့ Williams ဟာ မေလ ၂၅ ရက်နေ့ရုံတင်မယ့် ‘Solo: A Star Wars Story‘ အတွက် Theme ဖန်တီးပေးနေပါတယ်။ အဲဒီရုပ်ရှင်အတွက် score ကိုတော့ John Powell က Williams ပေးတဲ့ theme ကိုအခြေခံပြီးဖန်တီးမှာဖြစ်ပါတယ်။

Episode IX ထွက်ဖို့ကအဝေးကြီးလိုသေးပေမယ့် နောက်ခံတီးလုံးပိုင်းနဲ့ပတ်သက်ပြီးကတော့ စိတ်ချလက်ချနေလိုက်လို့ရပါပြီ။ John Williams က ပညာကုန်အသုံးချပြီး သူချစ်တဲ့ franchise ကြီးကို အသက်သွင်းပေးဦးမှာဖြစ်တဲ့အတွက်ပါ။ Star Wars: Episode IX ဟာ ၂၀၁၉ ဒီဇင်ဘာ ၂၀ မှာ ပိတ်ကားထက်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။

Ref: Variety

Movie News

No Comments

သူနာပြုဆရာမတွေကို မဖွယ်မရာပြုလုပ်တယ်လို့ စွပ်စွဲခံလိုက်ရတဲ့ Stan Lee

Iron Man နဲ့ Spider Man တို့အပါအဝင် Marvel ဇာတ်ကောင်တွေအများကြီးကိုဖန်တီးခဲ့တဲ့ Stan Lee ဟာ သူ့ကိုစောင့်ရှောက်ဖို့ငှားရမ်းခဲ့တဲ့ သူနာပြုဆရာမတွေကို မဖွယ်မရာပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံလိုက်ရပါတယ်။ ဒီသတင်းကို ထုတ်ဖော်ခဲ့တဲ့ Mail Online ရဲ့အဆိုအရဆိုရင် Stan Lee ဟာ သူ့ရဲ့နေအိမ်ထဲမှာ ကိုယ်လုံးတီးလျှောက်သွားနေတာတွေ၊ သူနာပြုဆရာမတွေရှေ့မှာ စကားလုံးကြမ်းကြမ်းတွေအသုံးပြုတာတွေ၊ ကိုယ်ထိလက်ရောက်မဖွယ်မရာပြုလုပ်တာတွေ စတာတွေကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Stan Lee ရဲ့ရှေ့နေတွေကတော့ ဒါဟာ Stan Lee ကို မတရားစွပ်စွဲတာပဲဖြစ်ကြောင်း ပြန်လည်ချေပထားပါတယ်။ ရှေ့နေတွေရဲ့အဆိုအရဆိုရင် လက်ရှိအချိန်မှာ Stan Lee အပေါ် အမှုဖွင့်ထားတာမျိုး၊ ရဲတိုင်ထားတာမျိုးမရှိတဲ့အပြင် နစ်နာကြေးသာတောင်းဆိုခံထားရတဲ့အတွက် ဒီကိစ္စဟာ Stan Lee ကို ငွေညစ်ချင်ရုံသက်သက်သာဖြစ်ကြောင်း ပြန်လည်ချေပထားပါတယ်။ စွပ်စွဲသူဟာ သူ့ကိုပိုက်ဆံမပေးရင် မီဒီယာတွေဆီသတင်းဖြန့်လိုက်မယ်လို့ခြိမ်းခြောက်ခဲ့သေးတယ်လို့လည်းဆိုပါတယ်။ Stan Lee အနေနဲ့ ဘာမှအမှားမလုပ်ထားတဲ့အတွက် တောင်းဆိုခံထားရတဲ့နစ်နာကြေးတွေ ပေးအပ်သွားမှာမဟုတ်ကြောင်းကိုလည်း ထပ်ဆောင်းပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ အခုခေတ်စားနေတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ မဖွယ်မရာပြုလုပ်မှုတွေကိုထုတ်ဖော်ပြောကြားတဲ့ ‘Weinstein Effect’ trend ကိုခုတုံးလုပ်ပြီး အသက် ၉၅ နှစ်အရွယ် Stan Lee ကို ငွေညစ်ဖို့ကြိုးစားနေတာလား.. ဒါမှမဟုတ် တကယ်ပဲဖြစ်ခဲ့တာလားဆိုတာကိုတော့ အချိန်ကပဲအဖြေပေးသွားမှာဖြစ်ပါတယ်။

Golden Globes ဆုပေးပွဲကို လှုပ်ခါသွားစေခဲ့တဲ့ Oprah Winfrey ရဲ့ Speech

ယမန်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အထင်ရှားဆုံး highlight ကိုညွှန်းပါဆိုရင် အများကြီးစဉ်းစားစရာမလိုပါဘူး.. Oprah Winfrey ကိုတန်းပြီးလက်ညွှိုးထိုးပြရုံပါပဲ။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ Cecil B. DeMille ဆုကိုလက်ခံရယူပြီးနောက်ပြောကြားခဲ့တဲ့ speech ဟာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးထုရဲ့ရင်ထဲကို တန်းတန်းမတ်မတ်ကြီးရောက်ရှိသွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။

အဆိုပါ speech ကို Winfrey က သူမငယ်စဉ်က ကြည့်ရှုအားကျခဲ့ရတဲ့ ၁၉၆၄ ခုနှစ်က အော်စကာဆုပေးပွဲအကြောင်းနဲ့အစချီခဲ့ပါတယ်။ အဆိုပါဆုပေးပွဲမှာ ရုပ်ရှင်မင်းသားကြီး Sidney Poitier က ပထမဦးဆုံးသော အော်စကာဆုပိုင်ရှင် လူမည်းအမျိုးသားဖြစ်လာခဲ့ပြီး အဲဒါဟာ သူမလိုမိန်းကလေးတစ်ဦးအတွက် စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့ စိတ်ခွန်အားကိုပေးခဲ့တယ်လို့ ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီနောက်ပိုင်းမှာ လှုပ်ရှားမှုပြင်းထန်လာတဲ့ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုရှုပ်ချတဲ့ “Me Too” နဲ့ “Time’s Up” လှုပ်ရှားမှုတွေကိုရည်ရွယ်ပြီး အမျိုးသမီးတွေအနေနဲ့ သတ္တိမွေးပြီး မိမိတို့မတရားခံရတာတွေကို ထုတ်ဖော်ပြောကြားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ Winfrey က ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုရဲလာတဲ့အမျိုးသမီးတွေနဲ့ အဲဒါတွေကိုလေးလေးစားစားနားထောင်ပေးတဲ့အမျိုးသားတွေဟာ အနိုင်ကျင့်မှုတွေကင်းဝေးတဲ့ကမ္ဘာကြီးကို ပုံဖော်ပေးမယ့်သူတွေဖြစ်တယ်ဆိုတာနဲ့ သူမရဲ့ speech ကိုအဆုံးသတ်ထားခဲ့ပါတယ်။

Winfrey ရဲ့ အဆိုပါ inspirational speech အပြည့်အစုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

Obi-Wan Kenobi အဖြစ် ပြန်လည်သရုပ်ဆောင်လိုတယ်လို့ ပြောကြားလိုက်တဲ့ Ewan McGregor

Star Wars Prequel Trilogy မှာ Obi-Wan Kenobi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသား Ewan McGregor က သူ့အနေနဲ့ Obi-Wan အဖြစ် ပြန်လည်သရုပ်ဆောင်ဖို့အခွင့်အလမ်းကြုံလာရင် သရုပ်ဆောင်လိုပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ယမန်နေ့ကပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Fargo ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးဇာတ်ဆောင်ဆုကိုရရှိသွားပြီးတဲ့နောက် သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ အထက်ပါအတိုင်းပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။

Disney နဲ့ Lucasfilm တို့ဟာ Star Wars spin-off ဇာတ်လမ်းတွဲတွေကိုဆက်တိုက်ဖန်တီးသွားမယ်လို့သတင်းထွက်နေပြီး Obi-Wan ဇာတ်ကားဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ title တစ်ခုအဖြစ် ကောလဟာလထွက်နေတာကြာပါပြီ။ ဒါပေမယ့် မကြာသေးမီကထွက်ပေါ်လာတဲ့ McGregor ရဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ပုံက ဒီကောလဟာလမီးကို ပိုမိုတောက်လောင်သွားစေခဲ့ပါတယ်။ အဲဒီပုံထဲမှာ McGregor ကို Obi-Wan ဇာတ်ကောင်ရဲ့ပါးသိုင်းမွေးဒီဇိုင်းနဲ့မြင်တွေ့ရတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီတော့ ပရိသတ်တွေက McGregor ဟာ ကောလဟာလထွက်နေတဲ့ Obi-Wan ရုပ်ရှင်အတွက် ပြင်ဆင်နေတာများလားဆိုပြီး သို့လောသို့လောဖြစ်သွားကြပါတယ်။

ဒါကြောင့် ရွေကမ္ဘာလုံးဆုပေးပွဲမှာ သတင်းမီဒီယာတွေက McGregor ကို အဲဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ကြပါတယ်။ အဲဒီအင်တာဗျူးမှာ McGregor က Obi-Wan ဇာတ်ကားအကြောင်းဟာ စကားပြောဆိုကြတဲ့အဆင့်ပဲရှိသေးပြီး ဘာမှရေရေရာရာမရှိသေးပါဘူးလို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဒီ project အကြောင်းကို သူသူငါငါထက်ပိုမသိကြောင်းလည်း ထပ်ဆောင်းပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် အခွင့်ရခဲ့ရင်တော့ Obi-Wan အဖြစ်သရုပ်ဆောင်လိုသေးတယ်လို့ဖြေကြားသွားပါတယ်။

ကမ္ဘာတစ်ဝန်းက Star Wars ပရိသတ်တွေကတော့ McGregor ကို Obi-Wan အဖြစ်ပြန်လည်မြင်တွေ့လိုကြပါတယ်။ Golden Globes က အင်တာဗျူးကိုမြင်တွေ့ပြီးတဲ့နောက် Obi-Wan ပရိသတ်တွေ social media တွေမှာထကြွသောင်းကျန်းနေကြတာကို မြင်တွေ့ရမှာပါ။ အဲဒီလောက် ပရိသတ်မေတ္တာကိုရရှိနေတဲ့အတွက် တကယ်တမ်းသာ Obi-Wan ရုပ်ရှင်အကောင်အထည်ပေါ်လာမယ်ဆိုရင် McGregor ကို သူ့ရဲ့လက်စွဲတော် Light Saber နဲ့အတူ ပြန်လည်မြင်တွေ့ရနိုင်ခြေများပါတယ်။

Ref: Hollywood Reporter

Emilia Clarke နဲ့အတူ Game of Thrones ကြည့်ခွင့်ရဖို့အတွက် လေလံပွဲမှာကြိုးစားခဲ့တဲ့ Brad Pitt

ကိုယ့်ရဲ့ Home Theater လေးထဲမှာ Mother of Dragons နဲ့အတူ Game of Thrones ကို အတူထိုင်ကြည့်ခွင့်ရဖို့ဆိုရင် သင်ဘယ်လိုတွေများကြိုးစားမလဲ…

ရုပ်ရှင်မင်းသားကြီး Brad Pitt ကတော့ Mother of Dragons သရုပ်ဆောင် Emilia Clarke နဲ့အတူ ‘Game of Thrones’ episode တစ်ခုကြည့်ခွင့်ရဖို့အတွက် ဒေါ်လာ ၁၂၀,၀၀၀ အထိပေးပြီးလေလံဆွဲခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ပွဲလာသူတစ်ယောက်က ဒေါ်လာ ၁၆၀,၀၀၀ စျေးခေါ်သွားတာမို့ Brad Pitt တစ်ယောက် အဲဒီမဟာအခွင့်အရေးကို လက်လွတ်သွားခဲ့ရပါတယ်။

ဟေတီနိုင်ငံအတွက်ရည်ရွယ်တဲ့ ပရဟိတရန်ပုံငွေပွဲတစ်ခုမှာ အဆိုပါလေလံပွဲကိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Clarke နဲ့အတူရုပ်ရှင်ကြည့်ခွင့်ကို ဒေါ်လာ ၂၀,၀၀၀ နဲ့လေလံဖွင့်ခဲ့ပါတယ်။ Brad Pitt က ဒေါ်လာ ၈၀,၀၀၀ စတင်ခေါ်ဆိုခဲ့ပြီး သိပ်မကြာမီမှာပဲ ဒေါ်လာ ၉၀,၀၀၀ အထိမြင့်တင်လိုက်ပါတယ်။ အဲဒီ movie session မှာ Clarke အပြင် Jon Snow သရုပ်ဆောင် Kit Harington ပါ ပါဝင်ဦးမယ်လည်းဆိုရော Brad Pitt က သူ့ bid ကို ဒေါ်လာ ၁၂၀,၀၀၀ အထိတိုးမြှင့်လိုက်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ Brad Pitt တစ်ယောက် out bid လုပ်ခံလိုက်ရလို့ လာမယ့် weekend မှာ Game of Thrones ကို တစ်ယောက်တည်းကြည့်ရမယ့်ဘဝရောက်သွားခဲ့ပါတယ်။

တကယ်လို့သင်သာ Brad Pitt နေရာမှာဆိုရင် ဆက် bid မလား အဲဒီအခွင့်အရေးကိုလက်လွတ်ခံလိုက်မလား.. သင်ဘာလုပ်မလဲဆိုတာကို Comment Box ထဲမှာရေးသွားခဲ့ကြပါဦး။

Ref: Variety

အမှန်အကန်မျက်နှာပြောင်တဲ့ Kylo Ren Challenge

၂၀၁၈ ခုနှစ်ရဲ့ ပထမဦးဆုံး မျက်နှာပြောင်တဲ့ #challenge ဆုကို #kylorenchallenge ကရရှိသွားခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတာပြောဖို့ဆိုရင် လက်ရှိရုံတင်နေတဲ့ Star Wars: The Last Jedi ကိုညွှန်းမှရပါမယ်။ The Last Jedi ထဲမှာ Kylo Ren (Adam Driver) က Rey (Daisy Ridley) နဲ့ Force ကိုအသုံးပြုပြီး စိတ်ချင်းဆက်စကားပြောခန်းတွေပါပါတယ်။ အဲဒီထဲကမှ အခန်းတစ်ခုမှာ Kylo Ren က အင်္ကျီဗလာ ဘောင်းဘီကိုခါးအထက်အထိဆွဲတင်ထားတဲ့အခန်းတစ်ခုပါဝင်ပါတယ်။ အခု Kylo Ren Challenge ဆိုတာက ရုပ်ရှင်ရဲ့အဲဒီအခန်းထဲက Kylo Ren အတိုင်းဝတ်ဆင်ပြီး Social Media ပေါ်မှာ ပုံတွေတင်နေကြတာဖြစ်ပါတယ်။

ဒီမျက်ခွက်ပြောင်လွန်းတဲ့ဟာကြီးက ဘယ်ကစခဲ့သလဲဆိုရင် အဆိုတော် John Mayer က အဲဒီပုံစံနဲ့ဓာတ်ပုံရိုက်ပြီး #kylorenchallenge ဆိုတဲ့ hashtag နဲ့ သူ့ Instagram စာမျက်နှာမှာတင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ရဲ့ပရိသတ်တွေက ကိုယ်စီကိုယ်စီဓာတ်ပုံရိုက်ပြီးတင်ကြရာကနေ Instagram တစ်ခုလုံး အဲဒါတွေနဲ့ပြည့်ကုန်တာဖြစ်ပါတယ်။ အဲဒီတော့ Kylo Ren Challenge ဆိုတာဘာလဲသိအောင် အောက်မှာဖော်ပြထားတဲ့ပုံတွေကိုသာကြည့်လိုက်ကြပါလို့… စိတ်ဝင်စားရင် ကိုယ်တိုင်ရိုက်ပြီး Facebook ပေါ်တင်လို့ရပါတယ်။ 😜😜😜

#kylorenchallenge

A post shared by johnmayer (@johnmayer) on

My entry for the #kylorenchallenge

A post shared by Brandon McFall (@brandon.mcfall) on

@johnmayer this is my brother #kylorenchallenge

A post shared by first disorder spam (@firstdisorderspam) on

#kylorenchallenge

A post shared by charming.nerd (@charming.nerd) on

ဒါနဲ့ပတ်သက်တဲ့ နောက်ထပ်ပုံတွေမြင်ချင်သေးတယ်ဆိုရင် Instagram မှာ #kylorenchallenge လို့ရှာလိုက်ရုံပါပဲ။

Will Smith ရဲ့ မင်္ဂလာသက်တမ်း နှစ်၂၀ပြည့် အမှတ်တရစကား

မင်းသားကြီး Will Smith က မင်္ဂလာသက်တမ်း နှစ်၂၀ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ဘဝလက်တွဲဖော် Jada Koren Pinkett ကိုရည်ရွယ်ပြီး အချစ်နဲ့အိမ်ထောင်ရေးဆိုတာဘာလဲဆိုတာကို သူ့ရဲ့ Instagram စာမျက်နှာကနေ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အဲဒီ post ကို Will Smith က လွန်ခဲ့တဲ့နှစ် ၂၀ ဒီနေ့ရက်မှာ မင်္ဂလာလျှောက်လမ်းလေးထဲ လက်တွဲပြီးလျှောက်လှမ်းခဲ့ကြတာကို သတိရမိတယ်ဆိုတာလေးနဲ့ အစချီထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ဇနီးသည် Jada ကိုရည်ညွန်းပြီး အောက်ပါရင်တွင်းဖြစ်စကားလေးတွေကို ပြောကြားသွားခဲ့ပါတယ်-

“အဲဒီအချိန်ကစပြီးတော့ အချစ်ဆိုတာဘာလဲဆိုတာကို တဖြည်းဖြည်းချင်းသိရှိလာခဲ့ရတယ်။ ပြောမယ်ဆိုရင် အချစ်ဆိုတာ ဥယျာဉ်တစ်ခုကိုပျိုးထောင်ရတာနဲ့အတူတူပဲ.. နင်နဲ့တွေ့ပြီးတဲ့နောက်မှာ ငါဖြစ်စေချင်တာတွေဆိုတာထက် နင်ဖြစ်ချင်တာတွေကိုအကောင်အထည်ပေါ်လာအောင် ကူညီဖန်တီးပေးတတ်လာတယ်.. အရာရာတိုင်းကို တစ်ကိုယ်ကောင်းဆန်ဆန်လုပ်ပြီးပျော်နေမယ့်အစား နင့်အိပ်မက်တွေကို ကူညီပုံဖော်ပေးရတာကို ပိုပျော်တတ်လာတယ်.. အချစ်ဆိုတာ နားထောင်ခြင်း.. အချစ်ဆိုတာ ပေးဆပ်ခြင်း.. အချစ်ဆိုတာ လွတ်လပ်ခြင်းတစ်ခုပါပဲ။”

အဲဒီ post ကို “မင်္ဂလာနှစ်ပတ်လည်လေးပါ ငါ့ရဲ့ဘုရင်မ! နင်လိုအပ်တာတွေကို ဒီတစ်သက်လုံး ဖြည့်ဆည်းပေးသွားမယ်လို့ ကတိပြုပါတယ်” လို့ဆိုပြီး အဆုံးသတ်ထားခဲ့ပါတယ်။

Congratulation ပါ Will Smith နဲ့ Jada Pinkett Smith.. နောင်လာမယ့်နှစ်တွေမှာ အခုထက်ပိုပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်လေးကို ဆက်လက်တည်ဆောက်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင် ရုပ်ရှင်မင်းသားမင်းသမီးများ

ယမန့်နေ့က TC Candler and The Independent Critics က ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင် ၁၀၀ စာရင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီ list ကို အမျိုးသမီးတွေအတွက် “အလှပဆုံးမျက်နှာပိုင်ရှင် ၁၀၀” နဲ့ အမျိုးသားတွေအတွက် “အခန့်ညားဆုံးမျက်နှာပိုင်ရှင် ၁၀၀” ဆိုပြီး list ၂ ခုခွဲပြီးထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ list တွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်နဲ့မော်ဒယ်တွေကစလို့ အားကစားသမားတွေအထိ နယ်ပယ်စုံက နာမည်ကျော်ပုဂ္ဂိုလ်တွေပါဝင်တာကိုတွေ့မြင်ရမှာပါ။ ဒီဆောင်းပါးမှာတော့ ကမ္ဘာ့အလှပဆုံးမျက်နှာပိုင်ရှင်တွေရယ်လို့ သတ်မှတ်ခြင်းခံရတဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်အချို့ကို သူတို့ရရှိခဲ့တဲ့အဆင့်ရယ် သူတို့ရဲ့ထင်ရှားတဲ့ရုပ်ရှင်ကားတွေနဲ့တကွ ကောက်နှုက်ဖော်ပြပေးထားမှာဖြစ်ပါတယ်။ List အပြည့်အစုံကိုသိရှိလိုတယ်ဆိုရင်တော့ TC Candler ရဲ့ဗီဒီယိုမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

၂၀၁၇ ရဲ့ အလှပဆုံးမျက်နှာပိုင်ရှင် ၁၀၀

14. Emma Watson (Hermione Granger @ Harry Potter series)
22. Gal Gadot (Diana Prince/Wonder Woman @ Wonder Woman, Justice League)
27. Emilia Clarke (Daenerys Targaryen/Mother of Dragons @ Game of Thrones)
33. Margot Robbie (Harley Quinn @ Suicide Squad)
34. Ishihara Satomi (Natsui Makoto @ Rich Man, Poor Woman)
39. Sophie Turner (Sansa Stark @ Game of Thrones)
47. Marion Cotillard (Lilly Bertineau @ Taxi 1, 2, 3)
50. Natalie Portman (Padme Amidala @ Star Wars: Episode III – Revenge of the Sith)
58. Lily Collins (Clary Fray @ The Mortal Instruments: City of Bones)
74. Katherine Langford (Hannah Baker @ 13 Reasons Why)
88. Park Shin-Hye (Cha Eun-sang @ The Heirs)
92. Keira Knightley (Elizabeth Swann @ Pirates of the Caribbean series)

၂၀၁၇ ရဲ့ အခန့်ညားဆုံးမျက်နှာပိုင်ရှင် ၁၀၀

2. Jason Momoa (Arthur Curry/Aquaman @ Justice League, Aquaman)
8. Idris Elba (Heimdall @ Thor, Thor: The Dard World, Thor: Ragnarok)
11. Jensen Ackles (Dean Winchester @ Supernatural)
12. Oscar Issac (Poe Dameron @ Star Wars: The Force Awakens/The Last Jedi)
22. Charlie Hunnam (Raleigh Becket @ Pacific Rim)
32. Zac Efron (Teddy Sanders @ Neighbors)
36. Jamie Dronan (Christian Grey @ Fifty Shades of Grey)
41. Kit Harington (Jon Show @ Game of Thrones)
44. Henry Cavill (Clark Kent/Superman @ Man of Steel, Batman v Superman, Justice League)
59. Chris Hemsworth (Thor @ Thor, Avengers)
65. Tom Hiddleston (Loki @ Thor, Avengers)
69. Chris Pine (James T. Kirk @ Star Trek, Star Trek Into Darkness, Star Trek Beyond)
78. Brad Pitt (John Smith @ Mr. & Mrs. Smith)
81. Yamazaki Kento (L @ Death Note <2015>)
82. Dwayne Johnson (Luke Hobbs @ Fast Five, Fast & Furious 6, Furious 7, The Fate of the Furious)

Movie News

No Comments

Star Wars: The Last Jedi ကို အာကာသထဲမှာကြည့်ခဲ့ကြသူများ

သင် Star Wars: The Last Jedi ကို ဘယ်မှာသွားကြည့်ခဲ့ပါသလဲ။ Star Wars ချစ်သူတွေကတော့ ရုပ်ရှင်ကို အပြည့်အဝခံစားဖို့ အသံစနစ်အကောင်းစားနဲ့ 3D ရုပ်ရှင်ရုံတွေမှာသွားကြည့်ကြမှာပါ။ ပိုက်ဆံခြွေတာချင်သူတွေ၊ ရုံမှာသွားကြည့်ဖို့အဆင်မပြေသူတွေကလည်း အိမ်မှာ cam မှုန်မှုန်ဝါးဝါးလေးကိုကြည့်ကြမှာပါ။ ဒါပေမယ့် သင် IMAX ရုံမှာပဲကြည့်ကြည့်၊ Dolby Atmos ရုံမှာပဲကြည့်ကြည့် International Space Station (ISS) ပေါ်က ယာဉ်မှူးတွေရဲ့ Star Wars movie session လေးကိုမှီမှာမဟုတ်ပါဘူး။

အာကာသယာဉ်မှူး Mark T. Vande Hei က သူအပါအဝင် ISS ပေါ်ကလူတွေရဲ့ ခရစ်စမတ်ညလေးအကြောင်းကို သူ့ရဲ့ twitter စာမျက်နှာကနေတစ်ဆင့် ဖော်ပြထားခဲ့ပါတယ်။ “ကြိုးကုလားထိုင်၊ သောက်စရာ၊ Sci-Fi ရုပ်ရှင်ကားတွေပါဝင်တဲ့ Space Station ပေါ်က movie night” လို့ဖော်ပြထားခဲ့တဲ့ အဆိုပါ tweet ဟာ Star Wars ချစ်သူတွေအတွက်ကတော့ မနာလိုသွားရေကျချင်စရာပဲ။ Epic Space Opera ကို Space ထဲမှာကြည့်ခွင့်ရတာကတော့ တကယ်ကိုလန်းလွန်းပါတယ်။ ကဲ.. Star Wars ချစ်သူတွေ အောက်ကပုံလေးကိုကြည့်ပြီး ငါသာအဲဒီလိုကြည့်လိုက်ရရင်တော့ကွာ ဆိုပြီး စိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်လား။

Movie News

No Comments

Carrie Fisher ကွယ်လွန်ခြင်း တစ်နှစ်ပြည့် လွမ်းဆွတ်တမ်းတသံများ

ယမန်နှစ်ဒီအချိန်မှာ အနုပညာလောကထဲကလူတွေရော ရုပ်ရှင်ချစ်ပရိသတ်တွေပါ ကျွန်တော်တို့ရဲ့ Princess – Carrie Fisher ကွယ်လွန်သွားတာကို ပူဆွေးဝမ်းနည်းနေကြခဲ့ပါတယ်။ အခုဆိုရင်တော့ နာရီစက်ဝန်းတွေလည်ပတ်လို့ ၁ နှစ်တာကုန်ဆုံးသွားခဲ့ပြီး Princess Leia တစ်ဖြစ်လဲ Carrie Fisher ကွယ်လွန်သွားတာ ၁ နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သူမကွယ်လွန်တာ ၁ နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ နယ်ပယ်စုံက သူမကိုချစ်တဲ့သူတွေက သူမကိုအောက်မေ့သတိရကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

Star Wars Original Trilogy ကတည်းက သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့ အနုပညာမောင်နှမဖြစ်တဲ့ Mark Hamill (Luke Skywalker) က “No one’s ever really gone” ဆိုတဲ့စာသားလေးနဲ့ သူမတို့နှစ်ယောက်တွဲဖက်ရိုက်ကူးထားတဲ့ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ ဒီစာသားလေးက ရင်ထဲကိုထိသွားစေတာတော့အမှန်ပါပဲ။

Carrie Fisher ရဲ့ သမီးဖြစ်တဲ့ Billie Lourd ကလည်း သူမမိခင်နှစ်သက်တဲ့ Northern Lights ရှိတဲ့နေရာဆီသွားပြီး သူမမိခင်ကိုအောက်မေ့သတိရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Dictionary ကြီး Merriam-Webster က ‘Princess’ ဆိုတဲ့စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို #CarrieOnForever ဆိုတဲ့ hashtag လေးနဲ့တွဲပြီးဖော်ပြရင်း Carrie Fisher ကို tribute ပေးခဲ့ပါတယ်။

Comic ရေးဆွဲသူ Bill Sienkiewicz ကလည်း Carrie Fisher ရဲ့ Princess Leia အသွင်ကို ရေးဆွဲပြီး သူမကိုအောက်မေ့သတိရကြောင်းဖော်ပြခဲ့ပါတယ်။

DeviantArt ကလည်း အောက်မှာဖော်ပြထားတဲ့ Carrie Fisher ရဲ့ပုံကိုတင်ပြီး သူမဟာဘယ်တော့မှ အဝေးကိုထွက်သွားမှာမဟုတ်ဖူးလို့ ဖော်ပြခဲ့ပါတယ်။

Carrie Fisher ကတော့ သူမဆန္ဒရှိခဲ့တဲ့အတိုင်း လရောင်အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အိပ်စက်နေပါပြီ။ ဒါပေမယ့် သူမကိုချစ်တဲ့သူတွေရဲ့ရင်ထဲမှာတော့ Princess Leia ရဲ့ပုံရိပ်ကအမြဲရှိနေမှာပဲဖြစ်ပါတယ်။